နိဒါန်း

390 35 2
                                    

မှောင်မဲနေသည့်အခန်းကျဉ်းလေးသည် တကိုယ်တည်းနေဖို့အတွက် အသင့်တော်ဆုံးအရာဖြစ်ပေလိမ့်မည်...
စားပွဲသေးသေးလေးပေါ်တွင် တင်ထားသော ရေနံဆီမီးအိမ်လေးမှအလင်းရောင်သည်သာ အခန်းထဲရှိအရာများကို ခပ်မှိန်မှိန်လေးမြင်စေသည်..
ကြက်ခိုးတွေက အက်ကွဲနေပြီဖြစ်သော မျက်နှာကျက်ပေါ်တွင်တွဲလောင်းခိုနေသည်..
အနီရောင်သားရေပတ်ဖြင့် ဖုံးထားသော ဒိုင်ယာရီစာအုပ်လေးသည် ဖုန်တလောင်းလောင်း
ထနေသည့် ပရိဘောဂများကြားတွင် တောက်ပသယောင်ဖြစ်နေသည်..
ထိုဒိုင်ယာရီစာအုပ်လေး၏ အပေါ်တွင် ချွန်ထက်သောအရာဖြင့် ရေးထွင်းထားသော စကားလုံးတခုမှာ သားရေပတ်အဖုံးပေါ်တွင် မသိမသာရှိနေသည်..

Jakah's

သားရေပတ်အဖုံးပေါ်ရှိ ထိုစကားလုံးကို သူ၏ဖြူလျသော လယ်ချောင်းသွယ်သွယ်လေးဖြင့် လိုက်ထိနေသည်..စာအုပ်တင်သော စားပွဲပေါ်တွင် ခေါင်းလေးမှီကာ သူသည် ဟောင်းနွမ်းနေပြီး အမွှားများထွက်နေသည့် ကော်ဇောပေါ်တွင် ထိုင်နေသည်..

Jakah..မင်းဘယ်မှာလဲ

အလွတ်ရနေပြီဖြစ်သော နူးညံ့ပြီးချိုသာသည့်အသံလေးက သူ့ခေါင်းထဲကိုဝင်လာတော့ သူခေါင်းထောင်လိုက်သည်..

Jakah ကိုယ်မင်းကို ပြောစရာရှိတယ်

သူ ရင်လှပ်သွားသည်..ငွေရောင်ဆံသားရှည်လေးကို သူ နဖူးပေါ်လှန်တင်လိုက်ပြီး..

အင်း Heli ပြောလေ

တဖက်တွင် ရုတ်ချည်းတိတ်ဆိတ်သွားသောကြောင့် သူ စိတ်ပူသွားသည်..Heli သည် အရင်ကလို အသံမဟုတ်တော့ဘဲ သူထင်သလောက် သူ၏အသံသည် မှေးမှိန်နေကာ တခုခုကိုအလေးအနက်တွေးနေသည့်ပုံစံ..

Heli..

Heli!! တခုခုဖြစ်လို့လားဟင်?

သူ့အသံသည် အပြင်သို့မထွက်နိုင်သည့်တိုင်အောင် ဆက်သွယ်မှုကြားခံနယ်ပယ်ရှိ လှိုင်းလေးများပင်သိနေပေလိမ့်မည်..
သူ့အသံသည် Heli ၏ ခေါင်းထဲတွင် ဟိန်းကနဲထွက်လာမည်ကိုပင်..

Jakah..

နွမ်းလျနေသော သူ့အသံအားဖြစ်ပေါ်စေသည့် အဓိကရင်းမြစ်ကို မသိသည့်တိုင်အောင် Jakah အဲ့ဒီရင်းမြစ်ကို အမြစ်ကနေ ဆွဲနုတ်ချင်နေပြီ..

Jakah ဟုခေါ်သော သူ၏အသံသည်ပင် ရင်ထဲတွင် အပူများတိုးစေသည်ပင်..

Jakah..သူမရောက်လာပြီ..

သူမ..ကိုယ့်ဘယ်လိုကြီးမှန်းသိခံစားနေတယ်..Jakah..

စူးကနဲ့အောင့်တက်သွားတဲ့ အမည်မသိခံစားချက်ကြီးက Jakah ကို ကော်ဇောခင်းပေါ် ပုံရက်သား ထိုင်စေလိုက်သည်..

အရုပ်ကြိုးပျက် ထိုင်ကြလိုက်တဲ့ Jakah ရဲ့စိမ်းဖန်ဖန်မျက်ဝန်းတွေက အသက်မဲ့သွားသလို..

သူမ...

နောက်ကျသွားပြီ..

ကျွန်တော်နောက်ကျသွားသည်..

ဆက်သွယ်ရေးကြားခံနယ်ကြီး ရုတ်တရက်ပြတ်တောက်သွားသလို..

Heli အား တမျိုးမည်ခံစားစေည့် သူမ..

Jakah တို့ဖွဲ့လုံးရဲ့ ကယ်တင်ရှင်ဖြစ်လာည့်သူမ..

သူမဆိုည့် ထိုလူသားအား..

Jakah ရင်ထဲတွင် အမုန်းစိတ်များအားစတင်ပွားစေခဲ့သည်..

--------

the new fic inspired from the characters from dark moon

You've reached the end of published parts.

⏰ Last updated: Jun 26, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်၏အရံတော်(Heewon)Where stories live. Discover now