1

130 18 8
                                    

1 days

ဒီနေ့ကသောကြာနေ့ဖြစ်သည်။  သူ့ရဲ့နေ့စဉ်ဘဝဟာလည်း ပုံမှန်အတိုင်းပဲ။ မနက်(၈)နာရီဆိုအလုပ်သွားတယ်။ ရုံးမှာလည်း လုပ်စရာရှိတဲ့အလုပ်တွေအကုန်လုပ်တယ်။ သူ့ရာထူးအခြေအနေကို သူကိုယ်တိုင်နားမလည်ပင်မယ့် နေရထိုင်ရလုပ်ရကိုင်ရတာ ကောင်းသည်မို့ သူဘာအထွန့်မှမတက်ပေ။ လစာလည်းကောင်းသည်။

သူတို့companyမှာ သူအသိဆိုလို့ တစ်ယောက်မှမရှိပေ။ အကုန်လုံးကအပေါင်းအသင်းများချင်လို့ လာလာပေါင်းပင်မယ့် ကြာကြာမခံ။ ဘယ်ခံမလဲ သူကပျင်းရိစရာကောင်းပြီးအေးစက်စက်ကြီးကို ဒါကိုသူကိုယ်တိုင်လည်းသိတာမို့။ သူ့ကို အပေါင်းအသင်းလုပ်ကြရအောင်ဟု လာပြောပြီး ၃ရက်လောက်နေရင် ရှောင်ဖယ်သွားတဲ့သူတွေကိုလည်း သူအပြစ်မတင်ပေ။

နေ့လည်(၁၂)နာရီဆိုနေ့လည်စာစားဖို့နားချိန်။ အလုပ်လုပ်နေတာကိုရပ်ပြီး company canteenကို သူသွားလိုက်သည်။ canteenမှာ လူသိပ်မများသေးပေ။ ဘာကြောင့်ဆို ကျန်တဲ့လူတွေထဲမှာ အချိန်အတိကျဆုံးက သူတစ်ယောက်တည်းပင်။ ဘာလို့ဆို တစ်ချို့လူတွေက အထက်လူကြီးရဲ့အရိပ်အကဲကိုကြည့်ကြတယ်။ သူကတော့ မကြည့်ပေ။ အများစုကတော့ သူ့ကို လူမှုရေး ခေါင်းပါးသည်ဟုထင်ချင်ထင်လိမ့်မယ်။ အထက်လူကြီးကိုလည်း သူမျက်နှာချိုမသွေးတတ်ပါ။ သူရဲ့ခံယူချက်က လုပ်စရာရှိတာလုပ်မယ်။ ရတဲ့လစာကိုပဲစိတ်ဝင်စားရမယ်။ နောက်ပြီး လစာပေးတာ အထက်လူကြီးမှမဟုတ်ပဲ Company CEOလေ မဟုတ်ဘူးလား ဘာပဲဖြစ်ဖြစ် သူတွေးတာမှန်သည်။

ဒီcompanyမှာ အထပ်ပေါင်း(၅)ထပ်ရှိသည်။ (၃)ထပ်မှာတော့ ဝန်ထမ်းတွေအတွက် canteenထောင်ထားပေးတာဖြစ်သည်။ သူကတော့ (၄)ထပ်မြောက်မှာ အလုပ်ဆင်းရသည်။  ထူးဆန်းတာက အဲ့အချိန်တွင် သူ့ဘေးနားမှာ လူရှိလာသည်။ ဒီနေ့ကျမှ ထူးထူးဆန်းဆန်း ယောကျာ်းလေးတစ်ယောက် သူထိုင်စားသည့်ခုံမှာပဲ ယူလာသော ထမင်းပန်းကန်ကိုချကာ လာထိုင်စားသည်။ ဘေးပတ်လည်ကိုကြည့်ကြည့်တော့ ဘယ်သူမှမရှိပေ။ တကယ်လည်းဘယ်သူမှမရှိတာကို ဒီလူ ဘာလား လို့ သူတွေးနေပင်မယ့် ကြာကြာမဟုတ်ပါဘူး။ လူပဲ စားချင်တဲ့နေရာမှာလာစားမှာပေါ့။ တိုက်ဆိုင်သွားတာလည်းဖြစ်နိုင်တယ်လေ ဟု ‌အတွေးစကိုဖြတ်ပြီး စားစရာရှိတာစားလိုက်သည်။

ပုံပြင်လေးက "30 days" ပုံပြင်လေးက "30 days"Where stories live. Discover now