Ep_6

384 74 0
                                    

''ဘာလဲ? ?ဘာဖြစ်တာလဲ ''

ကြောက်လန့်နေသော မျက်နှာအမူအရာဖြင့်ဆောနူမေးလိုက်သည် ။ဆောင်ဟွန်းကပြန်လည်မဖြေပဲ တံခါးကို သာအားစိုက်ဖွင့်နေသည် ။တံခါးက လုံးဝပွင့်မည့်ပုံမပေါ်ပေ..

''ကောင်းရော! တံခါးကိုမဖွင့်နိုင်ဘူးလား? ''

''lock ကျနေတယ် ''

အရေးမပါတဲ့ ကံတရားက တော့ ဆောနူကိုအခန်းသေးသေးလေးထဲမှာ စိတ်ပျက်စရာ ကောင်းတဲ့ လူတယောက် နဲ့ပိတ်မိနေစေသည်

''ဘယ်လို? မဖြစ်နိုင်ဘူး! ငါဘယ်တုန်းက မှ လော့မကျဖူးဘူး ''

ဆောင်ဟွန်းတံခါးကို ထုရင်း အသံပြုကာ အကူညီ ခေါ်သော်လည်း မည်သူမှ မရှိနေသောကြောင့် အလုပ်မဖြစ်ပေ ။

PE ချိန်မှာဆောင်ဟွန်းပျောက်နေကြောင်းကိုတစ်စုံတယောက်က သတိပြုနိုင်မှသာလျှင် သူအကူညီရနိုင်တော့မည် ။
ဆောင်ဟွန်း စိတ်ပျက်စွာသက်ပြင်းချလိုက်သည် ။

''ဒါတွေအကုန် မင်းကြောင့်! !''

ဆောနူ မယုံနိုင် စွာ ဝိုင်းစက်နေသောမျက်လုံးများဖြင့်ကြည့်ရင်း...
''ငါဖြင့်ဘာမှမလုပ်ဘူး ဘယ်လိုဖြစ်ပြီး ငါ့အမှားဖြစ်ရတာလဲ? ငါရှိရှိ မရှိရှိ မင်းကဒီမှာပိတ်မိနေမဲ့ကံကိုပါတာ ငါ့ကိုလာပြီးအပြစ်တင်မနေနဲ့''

''ငါမင်းကို သာမတွေ့ခဲ့ရင် ဒီနေရာမှာ
ကြာကြာနေမှာမဟုတ်ဘူး
ချက်ချင်း ပြန်ထွက်ပြီးဒီလိုပိတ်မိနေမှာလည်းမဟုတ်ဘူး ''

ဆောနူ မယုံနိုင် စွာရယ်ရင်း...

''ငါမင်းကိုမယုံဘူး ''

''ဒါဆိုလည်း..မယုံနဲ့ ပေါ့ ''

ဆောင်ဟွန်း တခုတွေးမိသွားပြီ ။

''မင်းဖုန်း ?မင်းမှာရှိတယ်မလား တစ်ယောက် ယောက်ကိုခေါ်လိုက် ''

ဆောနူဒီဟာကို ငါဘာလို့မတွေးမိပါလိမ့် လို့ပင် ဖြစ်နေရင်းမှာပင် သူသသိရသွားသည် ။
ကျောင်းရဲ့ လိုင်းမမိတဲ့နေရာ....ဖြစ်နေသည်

''ငါဒါကိုမစဥ်းမိဘူးလို့မင်းထင်နေလား? ဒီမှာလိုင်းမမိဘူး ငတုံးးး...... ''

Nerds(sunsun_burmese trans)Where stories live. Discover now