အတန်းခေါင်းဆောင် ဆောင်ဟွန်း အိမ်သို့သွားရောက်ရန်အတွက်...
ဆောနူနဲ့ ဆောင်ဟွန်း တို့ ဘက်စ်ကားမှတ်တိုင်တခုမှာ ရပ်စောင့်လျက်ရှိသည်
နှစ်ယောက် စလုံး စကားတခွန်းမှမပြောမိသည်မှာ ဘက်စ်ကားရောက်ရှိလာသည်အထိပင်ဖြစ်သည် ။
ကံဆိုးစွာနဲ့ ဘက်စ်ထဲမှာ ထိုင်ခုံမလပ်...
ခရီးသည်များပြားလှသောကြောင့်သူတို့နှစ်ယောက်လုံးမတ်တပ်ရပ်လိုက်ပါကြရသည်လူအရမ်းကျပ်သောကြောင့် ဆောနူနဲ့ဆောင်ဟွန်းက ထောင့်လေးတခုမှာကပ်ရင်းအတူရပ်စီးရသည် ။
''အဲ့ကို ရောက်ဖို့ ဘယ်လောက်
ကြာအုံးမလဲ? ''ဆောနူ လူကြပ်တည်းမှုကိုသည်းမခံနိုင်စွာမေးလိုက်သည် ။
''၁၅မိနစ်လောက် ''
တဖြေးဖြေး လူက ပိုကျပ်လာပြီးဆောနူနဲ့ ဆောင်ဟွန်းအကွာအဝေးကလည်း အတော်ကိုနီးကပ်လာရသည် ။ မျက်နှာ ချင်းဆိုင် ရပ်နေတာကြောင့် ကားကတခါယိမ်းတိုင်း ဆောနူ ထက် ခေါင်းတလုံး သာသာလောက်မြင့်တဲ့ ဆောင်ဟွန်း ရင်အုပ်သည် ဆောနူနဲ့ လာလာထိနေသည် ။
ဒါက နှစ်ယောက် လုံးအတွက် ပထမ ဆုံး အနေနဲ့ အသားချင်း ထိဖူးကြတာမို့စိတ်ရူပ်မိသည် ။
''ဟိုဘက်နဲနဲတိုးလို့ရမလား? ခဏခဏတိုက်မိနေတယ်လေ ''
ဆောနူအနေရခက်မှုကြောင့်အနည်းငယ်နီရဲနေသောမျက်နှာထားကိုမဖုံးကွယ်နိုင်ဘဲအတွန့်တက်မိလိုက်လျှင်...
''ငါသာတိုးလို့ရရင်တိုးမှာပေါ့ မင်းအနားကပ်နေမယ်ထင်လို့လား? ?''
စပြန်ပြီ...သူတို့ ထပ်ပြီး
စကားများကြပြန်သည် ။''မင်းပါးစပ်ပိတ်လိုက်တော့ ကင်မ်ဆောနူ...
ငါတို့ အခြေနေကိုမင်းကပဲ ထူးဆန်းအောင်လုပ်နေပြီး ရှက်နေတာပဲ ''တော်တော် နီးနီးမှာရပ်နေတဲ့ ပန်းရောင် ခေါင်း လေးရဲ့ မျက်လုံး တွေကိုတည့်တည့်ကြည့်ရင်းဆောင်ဟွန်းတည်ငြိမ်စွာပြောလိုက်သည် ။
''ငါကဘာလို့ရှက်ရမှာလဲ..မင်းလိုငတုံး....''
ဆောနူစကားဆုံးအောင်မပြောနိုင်...
ဘက်စ်ကရုတ်တရက်ဘရိတ်အုပ်တာကြောင့်ဆောနူ လဲကျလုနီးနီး ဖြစ်သွားခြင်းကြောင့်ပင် ။
YOU ARE READING
Nerds(sunsun_burmese trans)
Fanfictionoriginal by @zerasobie trans by @moanajone (this story isn't my own and original author is @zerasobie .you can support the original from there .i 've also got permission to translate from author nim.So please enjoy with me. start - 221026 end-