Love Diary (One Shot)

475 50 12
                                    

[Unicode]

Yoshinori ဒိုင်ယာရီ  [ 12နှစ်-8နှစ် ]

(အဆိုးလေး Kim Doyoung က ငါ့ကိုတစ်ယောက်တည်း Skate ပေးမဆော့ဘူး......grr)

ကျွန်တော်ပထမဆုံး Doyoung ကိုစတွေ့တုန်းက သူက ရှစ်နှစ်သားလေး ။
ကျွန်တော်ကတော့ ဆယ့်နှစ်နှစ်အရွယ် အလယ်တန်းကျောင်းသား လူပျိုပေါက်စလေးပေါ့ ။
Doyoung တို့အိမ်နဲ့ ကျွန်တော်တို့အိမ်က တစ်အိမ်ကျော်ပဲခြားတာဗျ ။
ကျွန်တော့်အမေက ရပ်ကွက်ထဲမှာတော့ လူတိုင်းကိုကူညီပေးတတ်ပြီးသဘောမနောကောင်းသူဆိုတော့ အားလုံးကချစ်ခင်လေးစားကြတာပေါ့......။
Doyoung တို့မိသားစု ကျွန်တော်တို့ရပ်ကွက်ထဲကို စပြောင်းလာတော့ အမေကအစစအရာရာဝင်ကူညီပေးတာနဲ့ပဲ  ကျွန်တော့်အမေနဲ့ Doyoung အမေနဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေလို အိမ်ထဲတံခါးမရှိဓားမရှိဝင်ထွက်လို့ရတဲ့အထိ အရမ်းခင်သွားကြတာပေါ့.......။
ကဲ.....အမေတွေ အခန်းကဒီမှာတင်ရပ်ပြီ.....။

ကျွန်တော်ပြောချင်တာက Kim Doyoung ရဲ့ ကျွန်တော့်အပေါ်မှာ ငယ်ငယ်ထဲကဘယ်လိုဆိုးသွမ်းပြီးဗိုလ်ကျအနိုင်ယူပစ်သလဲဆိုတာကိုပါ။

Doyoung ကလေ အသက်ရှစ်နှစ်သာပြောတာ ပါးမို့နီတာရဲလေးကအမြဲတမ်းဖောင်းနေပြီး
Body ကပြည့်ပြည့်လေးနဲ့အရမ်းချစ်ဖို့ကောင်းတဲ့ကလေးဗျ။

ကျွန်တော်သူငယ်ချင်းတွေနဲ့အတူ စကိတ်စီးလေ့ကျင့်တော့မယ်ဆိုတာ သူကြိုသိသွားလို့
သူကအမေ့ကိုအရင်ဦးဆုံးလှမ်းပြောပြီးခွင့်တောင်းတယ်

" အန်တီ....သား Yoshi Hyung နဲ့ လမ်းထိပ်က ကစားကွင်းမှာအတူတူဆော့ချင်တယ် ''

"အာ.....သား မသွားချင်ဘူးမေမေ....သားအရွယ်က ကစားကွင်းထဲမှာ လျှောစီးရတော့မယ့်အရွယ်မဟုတ်တော့ဘူး ''

ကျွန်တော်ငြင်းလည်းအလကားပါပဲ အမေ့ရဲ့
" လိမ်မာပါတယ်သားရယ်..... ညီလေးတစ်ယောက်ထဲ အဖော်မရှိလို့ အမေတို့အိမ်ဘက်ကိုကူးလာတာပဲ...လိုက်ပို့ပေးလိုက်ပါသားရယ် ''
ဆိုတဲ့စကားကို သူမလွန်ဆန်ချင်ပေ။

ကစားကွင်းထဲ သူဆော့နေတာကို ကျွန်တော်စိတ်မပါပဲစောင့်ပေးနေတော့ သူကပြုံးပြပြီး

You've reached the end of published parts.

⏰ Last updated: Dec 08, 2022 ⏰

Add this story to your Library to get notified about new parts!

Love Diary (One Shot) Where stories live. Discover now