Unicode
Hidden:Masked Boy
" ဝမ်ရိပေါ်ဟာ ရှောင်းကျန့်အတွက် သူ၏ မျက်နှာဖုံးအား ချွတ်ခဲ့ချိန်မှာ ရှောင်းကျန့်ကတော့ သူ၏ မျက်ဖုံးလှလှလေးအောက် ဝမ်ရိပေါ်အား တစ်စဆီ ဖျက်စီးသွားခဲ့ပြီ။"
~~~~~~~~~~~~~~~~~~~~~~
ဖန်ခွက်နှုတ်ခမ်းပါးမှ တစ်ဆင့် လျှံကျလာသည့် ရေများသည် ရိပေါ်၏ အင်္ကျီလက်အနားစတွင် စခန်းချလို့ ရေပေါက်ငယ်လေးများ အဖြစ် ရီးလေးခိုနေသည်။
များစွာသော ရေများဖိတ်စင်နေခြင်းကြောင့် ရေသန့်စက်မှ အလိုအလျောက် အချက်ပေးနေသည့်တိုင် ရိပေါ်၏ ပြန့်ကျဲနေသော အာရုံတို့မှာ ပေါင်းစည်းခြင်းမရှိ။
ကြောင်ငေးမိသော အကြည့်တို့မှာ ရောက်တတ်ရာရာ။
ကယောင်ကတမ်း သူ၏ ကျောပြင်အား စမ်းမိတော့ ရွှဲနစ်နေသော ချွေးတို့။"မဟုတ်လောက်ပါဘူး။
အိမ်မက်တစ်ခုပဲဟာ။
ရှောင်းကျန့်ကတော့.....မဟုတ်လောက်ပါဘူး"မျက်လုံးကို စုံမှိတ် ခေါင်းတွေကို ခါရမ်းပစ်ရင်း သံသယနယ်မြေအတွင်းသို့ ခြေကျွံစပြုနေသော အတွေးတို့အား ဖြောင်းဖျရပြန်သည်။
မှောင်မဲနေသော အခန်းကျယ်။
သန်းခေါင်ကျော်နေသော ထိုည။
မိမိကျောပြင်တွင် စိုက်ဝင်နေသော ဓါးတစ်လက်အား ပြန်မြင်ယောင်မိတိုင်း နွေကန္တယ၏ ခရီးသည်လို၊နှစ်ပေါင်းများစွာ အထီးကျန်ခဲ့ရသည့် သူ့အတွက် ပထမဆုံးအနေဖြင့် ငါ တစ်ယောက်တည်းမဟုတ်ပါလားဟု အတွေးမျိုးတွေးမိစေခဲ့ သူမှာ ရှေ့နေရှောင်းကျန့်ပင်။
ရာဇဝတ်သားပါလို့ အများစု သမုတ်နေကြစဥ် ကမ်းလက်တစ်စုံလှမ်းလို့ သူ၏ ယုံကြည်ချက်အား အပ်နှင်းခဲ့သော ထိုယောက်ျားအား ရိပေါ် တိမ်းညွတ်မိခြင်းမရှိဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။
အခေါက်ပေါင်းများစွာ တွန်းထုတ်ခဲ့ပေမယ့် ၊
သံသယအဆိပ်ကိုသာ အကြိမ်ကြိမ်သွန်းလောင်းလို့ မိမိနှလုံသားအား ပျိုးထောင်ခဲ့ပေမယ့်
မေတ္တာမရခဲ့ဖူးသည့် ရိပေါ်၏ ပျော့ကွက်ဟုသာ အပြစ်ဖို့ပါတော့ ။
YOU ARE READING
Caligari(Complete)
FanficYou are the 𝙡𝙖𝙠𝙚, the 𝙨𝙩𝙖𝙧𝙨, the 𝙢𝙤𝙤𝙣? Ethereal music's soulful tune Princess of the glacial water Nevermore a lover, daughter In death, your voice will soar the plains Sing for me those sad refrains Graceful swan, my deep regret you ne...