Chapter.1

772 66 2
                                    

တစ်ယောက်ယောက်ဆီက စာလေးတစ်စောင်ရောက်လာစေဖို့ မင်းစောင့်နေခဲ့ဖူးလား.....

စောင့်နေခဲ့ဖူးရင် ဒီခံစားချက်က ဘယ်လိုခံစားရလဲဆိုတာ မင်းသိပါလိမ့်မယ်.....

ည ၁၁နာရီ ၅၅ မိနစ် နောက်၅မိနစ်ပြီးရင် Jinရဲ့ အသက်၂၀ ပြည့် မွေးနေ့ရောက်ပြီ။

ဒီနှစ်တော့ ၁၂နာရီထိုးတာနဲ့ ရောက်လာမယ့် BD wishကိုမျှော်နေမိသည်။ ၁၂နာရီကျော်မှာ Mary နဲ့ Jay ရယ် ကျောင်းက သူငယ်ချင်းတချို့ဆီကလွဲရင် မျှော်နေသူဆီက BD wish ရောက်မလာခဲ့ အတော်ပင်ဝမ်းနည်းသွားသည်။

ဒီနှစ်က အသက်နှစ်ဆယ်ပြည့်မွေးနေ့လေ ဆယ်ကျော်သက် အချိန်တွေကုန်ဆုံးသွားပြီ သူမျှော်လင့်မိတာပေါ့။

သူမျှော်နေသူ မွေးနေ့တုန်းက ပထမဆုံး wish‌ ပေးသူဖြစ်ခဲ့သည်။

သူအပြန်လှန် အတုံ့လှည့်တွေ တွယ်ကပ်နေတာမဟုတ်ပေမယ့် ကိုယ့်အတွက် အရေးကြီးသူဆီ အသေးမွှား ကိစ္စလေးက အစ ဂရုတစိုက်လိုချင်သည်ပင်။

တကယ်ပဲ သူက သူ့အတွက် အရေးမပါဘူးလား ရင်ထဲ နေလို့မကောင်းတော့ ည၂ကျော်ထိ စောင့်နေခဲ့ပါတယ်။

မျှော်နေသူဆီက ရောက်မလာခဲ့ တခြားသူ‌များဆီက messageအများကြီး လက်ခံရရှိဖို့ မျှော်လင့်မထားပေမယ့် သူ့ဆီကတော့ မျှော်လင့်ထားတာ မဟုတ်လား။

ခင်မင်ခဲ့တာနှစ်တွေဘယ်လောက်ကြာပြီလဲ တစ်ယောက်တည်း စိတ်ထိခိုက် ကြေကွဲသွားသည်။

message မရတဲ့ အဆုံးတော့ Jinအိပ်ပျော်ဖို့ကြိုးစားလိုက်သည်။

ရင်ထဲမကောင်းလို့ တော်တော်နဲ့ အိပ်မပျော် မနက်လည်း အစောကြီးနိုးနေမိသည်။
နိုးနိုးချင်းလည်း သူ ဖုန်းကောက်ကိုင်မိသည်။
သူ့ဆီက wish ရှာမိသည်။ ခုထိလည်း ပို့မထား။

ခဏတော့ ငိုင်နေမိသည်။ ငိုင်နေလို့မဖြစ် ကျောင်းသွားရမည်။ မေမေပြင်ပေးတဲ့ မွေးနေ့အထူး မနက်စာကို စားခဲ့ပြီး ကျောင်းထွက်လာခဲ့လိုက်သည်။

မွေးနေ့မနက်ခင်းမှာတော့ ကျောင်းကိုရောက်ရောက်ချင်း BD cakeလေးနဲ့ Mary က BD wishပေးခဲ့သည်။

DEAR (Friend)Where stories live. Discover now