ဒီလိုပျော်စရာကောင်းတဲ့ အချိန်တွေ ကုန်ဆုံးရင်း ဘယ်ချိန်ကစ သူတို့ဆီမှာ အချစ်ဟာ ပေါ်လာခဲ့ တာလဲ သေသေချာချောတော့လည်းမသိ....
သူသိချိန်ဟာ ချစ်နေနှင့်ပြီးပြီပဲ......
အဲသည်နေ့ကအထက်တန်းနောက်ဆုံးနှစ်ရဲ့နေ့များထဲက နေ့တနေ့ဖြစ်သည်။
ကျောင်း activitiesအတွက် သူတို့ gpဖွဲ့ကာ လုပ်ဆောင်ကြစဉ် Jin နဲ့ Jungkook တစ်ဖွဲ့တည်းအတူကျသည်။ စီနီယာ ဂျူနီယာပေါင်းဖွဲ့သောကြောင့် Jay တို့နဲ့တော့ gp မတူကြပေ။ သူတို့gpမှာ ဂျူနီယာ ကောင်လေးတွေရော ကောင်မလေးတွေပါ ပါကြသည်။Angelဆိုတဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးလည်း ပါဝင်ခဲ့သည်။
Angelဆိုတဲ့ ဂျူနီယာကောင်မလေးဟာ တော်တော်ကိုချစ်ဖို့ ကောင်းသည့်အထဲတွင်ပါသည်။
ကျောင်းမှာလည်း လူတိုင်းလိုလိုသိကြတဲ့ popularဖြစ်သူ တစ်ယောက် ဖြစ်သည်။
Angelဟာ ချစ်ဖို့ကောင်းသည့် အလျှောက် လူချစ်လူခင်ပေါသော ကောင်မလေး တစ်ယောက်ဖြစ်တာကြောင့် သူ့မှာ ခင်မင်သူတွေ မနည်းပေ။
အစဦးဆုံးနေ့မှာတင် အချင်းချင်း မိတ်ဆက်လိုက်ကြပြီး အသီးသီး လုပ်ဆောင်စရာရှိတာတွေ စလုပ်ဆောင်ခဲ့သည်။
တစ်ကျောင်းတည်းသားချင်းမို့ တစ်ယောက်နဲ့ တစ်ယောက်တော့ စိမ်းမနေကြပေ။
Jinနဲ့ Jungkook အတူတူဆေးဖျော်နေရင်း စနောက်နေကြသည်။ အဲ့ဒီချိန်မှာပဲ Angelက စလာပြောခဲ့သည်။"အကိုJungkook နံရံပန်းချီ အတွက် ညီမတို့ အတူဆွဲကြမလား"
"ဟင်"
JungkookဟာJinဘက်လှည့်ကြည့်လာသည်။Jinက
"မင်းတို့ အတူဆွဲရင် ဆွဲလိုက်လေ ဆေး
တွေလည်း ဖျော်ပြီးပြီပဲကို ငါဟိုဘက်မှာသွားကူလိုက်မယ်"ပြောပြီးပြီးချင်း Jinက ထကာသွားသည်။
Jinက ထသွားပြီး ပြုံးကာ စိတ်ထဲ၌ တွေးနေမိသည်။
ကျောင်းက အလှလေးနဲ့ JungKookကို ဟိုကောင်တွေကို ပြန်ပြောပြီးစရဦးမည်။သူဟိုဘက်ရောက်သွားပြီး ပြန်လှည့်ကြည့်ချိန်မှာတော့ သူတို့ စကားပြောနေကြသည်။
YOU ARE READING
DEAR (Friend)
Fanfictionမျက်လုံးလှလှလေးတွေနဲ့ကောင်လေးကို စတွေ့တုန်းက ဒီလောက်ထိ ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး...