"ကိုကို!!!နိုးပီလား...ကိုကိုရေ!!!"
အော်ခေါ်ရင်းယွန်းဂီအခန်းထဲဝင်ကာကုတင်ပေါ်မှာယွန်းဂီကိုအမျိုးမျိုးကလိပီးနှိုးနေတယ်လေ...
"ကိုကို!!!ထတော့.."
"နိုးပီ!!!ဂျီလေး...မင်းကလေမနက်အစောကြီးပဲရှိသေးတယ်..သူများအိမ်လာလည်နေတာလား"
"ကိုကိုကလဲဆူဖို့ကြီးပဲ...အဲ့တာကြောင့်ကိုကို့ကိုအသက်မကြီးလာစေချင်တာ..."
"လာ...သွားကြမယ်...မုန့်သွားဝယ်စားကြမယ်...ကစားကွင်းလဲသွားကြမယ်လေ"
"အင်း..ကောင်းတယ်...ကိုကို ကစားကွင်းကိုတူတူသွားကြမယ်...ကိုကိုလဲလိုက်ခဲ့နော်.."
"လိုက်မှာ"
"ရေးးးး"
ပြုံးပျော်ပီးမျက်လုံးတွေပျောက်နဲ့ထိရယ်လိုက်တယ်...ထိုကောင်လေးကပတ်ခ်ဂျီမင်းဖြစ်ပီးကိုကိုဆိုတဲ့ကောင်လေးကမင်ယွန်းဂီတဲ့...သူတို့ကမိဘတွေသူငယ်ချင်းဖြစ်တဲ့အပြင်သူတို့ကလဲရင်းနှီးတယ်လေ...၂ယောက်လုံးကတယောက်ကိုတယောက်သိပ်ကိုသံယောဇဉ်ကြီးရှာတာပေါ့...ဂျီမင်းကတော့အမေတယောက်ပဲရှိတော့တယ်...သူတို့ကအိမ်ချင်းကပ်ပဲနေကြတယ်...မင်ယွန်းဂီကတော့ငယ်ငယ်ထဲကခပ်တည်တည်ပဲနေပီးဂျီမင်းနဲ့မှအရယ်အပြုံးလုပ်တဲ့ကောင်ချောလေးဆိုပါတော့..ဂျီမင်းကတော့လူတကာနဲ့ပေါင်းသင်းတတ်ပီးအရမ်းချစ်ဖို့ကောင်းတဲ့ကောင်လေးလေ...သူတို့က၅နှစ်ကွာကြတယ်..အခုဂျီမင်းလေးက၅နှစ် လူကြီးပေါက်စမင်ယွန်းဂီကတော့၁၀နှစ်ပေါ့...ယွန်းဂီဆိုတာဂျီမင်းတခုခုလိုရင်ချက်ချင်းလုပ်ပေးလိုက်ရမှ..ဂျီမင်းကိုတယောက်ယောက်ကတခုခုလုပ်ရင်ချက်ချင်းရန်သွားရှာရမှကျေနပ်တဲ့၁၀နှစ်ကလေးလေ...ဒီနေ့တော့သူတို့နောက်ဆုံးပျော်ရမယ့်နေ့ပေါ့..ညနေခင်းမှာယွန်းဂီတို့မိသားစုကနိုင်ငံခြားသွားကြတော့မှာလေ...ဂျီမင်းကတော့ကစားကွင်းမှာဆော့လိုက် မုန့်စားလိုက်နဲ့ယွန်းဂီနဲ့တူတူပျော်နေတယ်..သူတို့အိမ်ပြန်ရောက်တော့လေယာဉ်ချိန်တောင်နီးနေပီလေ..တကယ်ဆိုမိနစ်၃၀ကျော်လောက်လိုပါသေးတယ်...
Mrs min-ကျွန်မတို့သွားကြမယ်လေ...တော်ကြာနောက်ကျနေဉီးမယ်
Mr min-အင်း
YOU ARE READING
သူသာလျှင်...