4

63 10 0
                                    

jm-နင့်ကိုငါကအကုန်ပြောပြနေရအောင်နင်ကငါ့သူငယ်ချင်းမှမဟုတ်တာ...မပြောပြနိုင်ဘူး..

ယွန်းဂီတယောက်ဂျီမင်းထွက်သွားတာကြာတော့စိတ်ပူပီးလိုက်လာတယ်လေ...ကားနားမရောက်ခင်လှမ်းမြင်လိုက်ရတာကဂျီမင်းနဲ့ကောင်မလေးတယောက်စကားပြောနေတာကိုပေါ့...သူလဲသ၀န်တိုမိပီးဒေါသထွက်လာတယ်...သူဂျီမင်းစီကိုခြေလှမ်းကျဲကြီးတွေနဲ့သွားခဲ့လိုက်တယ်..

yg-ဂျီလေး!!!မင်းဘာလုပ်နေတာလဲ!!

jm-ဟင်!!ကိုကို!!!

ဒေါသထွက်နေတဲ့ယွန်းဂီရုပ်ကိုမြင်ပီးလန့်သွားတယ်

jm-ဂျီလေးရှင်းပြပါ့မယ်...

yg-မင်းကျန်ခဲ့တာသူလား...မင်းကဒီမှာခိုးချိန်းတွေ့နေတာပေါ့လေ..ငါတို့ကတော့မင်းကိုလိမ်မာတယ်ထင်နေတာမင်းကနောက်ကွယ်မှာလုပ်ချင်တိုင်းလုပ်နေတာပဲ...

မင်း တွေ ငါ တွေပါသုံးပီးပြောနေတာ​​ကြောင့်သူ့ကိုကိုဘယ်လောက်ဒေါသထွက်နေမှန်းသိလိုက်တယ်..

jm-မဟုတ်ဘူး..ကိိုကို...

yg-ငါ့ကို ကိုကိုလို့မခေါ်နဲ့...မင်းလိုရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်တတ်တဲ့လူကိုအချိန်အကြာကြီးမေ့မရပဲချစ်မိတာငါ့အမှားပဲ...မင်းငါ့နောက်မလိုက်ခဲ့နဲ့..ငါနဲ့လဲလာမပက်သက်နဲ့တော့...

သူ့ဟာသူပြောပီးကားပေါ်တက်သွားခဲ့တယ်

jm-ကိုကို!!!ဒီကိစ္စကအဲ့လောက်ထိလုပ်ဖို့လိုလို့လားကိုကိုရယ်..အခုမှတွေ့တာပြန်ထွက်သွားဦးမလို့လား..

သူ့ကိုကိုဘာလို့ဒီလောက်ဒေါသထွက်လဲသူသေချာမသိပေမယ့်အခုလိုပြောခဲ့တော့သူနာကျင်ရချည်ရဲ့...သူလဲကားပါကင်ရဲ့ထောင့်တစ်နေရာမှာကပ်ငိုနေတယ်လေ

ယွန်းဂျောင်း-ငါနင့်ကိုတောင်းပန်ပါတယ်ဟာ...

ပြောပီးသူလဲစိတ်မကောင်းစွာထွက်သွားလိုက်တယ်..တကယ်ဆိုယွန်းဂျောင်းကlgbt fanတယောက်ဖြစ်တဲ့အပြင်ဂျီမင်းလေးကukeနဲ့တူတော့ခင်ချင်မိတာပါ..ဂျီမင်းလေးမှာတော့ချောင်မှာထိုင်ငိုနေတယ်လေ...သူ့မိဘတွေမှာတော့သူတို့၂ယောက်ကိုပြန်သွားပီထင်ပီးစားသောက်ကာအိမ်ပြန်လိုက်ကြတယ်..အိမ်ရောက်မှဂျီမင်းမရောက်သေးမှန်းသိပီးအကုန်လုံးပြာယာခပ်ကုန်ကြတယ်...ယွန်းဂီကတော့သူ့အိမ်ကအခန်းထဲမှာဆိုတော့လူကြီးတွေဖြစ်နေတာမသိသေးဘူးလေ...သူ့ကိုဂျီမင်းစိတ်ကောက်ရုံဖြစ်ပီးလူကြီးတွေနဲ့ပြန်လိုက်လာမယ်ထင်လိုက်တာပေါ့...

သူသာလျှင်...Where stories live. Discover now