မညီမျှခြင်း ပုစ္ဆာ📖 Unequally problem ....
Ep-1
ကိုယ်လုံးပေါ်မှန်၌ ပုရိသများအား ညှို့အားပြင်းပြင်းဖြင့် ဖမ်းစားနိုင်သော အမျိုးသမီးတစ်ယောက်ကိုသူမမြင်နေရသည်။
ထိုအမျိုးသမီးဝတ်ဆင်ထားသည့် အနက်ရောင် ကြိုးတစ်ချောင်းဂါဝန်မှာ အပေါ်ပိုင်း၌ ကိုယ်ကြပ်ဖြစ်၍ သူမခါးချပ်ချပ်လေးနှင့်ထင်ဟပ်နေပြီး အောက်ပိုင်းအနားသားလေးကို ဝိုက်၍ ကာကျနေပုံက ထိုအမျိုးသမီးကို ရူ့မညည်းရက်စရာဖြစ်နေစေသည်။
Dark brown အရောင် ဆိုးထားသည့် ဆံနွယ်ပျော့အိအိလေးများကို အနောက်၌ ညှပ်ကလပ်လေးဖြင့်လိမ်ထုံးညှပ်ထားသည်က ပွပွယောင်ယောင်ဆိုသော်လည်း ထိုအမျိုးသမီးကို ပို၍ဆွဲဆောင်မှုရှိနေစေသည်။
မှန်ထဲတွင်မြင်နေသော အမျိုးသမီးငယ်သည် မျက်နှာ၌အထူးခြားဆံက ရှည်လျားကော့ညွတ်နေသော မျက်တောင်ရှည်ကြီးများပင်ဖြစ်သည်။
သူမချယ်သထားသည့် make-up lookက ပါးပါးကြည်ကြည်လေးဖြစ်ကာ အနီရဲရဲနှင်းဆီဖူးနှုတ်ခမ်းတစ်စုံကတော့ သူမမျက်နှာတစ်ခုလုံးမှာ စိုလျက် ဖူးကြွလို့နေသည်။
ပင်ကိုယ်ထူထဲလှသော မျက်ခုံးနှစ်ဖက်မှာ အနည်းငယ်ပုံဖော်လိုက်ရုံနှင့် ထင်းလို့သွားသည်။
ထိုအမျိုးသမီးငယ် သွယ်လျလျခန္ဓာကိုယ်ကောက်ကြောင်းပေါ်က အနက်ရောင် dressလေးမှာ ဖြူပြီးသားသူမအသားရောင်ကိုပိုလို့ပင် စိုပြေဝင်းလဲ့သွားစေသည်။
သူမ မှန်ထဲမှ ထိုအမျိုးသမီးငယ်ကိုကြည့်ရင်း နှုတ်ခမ်းတို့ပြုံးသွားမိသည်။
သူမ တသိမ့်သိမ့်ကြည့်ကာ ဂုဏ်ယူနေမိသော အမျိုးသမီးငယ်မှာ သူမပင်ဖြစ်သည်။
သူမကတော့ Hope Shoe company ရဲ့ CEOမဧကရီမိုးမြင့်ပဲဖြစ်၏။
သူမ အဝတ်အစားနှင့်မိတ်ကပ်ကိုစိတ်ကြိုက်အနေအထားရပြီးမို့ မှန်ဘောင်နှင့်အကျအနထည့်ထားသော
Jewellery များစွာထဲကမှ ခရမ်းစွဲ တစ်စုံကို ထုတ်လိုက်သည်။📱 It's me...
Hi... I'm problem.
It's me...နားကပ်တပ်နေချိန်မှန်တင်ခုံပေါ်မှဖုန်းမြည်လာသည်မို့ ဘယ်သူလဲကြည့်လိုက်တော့ မန်နေဂျာ ဝေဝေနှင်းဖြစ်လို့နေသည်မို့ ဖုန်းခလုတ်ကိုအပေါ်စွဲတင်၍တခါတည်း speakerပါ ဖွင့်ထားခဲ့လိုက်သည်။
YOU ARE READING
မညီမျှခြင်းပုစ္စာ📖 unequally problem...
Romance"ကျွန်တော်က ရာမ မဖြစ်ချင်ဘူး ဒဿပဲဖြစ်ချင်တာ ရာမက ဘာလုပ်ရမှာလဲ မင်းသားပဲဖြစ်ဖြစ် ဗီလိန်ပဲဖြစ်ဖြစ် အဓိက က မင်းသမီးရဖို့ပဲ" မထိတထိ ပခုံးပင့်ကာ လက်ကြားညှပ်ထားသည့် ဆေးလိပ်ကို နှုတ်ခမ်း၌ပြန်ခဲထားလျက် သူမကိုကြည့်နေသည်က စိန်ခေါ်နေသကဲ့သို့ စူးရဲစွာ.... ဒီလိ...