"ရင်ဖုံးဝတ်ပြီး စီးကရက်သောက်နေတာ ခင်ဗျား မရှက်ဘူးလား"
"မြန်မာဝတ်စုံဝတ်ပြီး ဆေးလိပ်မသောက်ရဘူးလို့ မင်းကိုဘယ်သူပြောလဲ နောက်ပြီး ဟိုးအရင်ခောတ်တွေထဲက အထက်တန်းစားမြန်မာအမျိုးသမီးတွေ စီးကရက်သောက်လာတာ မသိရအောင် မင်းအဲ့လောက်တောင် ဦးနှောက် လယ်ဗယ်နိပ်ရသလား"
ပြောပြီး ဆေးလိပ်ကိုရှိုက်ဖွာလိုက်သည်ပုံက တကယ့်ကိုအရေးမစိုက်သလို
သူခေါင်းတခါခါနှင့်
"ခင်ဗျားကိုတော့လက်လန်တယ် အရင်က နုနုညံ့ညံ့မိန်းကလေးတစ်ယောက်လို့ထင်ထားတာ တကယ်တော့ ခင်ဗျားက မင်းသမီးခေါင်းဆောင်းထားတဲ့ ဘီလူးမပဲ"
"မင်းကငါ့ကိုအထင်သေးတာပဲ နုနုညံ့ညံ့ဆိုတည်းက ညံ့တဲ့စကားလုံးပါနေပြီး ငါ့လိုမိန်းမက သူများအထင်ကြီးအောင် ဗိုင်ကောင်းကျောက်ဖိလိုမျိုး နုံနုံထုံထုံ တုံးတုံးအအ အဖြစ်ခံမဲ့မိန်းမစားမျိုးမဟုတ်ဘူး "
"တော်ပြီး တော်ပြီး ခင်ဗျားကို ဘယ်လိုမှ ကျုပ်နားမလည်နိုင်တော့ဘူး"
"ငါ့စိတ်ကိုငါတောင် နားလည်ဖို့မကြိုးစားတာ မင်းက ဘာမို့လို့ သိပ်စိတ်ဝင်စားနေရတာလဲ"
"ခင်ဗျားကို ကြွေလို့ပေါ့"
"မင်း..."
အကန်တွေချည်းပြောနေသည့်သူမ ရုတ်တရက်ဆိုလိုက်သောသူ့စကားကြောင့် မျက်မှောင်အော်တိုကြုတ်သွားကာ စူးရဲစွာကြည့်လို့လာ၏။
သူကတော့ မျက်နှာပြောင်ပြောင်ပင် သူမကို အနမ်းပေးသလို လက်ဟန်ဖြင့် ဆက်တိုက် fly kiss လုပ်ပြလျက် နောက်သို့တစ်လှမ်းချင်းဆုတ်၍ထွက်ခွာသွားလေသည်။
သူမမှာတော့ တနုံ့နုံ့နှင့်ဒေါသဖြစ်ကျန်ခဲ့ရှာသည်။
ဧကရီမိုးမြင့်တစ်ယောက် တေဇစိုင်းမာန်ဆီမှာ တစ်ကွက်ခံလိုက်ရပြန်သည်။
⚔️⚔️⚔️
ဒီficက သာသာ့စိတ်ထဲကအတိုင်း စည်းဘောင်မထားဘဲရေးသွားမှာပါ
ဧကရီမိုးမြင့်ဆိုတဲ့ ဇာတ်ကောင်ကို strong girlအဖြစ်ဖန်တီးထားတာပါ။
ဒီညအပိုင်း(၂)groupထဲတင်ပေးမယ်နော်💕
Group ဝင်ချင်တဲ့စာဖတ်သူလေးတွေရှိရင်cbကိုလာခဲ့ပါနော်
ချစ်တဲ့
🖋️ TPKT 🕊️
YOU ARE READING
မညီမျှခြင်းပုစ္စာ📖 unequally problem...
Romantizm"ကျွန်တော်က ရာမ မဖြစ်ချင်ဘူး ဒဿပဲဖြစ်ချင်တာ ရာမက ဘာလုပ်ရမှာလဲ မင်းသားပဲဖြစ်ဖြစ် ဗီလိန်ပဲဖြစ်ဖြစ် အဓိက က မင်းသမီးရဖို့ပဲ" မထိတထိ ပခုံးပင့်ကာ လက်ကြားညှပ်ထားသည့် ဆေးလိပ်ကို နှုတ်ခမ်း၌ပြန်ခဲထားလျက် သူမကိုကြည့်နေသည်က စိန်ခေါ်နေသကဲ့သို့ စူးရဲစွာ.... ဒီလိ...