(မုန်းမရအောင်ချစ်ခဲ့သည့်အပိုင်း၃၅)

1K 33 1
                                    

ကလေးရေ သိပ်ချစ်တယ် တခါတလေးအချစ်ကြောင့်နာကျင်ရတယ် ချစ်မိတဲ့စိတ်တွေကို ဘာဆေးနဲ့ကုလို့ရမှလဲကွာ

"ဒုန်း ''' လက်ထဲက သောက်လက်စအရက်ပုလင်းကို နံရံနဲ့ပစ်ပေါက်လိုက်သည် ။
ဝမ်းနည်းမိတယ်ကွာ အလွယ်တကူကျလာတဲ့မျက်ရည်တွေကို သိပ်မုန်းမိတယ် မျက်ရည်တွေကျသလောက်သာ မင်းရဲ့အချစ်တွေကိုယ်အပေါ်များရင် သိပ်ပျော်မိမှာပဲ။
ကိုယ် ​ပြောမှပါတနေ့ ကိုယ်မင်းကို ဘယ်လောက်ချစ်လဲဆိုတာ ကလေးကိုပြောမှထက် ကလေးကိုယ်အပေါ် ဘယ်လိုသဘောထားလဲဆိုတဲ့အဖြေကို ကိုယ်နားထောင်ဖို့ မရဲသေးဘူး။

မနက်ခင်းလင်းလာတော့ ကိုက်ခဲနေတဲ့ခေါင်းနဲ့အတူထလာတယ်။ အရင်ကတည်းက နိုးလာတဲ့က ကြည်တဲ့နေ့ဆိုတာမရှိဘူး အခုချိန်ထိပဲ ဟက် ''
ကိုကိုကိုယ် တွေးပြီးလှောင်မိသည်။

နှောက်နေတဲခေါင်းကို ကြည်လင်ရှင်းထုတ်ဖို့အတွက် ရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်သည် ။ မှန်ကနေ ကိုယ်မျက်နှာကို ကြည့်ပြီး အရှုံးသမားတစ်ယောက်လို့ ခံစားရတယ်။
မဖွင့်ပြောပဲ ငြင်းခံရမှကိုကြောက်နေရင် ငါကလူကြောက်တစ်ယောက်ပဲ။

မေးစေ့နားမှရှည်နေတဲ့ မုတ်ဆိတ်မွှေးတွေကိုရိတ်လိုက်ပြီး ရှည်နေတဲ့ဆံပင်တွေကိုလည်းကိုက်လိုက်သည် ။

ဟက် '' sorry ပဲ my son ဒယ်ဒီရဲ့ကြင်နာမူတွေက ကလေးအတွက်ပဲရှိတော့တာမို့ ဒယ်ဒီ မင်းကို အခွင့်အရေးမပေးနိုင်ဘူး ။
အရင်က မင်းသုတက ချိုသာပြီး အပြုံးချိုတဲ့တစ်ယောက်ဖြစ်ရင်ဖြစ်လိမ့်မယ် အခု မင်းသုတက ချိုသာမူတွေမရှိတော့ဘူးပဲ ။

ရေမိုးချိုးပြီး အောက်ထပ်ကိုဆင်းလာတော့
ကလေးတို့က မနက်စာတောင်စားနေကြပြီး

sorry ပဲကွာ ဦးနောက်ကျသွားတယ်
တေး ဦးရဲ့ပြောင်းလဲသွားတဲ့ပုံတွေကိုအံသြစွာကြည့်နေမိတယ် ။ အရင်က ဆံပင်ရှည်တာတွေကို ညှပ်လိုက်တဲ့ဦးက အခုတော့ ပိုပြီးကြည့်ကောင်းနေတယ် ။ ရှင်းလင်းသွားတဲ့မျက်နှာပြင်မှာ စူးရှတဲ့အကြည့်တွေနဲ့ ပိုပြီးဆွဲဆောင်နေတယ် ။

ကြည့်လှပြီးလား ကလေး

ဒယ်ဒီက ဆံပင်တွေညှပ်လိုက်တာလား
" ဟုတ်တယ် my son

မုန်းမရအောင်ချစ်ခဲ့သည့် (Completed)Where stories live. Discover now