တေးတို့ ပြန်လာတော့ မှောင်ရိပ်သန်းနေပြီး
တေးတို့ကားလေး ခြံထဲ ဝင်လာသည်။
" ဦး.. တေး အပေါ်တက်တော့မယ် "
ဟုတ်ပြီး..ကလေး "တေး အပေါ်ထက်တက်နေတုန်း
သားတေး "
မေမေကြီးက ခေါ်တာကြောင့်
ဟုတ်သားတေး ဒီနေ့ ဘယ်သွားတာလဲကွယ်
မောင်လည်း ပျောက်သွားလို့ "ကလေးက ငါနဲ့ ပြန်လာတာ ဘာဖြစ်လို့လဲ " မ
မုန်း သားတေးနဲ့စကားပြောနေတုန်း အနောက်ကနေ ပြောလိုက်တဲ့ မောင်ကြောင့် မောင်ကို လှမ်းကြည့်လိုက်သည်။
မောင်တို့သွားမယ်ဆိုရင် အိမ်ကလူတွေပြောသွားသင့်တယ်...မောင်
အခုဟာက ဘယ်သူမှပြောမသွားတော့ မ တို့က စိုးရိမ်လို့ပြောပြတာ... မောင် "
ကျွန်တော်တို့အရွယ်က ကလေးတွေမဟုတ်ဘူး မ "
နောက်ပြီး ကျွန်တော်နဲ့ ကလေး သွားတာလေး ဘာတွေစိုးရိမ်စရာရှိလို့လည်း "
ဟက်!! တော်တော်ရယ်ရတာပဲ
အပေါ်ထက်ကနေပြီး အောက်ကို ပုရိက တဖြည်းဖြည်းခြင်းစီဆင်းလာသည်။
ဒယ်ဒီရဲ့ ဟာသစကားတွေကို ယုံရတဲ့လူတွေ့ရှေ့မှပဲ သွားပြော "
ပြောပါဦးဗျာ မနက်ကတည်းက ပျောက်သွားတာ အခုမှ ပေါ်လာရအောင် ဘယ်နေရာကိုသွားပြီး ခိုးစားလာတာလဲ?
ဘာကွာ!!! ဟျောင့် မင်းဘာစကားပြောတာလဲ ဟမ်း!!
စိတ်ထိန်း ဒယ်ဒီ လူတွေက အမှန်တရားကို ပြောရင် သိပ်နာကျင်တယ်တဲ့ ဟုတ်တယ် မှလား ကိုကို!!
ပုရိက တေးဆီကို တဖြည်းဖြည်းခြင်းစီလျှောက်လာပြီး ပြောလိုက်သည်။
အမှန်တွေပြောတော့ အံသြသွားတာလား ကိုကို!!
မဟုတ်ဘူး...ပုရိ " ဦးနဲ့ တေးက ရိုးရိုးတွေ့တာပါကွာ "
ရိုးရိုးတွေ့လည်း ဒီမှာတွေ့နေတာပဲ ကိုကို
ဘာလဲ ကိုကိုတို့က အပြင်မှာ ရှယ်တွေ့ခြင်နေလို့လား!!
YOU ARE READING
မုန်းမရအောင်ချစ်ခဲ့သည့် (Completed)
Romanceမုန်းမရအောင်ချစ်ခဲ့သည် intro Seme- မင်းပုရိသ Uke -စက်တေးသွား ကိုကိုကိုယ်ကျွန်တော်ငယ်ငယ်လေးကတည်းကချစ်ခဲ့တယ် ကိုကိုဟာကျွန်တော်အပိုင်ဘဲ အရင်က ကိုကိုဟာဘယ်သူနဲ့ဘဲဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ကိုကိုက မင်းပုရိသပိုင်တဲ့ melody လေးဘဲ ကိုကိုက ပုရိလေးကိုငယ်...