Unicode
❤နှလုံးသားထဲကဦး❤
Part-(3)"ညီမလေးခဏလာအုန်းကိုကြီးပြောစရာရှိလို့"
နတ်သက်ရေမိုးချိုးကာအပေါ်ထပ်မှဆင်းလာတုန်းဧည့်ခန်းထဲမှာထိုင်ပြီးခေါ်နေသောကိုကြီးမြတ်ကြောင့်ခြေထောက်တွေကကိုကြီးရှိရာ
"ပြောလေကိုကြီး"
နတ်သက်လည်းမထိုင်တော့ပဲမတ်တပ်တာရပ်နေလိုက်သည်။
"...မင်းမနက်ဖြန်မမနန်းမြင့်မြတ်မွေးနေ့ရှိတယ်အဲ့ဒါဖိတ်ထားလို့မောင်နှမသုံးယောက်လုံးသွားကြမယ်လေအမျိုးတွေလည်းစုံမှာဆိုတော့"
"သူတို့ကလည်းဗျာမွေးနေ့ကလဲခဏခဏလုပ်နေတာပဲအမြင်ကတ်စရာတွေ..သူများမွေးနေ့ကိုမပြောကောင်းပေမယ့်...မွေးနေ့အစားမိဘမဲ့ဂေဟာမှာသွားလှုရင်တောင်...သူတို့သေရင်ငရဲပြည်တော့မသွားရဘူးသိလား....ဘာပဲဖြစ်ဖြစ်အဲ့ဒီပွဲကိုနတ်သက်မသွားနိုင်ဘူးကိုကြီးတို့လဲမသွားရဘူး"
သူမအပျက်သာပြောလိုက်သည်။ဆူရင်လည်းမတက်နိုင်ဘူးသူတို့ကိုမုန်းတယ်ခံစားရတဲ့ခံစားချက်တွေကိုကိုယ်သာအသိဆုံး..သူများတွေကတော့ကြည့်ရုံလေးနဲ့ဒေါ်နန်းမြင့်မြတ်စံကသူ့ညီမနတ်သက်ကြွေတာရာကိုအရမ်းချစ်တာပဲ...အရမ်းကောင်းတာပဲလို့ထင်ကြမှာပေါ့...တကယ်တမ်းကြတော့မဟုတ်ဘူး...ကိုယ့်ကိုကျွန်လို...အမှိုက်လိုမျိုးသဘောထားတဲ့မိန်းမ...ဟက်ရွှံတယ်
"နင်ဘာဖြစ်နေတာလဲအကြီးတွေကိုအဲ့လိုမပြောရဘူးလေသူတို့မိသားစုကငါတို့ရဲ့ကျေးဇူးရှင်"
မြတ်ဇေရာတစ်ယောက်ထိုင်နေသောဆိုဖာပေါ်ကနေထကာတစ်ခါမှလေသံမာမာမပြောခဲ့ဖူးတဲ့သူ့ညီမလေးအားပြောလိုက်တော့...
နတ်သက်ခေါင်းတစ်ဆက်ဆက်ညိမ့်ကာ"ကျေးဇူးရှင်...ကျေးဇူးရှင်...အဲ့ဒီ"ကျေးဇူးရှင်"ဆိုတဲ့စကားလုံးကြောင့်နတ်သက်ဒီအချိန်ထိသည်းခံနေတာ..တကယ်တမ်းကြတော့လေဘာကျေးဇူးမှမရှိဘူး...သူတို့ဆီကယူထားတဲ့ငွေတွေအတိုးရောအရင်းကောပြန်ဆပ်ပြီးသွားပြီ...ပတ်သက်စရာအကြောင်းလဲမရှိတော့ဘူး...အဲ့ဒီရွှံစရာကောင်းတဲ့မိသားစုကိုကိုကြီးမို့လို့ကျေးဇူးရှင်ဆိုပြီးသတ်မှတ်နေသေးတယ်"
YOU ARE READING
❤နှလုံးသားထဲဦး❤
Romance"ငါကမင်းလိုမိန်းမမျိုးတွေကိုအမုန်းဆုံးပဲ...ရုပ်ကလေးကြည့်တော့ရိုးသားမလိုလိုနဲ့တကယ်တမ်းကြတော့သိပ်ရွှံဖို့ကောင်းတယ်...အဲ့ဒီတော့ဒီနေ့ကစပြီးငါ့နောက်ကလိုက်နေတာတွေရပ်တန်းကရပ်ပါ...မင်းကိုဘယ်သောအခါမှချစ်လာမှာမဟုတ်ဘူး" "ဂ...