🎧ဒါလေးကို နားထောင်ရင်း ဖတ်ကြည့်ပေးပါ🎧
နံရံထက်ဝယ် ကိုယ်တိုင်လက်နဲ့ရေးဆွဲထားတဲ့ ပန်းချီကားလေးကို အကြိမ်များစွားကြည့်နေမိသည်။ဒါဟာ ဂျောင်ဂုအမြဲလုပ်နေကြအရာတစ်ခု....။
ထိုစဥ်
"မောင်"
"အင်း..ပြောလေ "
"သားလေးက ဒီနေ့ ကျောင်းပိတ်ရက်မှာ ရုပ်ရှင်ရုံသွားချင်လို့တဲ့ ..မောင် လိုက်ပို့မယ်မလား ဟင်"
"အင်း..သွားကြတာပေါ့..ကိုယ်လိုက်ပို့ပေးမယ်"
"ဟုတ်ပီမောင် "
*'မောင်'ဆိုတဲ့ နာမ်စားလေးကို ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို ခေါ်နေပြီလား 'ထယ်'*
*ကိုယ်တို့က ဘာအကြောင်းမှ မရှိဘဲလက်လွှတ်ခဲ့ကြတာလို့ လူတိုင်းထင်ရင်တောင် မင်းနဲ့ကိုယ်ကတော့ သိနေခဲ့တယ်မဟုတ်လား။ကိုယ်မှားတာပါ၊ကိုယ်သတ္တိမရှိခဲ့တာ *
"ဖေဖေ..ငိုနေတာလား "
"ဟင်..မ..မငိုပါဘူး.."
ပါးပြင်က မျက်ရည်စတွေကို ကိုင်မိမှ့
*အပြင်မှာပါ ငိုမိတာပဲ *
"မငိုဘူးသာ ပြောတယ်..အာပါးရဲ့ပါးပေါ်မှာမျက်ရည်တွေနဲ့လေ "
"ခုနက မျက်လုံးထဲဖုန်ဝင်သွားလို့ပါ သားရဲ့ "
"ဟုတ်ကဲ့..ရုပ်ရှင်ရုံက မသွားရသေးဘူးလား
အာပါး ""အာပါးက အဆင်သင့်ပဲ..သားတို့သားအမိသာ မပြီးသေးတာလေ "
"ခုပြီးပြီး..အာပါး "
"ဒါဆို သွားကြမယ်ကွာ "
သားလေးကို ချီကာပင် ကားဆီသို့....။
"ဟိုသားဖကလဲ မြန်လိုက်တာနော်..မားမားကိုတောင်မစောင့်ကြဘူး"
YOU ARE READING
𝐓𝐡𝐞 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐭𝐨 𝐦𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧
Fanfictionjungkook- "ထယ်သိလား..လောကကြီးမှာလေ ငေးကြည့်နေမှ လှပနေတဲ့ အရာတွေက ရှိပြီးသား ကလေးငယ်။အဲ့ထဲမှာ ကိုယ်သိပ်ချစ်ပြီး အရမ်းမြတ်နိုးရတဲ့ ကင်မ်ထယ်ယောင်းဆိုတဲ့ လူသားလေးလဲ ပါတယ် " #Author kimsuhyung