မနေ့ညနေက ဂျွန်ကြောင့် အကြာကြီးကို အိပ်ပျော်သွားတာ မနက်မှပဲ နိုးလာတော့တယ်။
ဂျွန်က တကယ်ကို ကျနော်ရဲ့အားကိုးရာပါ။အာပါးနဲ့ အွန်မားကြောင့်သာမဟုတ်ရင် နဂိုလို
ဂျွန်နဲ့အတူရှိနေမှာ။
စိတ်ညစ်စရာတွေ ထပ်မတွေးတော့ပါဘူးဗျာ။ဂျွန်သိရင် ဆူလိမ့်မယ်။ အောက်ထပ်ကိုပဲ ဆင်းတော့မယ်။ထယ်ယောင်းအောက်ထပ်ဆင်းလာတာနဲ့ ထမင်းစားခန်းထဲကိုသာ ခြေလှမ်းလှမ်းလိုက်သည်။
"သားငယ်လေး..လာ ဒီမှာ အွန်မားကသားကြိုက်တဲ့ အမဲဟင်းရည်နဲ့ ဖက်ထုပ်ကြော်လေး ပြင်ပေးထားတယ် "
"ဝါးးးသားအကြိုက်ပဲ..အာ့ကြောင့်အွန်မားကို ချစ်နေရတာ "
သူ့အမေရင်ခွင်ထဲ၌ ကလေးတစ်ယောက်လိုချွဲနေသော ထယ်ယောင်းလေး။
ဒီ kimအိမ်တော်ကြီးမှာ အငယ်ဆုံးဆိုလို့လဲ ထယ်ယောင်းလေးပဲရှိတာမလား။
အဲ့တာကြောင့်လဲ အိမ်တော်ထဲက မည်သူမဆို၊ထယ်ယောင်းကို ဂရုစိုက်ကြတယ်။အလိုလိုက်ကြတယ်။
တစ်ခုပဲ ပန်းချီဆရာ ဂျွန်ဂျောင်ဂုနှင့်တော့ တွေ့ခွင့်မပေးကြပါ။*ယောကျာ်းလေးအချင်းချင်း ချစ်ကြိုက်မိတာက အမှားတစ်ခုလား..ဟင်?*
"သားငယ်..ဘာတွေတွေးနေတာလဲ..စားတော့လေ"
"Nae~~စားပါပြီဗျာ့ "
"ကောင်းလား? "
"အွန်မားလက်ရာက အကောင်းဆုံးပဲကို မကောင်းဘဲ နေမလား"
*ဂျွန်ရဲ့လက်ရာကလဲ စားဖိုဆောင်မှုးတောင် ရှုံးရတယ်ဗျာ့ *
"အေးပါကွယ် ကောင်းရင်လဲ စားပါရှင့်"
စားလို့ကောင်းတယ်ဆိုတာကို လက်မလေးထောင်ကာ သဲသဲကဲကဲလုပ်ပြနေတဲ့ ကောင်လေးကို ပြတင်းပေါက်မှ တိတ်တိတ်လေးခိုးကြည့်နေတဲ့ ကောင်လေးတစ်ယောက်လဲ ရှိခဲ့တယ်ဆိုတာ ရယ်မောရင်း စားသောက်နေတဲ့ မိသားစုက သိမည်မဟုတ်။
*ကိုယ့်ရဲ့လက်ရာကို စားပြီးရင် ထယ် အဲ့လိုလေးလုပ်ပြနေကြနော် *
စိတ်ထဲကနေ ရွတ်ဆိုနေသည့်စကားအဆုံး ထိုကောင်လေးပြုံးနေတာလေးကို မျက်တောင်မခတ်ကြည့်မိနေသည်။
YOU ARE READING
𝐓𝐡𝐞 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐭𝐨 𝐦𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧
Fanfictionjungkook- "ထယ်သိလား..လောကကြီးမှာလေ ငေးကြည့်နေမှ လှပနေတဲ့ အရာတွေက ရှိပြီးသား ကလေးငယ်။အဲ့ထဲမှာ ကိုယ်သိပ်ချစ်ပြီး အရမ်းမြတ်နိုးရတဲ့ ကင်မ်ထယ်ယောင်းဆိုတဲ့ လူသားလေးလဲ ပါတယ် " #Author kimsuhyung