' ဒုတိယ လူ
Part 2ဝမ်ရိပေါ် သူဌေးဆီမှာ အလုပ္လုပ္တာ ၅နှစ်ရှိပြီ
ဖြစ်ပေမယ့် သူဌေးအိမ်ကို ရောက်ဖူးတာတဲ့အကြိမ်ရေက
လက်၁၀ချောင်းပင် မပြည့်ပေ.
စာရွက်စာတမ်း လာယူရတိုင်း အိမ်ထဲထိ မဝင်ဘဲ အိမ်ဝကနေသာ ယူတာမို့
သူဌေးအိမ်ထဲကို တစ်ခါးမျှပင်မရောက်ဖူးပါ..အိမ်ဖော် အန်တီကြီး ညွှန်ပြလိုက်သည့် ဒုတိယထပ်ရှိသူဌေး အလုပ်ခန်း ရှိရာဆီသို့ တက်လာခဲ့လိုက်သည်...
ဒေါက်..ဒေါက်
အညိုရောင် ကျွန်းတံခါးကြီးကို အသာခေါက်၍
ရောက်ကြောင်း အသိပေးတော့ အထဲမွ'ဝင်ခဲ့ ရိပေါ်ဟု ပြန်ဖြေလာလေသည်..အထဲဝင်သွားတော့ စားပြဲမွာ အလုပ်လုပ်နေဟန်ရှိသော သူဌေးက ရိပေါ်ကို
ရှေ့က ဆိုဖာမွာ ထိုင်ဟု လက်ဟန်ဖြင့်ပြလေသည်...'ပိတ်ရက် နားရမွာကို အန်ကယ် အလောတကြီးခေါ်လိုက်မိတာ တောင်းပန်ပါတယ်..ရိပေါ်...
'ရပါတယ် ..သူဌေး..
ဒါနဲ့ ကျတော့ကို ဘာခိုင်းစရာရှိလို့ပါလဲ..'ဟို...ဟိုလေ..
သူဌေးပုံစံကြည့်ရတာ အရင်က နဲ့မတူဘဲ
မျက်နှာအနည်းငယ် ချောင်ကျနေလေသည်...
ပြောစရာရှိတာကိုလည်း ဆက်မပြောဘဲ..
တဟို..ဟိုနှင့် အားနာနေဟန်ရှိသည်..'သူဌေး..အားမနာပါနဲ့..ခိုင်းစရာရှိတာသာ
ခိုင်းပါ..ကျတော်က သူဌေးအလုပ်သမားဘဲလေ..'မဟုတ္တာ ရိပေါ်ရယ်..အမှန်တော့ အန်ကယ် ရိပေါ်ကို ခိုင်းချင်တာထက်
အကူညီတာင်းချင်တာပါကွယ်..သူဌေးက ရိပေါ်လေးစားအတုယူရတဲ့ လူတစ်ဦးလည်းဖြစ်သည်..လက်အောက်ငယ်သားတွေကို သူတခုခု လုပ်ခိုင်းချင်သည့်အခါတိုင်း 'ခိုင်းမယ်နော်ဟု မသုံးဘဲ 'အကူညီတောင်းချင်လို့ပါကွယ် ဟု
အမြဲ တလေးတစားပြောလေ့ရှိသည်..'ဟုတ်သူဌေး..ဘာကူညီပေးရမလဲ..
'အန်ကယ့် သားကို စောက်ရှောက်ပေးဖို့ အန်ကယ် အကူညီတောင်းပါရစေ ရိပေါ်..
'ဗ်ာ..
ရိပေါ် ထိုအိမ်ကြီးထဲက ပြန်ထွက်လာတော့
အရာအားလုံးက အသွားတုန်းကလို သူ့မျက်လုံး
ထဲမွာ လှမနေတော့ချေ...
ကားမငှားသေးဘဲ ခြေဦးတည့်ရာသာ လမ်းဆက်လျှောက်မိနေသည်..
နားထဲမှာလည်း သူဌေး အကူညီတောင်းလိုက်တဲ့
စကားတို့ကိုသာ ပြန်ကြားယောင်နေမိသည်..