'ဒုတိယ လူ´
part 4'သူဌေး ခနနေ မီတင်စတော့မယ်..´
စားရင်းတွေ လက်မှတ်ထိုးနေတဲ့ ဝမ်ရိပေါ်..
အတွင်းရေးမှူးကျန်းချန် လာခေါ်သံကြားမှ ညနေ၃နာရီ
တောင် ရှိပြီဖြစ်မှန်း သတိရလာလေသည်။မကြာသေးမီကပင် ရိပေါ်တို့ 'Diamond Daisy´မှဒီဇိုင်းတစ်ခုက တခြားကုမ္ပဏီတစ်ခုက ဒီဇိုင်းနဲ့လုံးဝထပ်တူညီနေပြီး 'Daimond Daisy´က ကူးယူပါသည်ဟူ၍ သတင်းတွေ
ထွက်ပေါ်လာမှုကြောင့် ရိပေါ်အပါဝင် ဒီဇိုင်းတစ်ဖွဲ့လုံးက ထိုကိစ္စကိုဖြေရှင်းဖို့ အလုပ်ရှုပ်နေကြလေသည်။
ရိပေါ်လည်း ဒီပြဿနာကြောင့် အိမ်ပြန်မအိပ်ဖြစ်တာပင် ၃ရက်လောက်ရှိပြီ
ဖြစ်သည်။
ရိပေါ် ဒီလုပ်ငန်းစုကို တာဝန်ယူပြီးမှ ပထမဆုံး ဖြစ်တဲ့ပြဿနာမို့ 'ဒီပြဿနာကို ရိပေါ် ဘယ်လိုဖြေရှင်းမလဲ?´ကို ရှယ်ယာရှင်တွေနဲ့
တချို့အကြီးပိုင်းတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြလေသည်။
အကြောင်းရင်းကတော့ ဒီပြဿနာကိုသာ ရိပေါ် မကိုင်တွယ် မဖြေရှင်းနိုင်ခဲ့ရင် ဒီကိစ္စကို အကြောင်းပြပြီး..ရိပေါ်ကို CEO နေရာမှ ဖယ်ထုတ်ကြမို့ပင်...
ဒါကြောင့်ဒီရက်ပိုင်း ဒီကိစ္စကိုသာ အာရုံအပြည့်စိုက်ထားရကာ...လူလဲ အအိပ် အစားပင် မမှန်တော့ပေ။ခုလဲ ရှယ်ယာရှင်တွေနဲ့
စကားပြောဖို့ သွားရဦးမည်ပင်..
--
'ဒီပြဿနာကို ဘယ်ချိန်လောက်မှ ဖြေရှင်းမှာလဲ..CEO..
ဒီလိုပြဿနာမျိုးက အချိန်ပိုဆွဲလေ..ကုမ္ပဏီ
imageပိုကျလေဘဲ ဆိုတာ Ceoလဲ သိထားလောက်မှာပါ ...´'ဟုတ်ကဲ့...ကျတော်သိပါတယ်..
ခုလို သတိပေးတဲ့အတွက် သူဌေး ကျင်းကို
ကျေးဇူးအများကြီး တင်ပါတယ်...
ပြီးတော့ လူကြီးမင်းတို့ကို ကျတော်ဒီနေ့ အစည်း
အဝေး ပွဲ ခေါ်လိုက်ရတာက အသိပေးစရာလေး
တစ်ခုရှိလို့ပါ..ကျတော်တို့ ဒီတစ်ခေါက်ဖြစ်တဲ့
ပြဿနာက အတွင်းလူတွေကြောင့်ဖြစ်တာပါ..
ဒီကိစ္စကိုလည်း ကျတော့ လူတွေကတစ်ဆင့်
သက်သေတွေ စုဆောင်းမိနေပါပြီ..´'ဘယ်သူ လုပ်တာလဲ CEO..´
'ယုတ်မာလိုက်တာကွာ...´
'ဒီလူ လူတွေကို ကုမ္ပဏီကနေ ထုတ်ပယ်သင့်ပါတယ်..´
အစည်းအဝေးခန်းတစ်ခုလုံးက တစ်ယောက်တစ်ပေါက် ပြောဆိုသံတို့ဖြင့်
ဆူညံသွားလေသည်။