"Players gonna play, play,play,play,play
And the haters gonna hate,hate,hate,hate,hate
Baby ,I'm just gonna shake,shake shake,shake,shake
I shake it off"ဖုန်းခေါ်သံတစ်ခုက ညမီးအိမ်ထွန်းထားတဲ့ကုတင်ဘေးနားက စားပွဲပေါ်ကနေ ညနက်မတော်တရောအချိန်တွင် မြည်လာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေတာကြောင့် ဖုန်းခေါ်သံသည်ရပ်ကွက်ထဲက လော်စပီကာထက်တောင်ကျယ်လှောင်နေသည်ထင်ရသည်။ ခေးတစ်ယောက်လည်း အိမ်မက်ထဲတွင် နှင်းဆီပန်း၊ဖယောင်းတိုင်တွေနဲ့ရိုဆန်ဆန်အလှဆင်ထားတဲ့စားသောက်ဆိုင်မှာကိုယ့်တွင် တစ်ခါမရှိဖူးသောcrush နှင့်ညနေစာစားနေပြီးစကားစမြည်ပြောနေတော့သည်။အရှိန်တဖြည်းဖြည်းတက်လာပြီး နမ်းတော့မယ့်အချိန်မှာကိုယ့်crush မျက်နှာကရုတ်တရက် Taylor Swift မျက်နှာပြောင်းသွားသောကြောင့် လန့်ပြီး ဟန်ချက်ပျက်ကာထိုင်ခုံကနေလိမ့်ကျရာ ဦးခေါင်းတစ်ခုလုံးနာကျင်သွားသည်။
"အားပါးပါး။နာလိုက်တာ။"သူမမျက်လုံးဖွင့်ကြည့်လိုက်တော့ သစ်သားတွေနဲ့ လှပစွာ ကနုတ်ဆင်ထားတဲ့အလှဆင်ထားတဲ့ မျက်နှာကြက်ကြီးကိုတွေ့လိုက်ရသည်။ခေါင်းပေါ်ကနေ Taylor Swift ရဲ့ shake it off ဖုန်းခေါ်သံကလည်းတရစပ်မြည်နေတော့သည်။သူမ Taylor Swift အရူးအမူးလွန်စွာကြိုက်ပါသည်။ဒါပေမဲ့ ဒီတစ်ခါတော့စိတ်ပျက်ဖို့ကောင်းသည်ဟု ထင်မိသည်။
"ရှီးယား...ဒီချိန်ကြီးကိုဘယ်သူလဲ။ငါ သိရင်တော့ မှတ်လောက်အောင်ဆဲပစ်ဦးမယ်။" ခေးက သူထိုင်းဇာတ်ကားထဲက ရင်းနှီးနေကျ အဆဲစကားလုံး"ရှီးယား"ကို အသံထွက်သေချာသိသလိုမသိသလိုနဲ့ ပေါင်းဆဲနေသည်။ စိတ်ဆတ်ဆတ်ဖြင့်ပင် ဖုန်းကိုကောက်ကိုင်လိုက်ရာ "ပါနန်း"ဖြစ်နေသည်။ ပါနန်းမှာခေးရဲ့ အဒေါ်၊အဖေရဲ့အစ်မ ဖြစ်သည်။ ရှမ်းလူမျိုးတို့မှာ အဒေါ်တို့ကို "ပါ"ဖြင့် လေးစားစွာနာမည်အစတွင်တပ်၍ ခေါ်ဆိုလေရာ ခေးကတော့ သူမရဲ့အဒေါ်ကိုလွယ်လွယ်ကူကူ "ပါနန်း"လို့ခေါ်လေသည်။သူမရဲ့ကြီးဒေါ်တစ်ဖြစ် ပါနန်းကိုတော့ကြောက်လည်းကြောက် ချစ်လည်းချစ်ရသည်။ သူမသည်သူရဲ့သား၊ခေးရဲ့အစ်ကိုတစ်ဝမ်းကွဲကိုတောင် သူမမကြိုက်တဲ့ လူမျိုးခြားမိန်းကလေးနှင့်လက်ထပ်သောကြောင့် အဆက်ဖြတ်ထားသည်။ပြောရလျှင် ခေးတို့ရှမ်းမိသားစုက ဓလေ့ထုံးတမ်းများစည်းကမ်းကြီးစွာ ထိန်းသိမ်းသည်။ ရှမ်းစစ်စစ်ဟူသောဂုဏ်ကိုထိန်းသိမ်းသောအားဖြင့် ဘာသာမတူ၊လူမျိုးမတူ၊နိုင်ငံမတူ၊စစ်တပ်နှင့် လက်မထပ်ရသော အချက်ကထိပ်ဆုံးကပါသည်။ခေးကတော့ လွန်ဆန်ချင်သည်။ကိုယ်ချစ်လျှင်ဘာအရာမှအရေးမကြီးဟုထင်မိသည်။သူမ မချစ်ဖူးပါ။ဒါပေမဲ့ ဝတ္ထုထဲကဇာတ်ကောင်တွေရဲ့နေရာကိုဝင်ခံစားပြီး ချစ်ရတာဘယ်လိုလဲဟု စဉ်းစားဖူးသည်။
BẠN ĐANG ĐỌC
အရှေ့တောင်အရပ်မှ တမ်းချင်း
Lãng mạnရှမ်းပြည်မှာပျော်ရွှင်စွာနေထိုင်နေသော ရှမ်းမချောလေးတစ်ဦးဖြစ်တဲ့ နန်းခေးမွေဟွမ် တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ဘန်ကောက်မြို့သို့ရုတ်ချည်းပြောင်း၍ကျောင်းသွားတက်ရသောအခါ ထိုင်းနိုင်ငံရဲ့ထိပ်တန်း ကုမ္ပဏီ ပိုင်ရှင်သူဌေးသမီး "ဖိဖရင့်"နဲ့ ရှေးကံကြမ္မာ...