Zawgyi
အိမ်ရောက်တာနဲ့ရိပေါ်သူ့ခလေးငယ်ကို
ချီလို့အိမ်ထဲဝင်ခဲ့တယ်...
ရှောင်ကျန့်လေးမှာပါလာတဲ့ပစ္စည်းပစ္စယ
တွေတော့အနောက်မှာကျိုးချန်တို့ယူလာ
နေပြီပေါ့...အိမ်ထဲရောက်တာနဲ့ချက်ချင်း
ရှောင်ကျန့်လေးကိုဆိုဖာပေါ်ချပေးလို့
ရိပေါ်မီးဖိုခန်းထဲအမြန်ပြေးဝင်သွားတော့
တယ်...မီးဖိုခန်းထဲကစားဖိုမှူးစက်ရုပ်လေးတွေ
ကိုသူ့ခလေးငယ်ကြိုက်တာမှန်သမျှ
ချက်ပြုတ်ခိုင်းပြီးသူကိုယ်တိုင်လဲအေပရွန်
ဝတ်ကာဝင်ချက်ပြုတ်လေတယ်...နာရီဝက်တောင်မကြာဘူး...
စားပွဲပေါ်တွင်စားစရာများအလျှံပယ်
ရောက်ရှိလို့လာခဲ့တယ်..."Wow အကုန်ခလေးအကြိုက်တွေရီးပဲ...
Daddyကမမေ့သေးဘူးပဲ...""ခလေးငယ်နဲ့ပတ်သတ်လာရင်ကိစ္စအသေး
မွှားလေးကစDaddyအကုန်မှတ်မိတယ်...
ပြောပါအုံးDaddyကိုစိတ်ကောက်ပြေပြီ
လား...""ထမင်းအရင်စားလိုက်အုံးမယ်..."
"အင်း ဒီမှာခလေးငယ်အကြိုက်ဆုံး
ကြက်သားလုံးကြော်..."ရိပေါ်တူလေးနဲ့ညှပ်ကာသူ့ခလေးပန်းကန်
လေးထဲထည့်ပေးတယ်...
ရှောင်ကျန့်လေးလဲပါးစပ်လေး
ပလုပ်ပလောင်းဖြစ်သည်အထိ
အားရပါးရစားတော့တယ်...ရိပေါ်မှာတော့သူ့ခလေးငယ်စားတာကို
ဘေးကတစ်စိမ့်စိမ့်ထိုင်ကြည့်နေရင်း
ဗိုက်ပြည့်လို့နေတာပေါ့...ရှိသမျှစားစရာတွေအကုန်ပြောင်သွားတဲ့
အခါမှာတော့..."ရော့ Green Teaလေးသောက်ပြီးအစာခြေ
လိုက်အုံး Daddyပန်းကန်တွေသိမ်းလိုက်
အုံးမယ်နော်...""ဟုတ်..."
ရိပေါ်ပန်းကန်အထပ်လိုက် မ ကာမီးဖိုခန်း
ဆီယူသွားတယ်...
ဆေးဖို့တာဝန်ကတော့စက်ရုပ်လေးတွေရဲ့
အလုပ်ပေါ့...ရိပေါ်မီးဖိုခန်းကပြန်ထွက်တော့
ထမင်းစာခန်းမှာရှောင်ကျန့်လေးရှိမနေ
တော့ပေ...
ဧည့်ခန်းမှာလဲမတွေ့တာကြောင့်သူ့ခလေး
ငယ်ရဲ့အကျင့်အရအိပ်ခန်းမှာရှိနေလောက်
မယ်ဆိုပြီးအိပ်ခန်းဆီတက်သွားတော့
တွေ့ပါပြီကုတင်ပေါ်မှာမျက်လုံးလေးမှေး
ပြီးအဆီရစ်ကာဇိမ်ခံလို့နေတယ်...
YOU ARE READING
🍁 Beautiful Love 🍁
FanfictionZawgyi ၂၉၈၁ခုနှစ်က Daddyဝမ်နဲ့ ၂၀၂၂ခုနှစ်မှ ခလေးငယ်ရှောင်ရဲ့အချစ်ဇာတ်လမ်း... 🌸 Author - Khin Thida 🌸 🌸 BJYX 🌸 Unicode ၂၉၈၁ခုနှစ်က Daddyဝမ်နဲ့ ၂၀၂၂ခုနှစ်မှ ခလေးငယ်ရှောင်ရ...