Ep - 22

634 50 2
                                    

Zawgyi

ရှောင်ကျန့်နိုးထလာတော့ခုနကအိပ်မက်
မဟုတ်ဘူးဆိုတာသေချာတာမို့သူ့Daddy
ကိုလိုက်ရှာမိတော့တယ်...

နံရံကိုအားပြုလို့မတ်တပ်ထရပ်ရင်း
သူ့Daddyကိုလိုက်ရှာတော့အာတာဆူကီ
ရဲ့လက်ထဲမှာတွေ့လိုက်ရတယ်...

မျက်ရည်တွေချက်ချင်းစို့တက်လာပြီး...

XZ
"Daddy...ခင်ဗျားကြီးဘာလုပ်တာလဲ
ကျုပ်Daddyကိုအခုလွှတ်ပေး..."

အာတာဆူကီ ရှောင်ကျန့်ဘက်လှည့်ရင်း...

ATSK
"ကိုယ်လွှတ်ပေးမှာပေါ့ကွာ သူအသက်
ပျောက်သွားတာနဲ့...'

XZ
"ဟင့် Daddyကိုခုလွှတ်ပေး...
ဟင့် ဦးဦးတို့Daddyကိုကယ်ပေးကြပါအုံး
အီးဟီးဟီး Daddyသေတော့မှာပဲ..."

မထနိုင်တဲ့ကြားကရှောင်ကျန့်ရဲ့ငိုယိုသံ
လေးကြောင့်ဟောက်ရွှမ်းတို့၎ယောက်လုံး
တစ်ယောက်ကိုတစ်ယောက်အားပြုထာ
လာကြရင်းအာတာဆူကီလက်ထဲက
ရိပေါ်ကိုကယ်ပေးဖို့ကြိုးစားကြတယ်...

ဒါပေမဲ့အချည်းနှီးသာ...
အာတာဆူကီလက်၁ဖက်ကရိပေါ်ကို
လည်ပင်းညှစ်ထားလျက်ပဲကျန်လက်
၁ဖက်နဲ့စွမ်းအားကြိုးမျှင်၎ကြိုးထုတ်ကာ
ဟို၎ယောက်ရဲ့လည်ပင်းကိုရစ်ပတ်လိုက်
ပြန်တယ်...

ရှောင်ကျန့်မှာတော့ထိုအဖြစ်အပျက်ကို
ကြည့်ရင်းမျက်ရည်ဆတ်လက်နဲ့
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိငိုပဲငိုနေမိ
တော့တယ်...

XZ
"အီးဟီး ဟင့် အားလုံးကိုပြန်လွှတ်ပေးပါ...
ဟင့် ဟင့် ခင်ဗျားကြီးနဲ့ကျုပ်လက်ထပ်ပါ့
မယ် သူတို့ကိုလွှတ်ပေးပါ..."

WYB
"ခ ခလေး ငယ် အဲ့လို မလုပ်ရဘူး..."

XZ
"Daddy ဟင့် ခလေးအဲ့လိုမှမလုပ်ရင်
Daddyတို့ကိုသူသတ်လိမ့်မယ်..."

WYB
"ခ ခလေးငယ် Daddyကိုချစ်ရင် အဲ့လို
မလုပ်ပါနဲ့..."

YB
"ဟုတ် ဟုတ်တယ်ရှောင်လေး...
ဘယ်လိုပဲ ဖြစ်ဖြစ်ဦးတို့မလွှတ်နိုင် တော့
ဘူး...အဲ့ဒါကြောင့် ရှောင် လေး အနစ်နာ
မခံ ပါ နဲ့..."

ATSK
"ဘယ်လိုဆုံးဖြတ်မှာလဲကြင်ယာတော်လေး...
သူတို့ရဲ့အသက်ကမင်းလေးအပေးမှာပဲ
မူတည်တယ်နော်..."

🍁 Beautiful Love 🍁Where stories live. Discover now