တစ်ရက်မှာ နှစ်ဆယ့်လေးနာရီရှိရင်
အဲ့တစ်ရက်တည်းမှာပဲ လွှဲချော်မှုပေါင်း
နှစ်ဆယ့်လေးခုလောက်ဖြစ်နေတတ်တဲ့
Son Seungwanရဲ့ ဘဝမှာ ဒီတစ်ခါ အလွှဲကတော့ အပျက်အစီးအများဆုံးဖြစ်လိမ့်မယ်ထင်တယ်စားသောက်ခန်းရဲ့ ထောင့်အကျဆုံး စားပွဲဝိုင်းမှာ တိုးတိုးတိတ်တိတ် တွတ်ထိုးနေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အခန်းထဲက လူတွေရဲ့ စူးစူးစိုက်စိုက်အကြည့်တွေနဲ့ မဆုံမိအောင် မနည်းရှောင်လွှဲနေရတယ်
"ငါ... ငါက ဘောလုံးကိုရှောင်ရုံရှောင်လိုက်တာပါဟာ အနောက်မှာ သူရှိနေမယ်လို့ ငါက ဘယ်လိုလုပ်သိမှာလဲ"
ငိုချတော့မလို ပြောနေတဲ့ Seungwan က ကြောက်လွန်းလို့ နှုတ်ခမ်းလေးတွေပါ တဆတ်ဆတ်တုန်နေရှာတယ်
Seulgiမှာ မျက်စိရှေ့မှာရှိနေတဲ့ သူငယ်ချင်းလေးရဲ့ သနားစဖွယ် ပုံစံလေးကြောင့် တူတူပဲလိုက်ငိုရမလိုလို လွှဲပြီးရင်းလွှဲချော်နေတဲ့ Seungwanရဲ့ ဘဝပေးအခြေအနေကိုပဲ လှောင်ရယ် ရယ်လိုက်ရတော့မလိုလို
ဘာလုပ်ရမလဲ မဝေခွဲတတ်တော့တာ
အမှန်ပါ"Seungwan ရယ် နင်ကလည်း ဖြစ်ချင်တော့ သူ့ကိုမှ သွားထိခိုက်အောင်လုပ် မိတာကို
အခု ဘယ်လိုလုပ်မှာလဲ ဒီအခန်းထဲမှာ ရှိတဲ့ လူသုံးပုံနှစ်ပုံလောက်က နင့်ကို ရိုက်ချင်နေကြပြီး ကျန်တဲ့ တစ်ပုံက သတ်ပစ်ချင်နေကြပြီ ထင်တယ်"Seulgi စကားကြောင့် Seungwan ရဲ့ မျက်နှာက ပိုပြီးဖြူဖျော့သွားတယ်
"ငါ သူ့ကို သွားတောင်းပန်လိုက်ရမလား ဒူးထောက်တာပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ငါ အကုန်လုပ်နိုင်တယ် ငါ့ရဲ့ အထက်တန်းပထမနှစ်လေးကိုတော့ အေးအေးချမ်းချမ်းကုန်ဆုံးချင်တာကိုဟာ"
"အဲ့လို လုပ်ကြမလား ဒါပေမယ့် သူက နင့်မျက်နှာကိုတွေ့ရင် ပိုစိတ်ဆိုးမယ်ထင်တယ်"
"ဒါပေမယ့် ငါ့ကြောင့်ဖြစ်တာပဲ ငါ သွားတွေ့သင့်ပါတယ် နင်တူတူလိုက်ခဲ့မယ်မလားဟင်"
အသနားခံနေတဲ့ Seungwan လေးက တကယ်ကို ကာကွယ်ပေးချင်စရာလေးမို့လို့
"ဒါပေါ့ Seungwan ရဲ့ နင်က ငါ့အချစ်ဆုံးသူငယ်ချင်းပဲဟာ နင့်ကို သေတွင်းထဲတစ်ယောက်တည်း မလွှတ်လိုက်နိုင်ပါဘူး"

KAMU SEDANG MEMBACA
Sugar Coated Bluemelon
Fiksi PenggemarWenrene one shot collection လည်း ဖြစ်နိုင်သလို ဒီတစ်ပုဒ်နဲ့လည်းပြီးလိုက်ပြီး ဆက်မတင်ဖြစ်တာလည်းဖြစ်နိုင်ပါတယ်