part 4(zawgyi)

302 6 0
                                    

အလုပ်ကမလွယ်ကူပေမယ့်စိတ်ကတော့အတော်လေးပျော်နေတာမို့ အိမ်ကိုသီချင်းတစ်ညီးညီးနဲ့ တဖြေးဖြေးတရွေ့ရွေ့သတိထားမောင်းလာလိုက်သည်။

အိမ်ပြန်ခံနီးကော်ဖီဝင်ဝယ်နေကြcafe မှာ
ကိတ်လေးတွေကြည့်ရင်း မြောင်နဲ့တူတဲ့ကိတ်ကလေးကိုတွေ့တာမို့ပိုအူမြူးသွားခဲ့ရတာ။
ကိတ်ကလေးမှာက မျက်နှာဝိုင်းဝိုင်းလေးနဲ့ကြောင်လေးပုံဖော်ထားပြီး ဦးထုတ်လေးပါဆောင်းထားတာမို့ သူ့အိမ်ရောက်လာကာစကနားရွက်တွေကိုဖုံးဖို့ beanie ဆောင်းထားတဲ့ကောင်ကလေးနဲ့ တစ်ပုံစံထဲ။

ဒီနေ့ဆိုမြောင်သူ့အိမ်ရောက်တာ ၁ပတ်ပြည့်ပြီ။

ခံစားချက်ကဘယ်လိုပြောရမလဲဆိုတော့
လစ်ဟာနေတဲ့ ဘ၀ထဲ နွေးနွေးထွေးထွေးနေရောင်ခြည်လေးရလိုက်သလိုပဲ။

Bibleမှာချစ်သူရှိတာမှန်သည်။သို့သော်
ဒီလိုခံစားမှုမျိုးမပေးစွမ်းနိုင်။

သူ့ဟာသူ အလုပ်ကိစ္စတွေနဲ့လုံးပန်းကာ ပိုက်ဆံသာဘုရားဖြစ်နေတဲ့ မိန်းမအမျိုးအစားမို့ သူ့ကိုအချိန်မပေး။ ရည်းစားရှိရဲ့နဲ့မနွေးထွေးတဲ့ဘ၀ထဲ အနွေးလုံးအဖြူလေးဝင်လာသလိုပဲ။

အိမ်မှာသူ့ကိုတစ်စုံတစ်ယောက်ကစောင့်ဆိုင်းနေသည်ဆိုတဲ့ခံစားချက်က အလုပ်လုပ်ရာတွင်လဲအားရှိစေသည်။ သူတောင်မသိလိုက်ပဲ အသားကျတာမြန်လွန်းတယ်။

ကိတ်ဘူးလေးကိုခပ်ဖွဖွပုတ်ရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။ဒီချိန်ဆို မြောင်က ဆိုဖာပေါ်မှာ နေရောင်လှုံဖို့က နေ၀င်သွားပြီမို့
Bible၀ယ်ပေးထားတဲ့   အမွေးပွဘောလုံးလေးနဲ့ကစားနေလောက်ပြီ။

အိမ်ပြန်ရောက်တော့ အခန်းတံခါးဖွင့်ပြီးတာနဲ့ လက်ထဲကမုန့်ဘူးကို
စားပွဲခုံပေါ်အမြန်တင်လိုက်သည်။ လုံးလုံး လုံးလုံးနဲ့ ပြေးထွက်လာပြီး ရင်ခွင်ထဲတန်းဝင်လာမယ့်သူရှိလို့လေ။ အတွေးမဆုံးခင်ခြေသံသေးသေးလေးတွေခပ်စိတ်စိတ်ကြားလာရတာမို့ လက်လွတ်စပယ်ပြုံးလိုက်မိသည်။ထို့နောက်လက်၂ဖက်ကိုကြိုဖွင့်ထား
လိုက်ပြီးတော့ မကြာ နားရွက်လှုပ်လှုပ်လှုပ်လှုပ်လေးတွေမြင်ကွင်းထဲဝင်လာသည်။

Meow?(completed) Where stories live. Discover now