part 5(uni)

784 94 19
                                    

" မြှောင်ဘာရှာနေတာလဲ"

မြှောင့်မုန့်လေးတွေပစ္စည်းလေးတွေထည့်ဖို့  Bible၀ယ်ပေးထားတဲ့ခြင်းတောင်းထဲကို ခေါင်းကြီး၀င်ပြီးအတင်းဖြဲရှာနေတာ နာရီ၀က်လောက်ရှိနေပြီ ။ခုထိလဲတွေ့ပုံမပေါ်တာကြောင့်မြင်နေရတဲ့လူကပဲမနေနိုင်တော့ပဲထမေးလိုက်ရသည်။

"မုန့် ..မုန့်"

တစ်လုံးစနှစ်လုံးစနဲ့ Ble...မုန့်...ရေ ဆိုတာတွေကိုတော့ပီပီသသပြောတက်နေပြီ။
ခုလဲ မုန့် လို့ သူ့ဟာသူပြောပြီး နားရွက်လေးတွေလှုပ်ပြကာ အမြှီးလေးကလဲတစ်ရမ်းရမ်းလုပ်နေသေးသည်။
ဒီကလေးမုန့်အရမ်းကြိုက်တာပဲ။

"မနေ့က buibui စားလိုက်တာကုန်ပြီလေ
ကိုယ်ပြောသားပဲ တစ်နေ့၁ထုတ်ပဲစားပါဆိုတာကို မနေ့က၃ထုတ်လုံးကုန်သွားတာကိုးး
ခုတော့ ဘယ်လိုလုပ်ကြမလဲ sundayရောက်ဖို့က၃ရက်တောင်ကျန်သေး"

Buibui ကြိုက်တဲ့ ငါးမုန့်ချောင်းလေးတွေက Mallအကြီးကြီးတွေမှာပဲရှိတာရယ်။ အဲ့တာကြောင့်  Bible က ၁ပတ်ကို ၇ချောင်းပါတဲ့အထုပ်ကြီး ၁ထုပ် အပတ်တိုင်း deli service နဲ့မှာပေးနေကြ။
ဒါပေမယ့် မနေ့က မြှောင်လောဘတက်ပြီး
၃ထုပ်စားလိုက်တော့ ဒီနေ့ကျမရှိတော့ဘူးလေ။

ဆူသလိုပြောလိုက်တော့မျက်ခုံးကတွန့်ချိုးချင်ပြီး နှုတ််ခမ်းကဆူချင်လာသည်။ခနနေတော့ ဟွန့်ကနဲ့လုပ်ကာ Bible ဘက်ကိုနောက်ကျောကြီးလှည့်သွားသည်။

"ဟေးးး စိတ်ကောက်တာလား ကိုယ့်အမှားမဟုတ်ဘူးလေ"

ဘုတ်!

အမြှီးနဲ့ဗိုက်ကို လာပုတ်တာကြောင့် စိတ်ဆိုးနေမှန်းသိလိုက်ပါပြီ။ဒီအဖြူလုံးလေးကလေ Bible နဲ့ရင်းနှီးလာတာအရမ်းမြန်လွန်းတယ်
Bibleကိုကြောက်လွန်းလို့တုန်နေတဲ့ပုံရိပ်လေးကနေခုလိုစိတ်ကောက်ရဲတဲ့အခြေအနေရောက်လာဖို့ လပိုင်းပဲကြာလိုက်သည်။ တခြားလူတွေကိုရောဒီလိုခင်တွယ်မလားဆိုတဲ့အတွေးခေါင်းထဲ၀င်လာတော့ နှာတစ်ချက်မှုတ်လိုက်မိသည်။

"အဲ့တာဆိုကိုယ်တို့ Mallတူတူသွားကြမလား အင်္ကျီလဲ၀ယ်မယ်လေ"

အပြင်ထွက်ရမယ်ဆိုတဲ့အသံကြားတော့အရောင်တောက်သွားတဲ့မျက်၀န်းညိုတွေက ခနနေကြတော့မှိုင်းကျသွားသည်။

Meow?(completed) Where stories live. Discover now