"ဟလို"အိပ်ချင် မူးတူးအသံဖြင့် နိုးနိုးပြောလိုက်သည်။
"နိုးနိုး မင်း ခုချိန်ထိ အိပ်နေတာ ညက ဘယ်ချိန် အိပ်သလဲ"ကောင်းမြတ်က နိုးနိုး အကြောင်း ကောင်းကောင်း သိသူပီပီ ဒီချိန်ထိ အိပ်နေကတည်းက သူသိနေပြီ။
ညက 1 နာရီ မဟုတ်ရင် 3 နာရီပဲပေါ့။
"Noe Noe!"
နိုးနိုးလန့်၍ ဖုန်းကို ပြန်ကြည့်မိတော့ သေပြီလေ။
ကောက်ကနဲ ထထိုင်ပြီး ဖုန်းကို နားမှ ခဏ ခွာ လိုက်ပြီး အသက်ကို ရှူကာ
"အွန်း အသဲပြောလေ ကိုယ် မနက်စာ စားနေတာ"
"လိမ်တာလဲ ကြည့်လိမ်ပေါ့ ကလေးမရဲ့ ဒါ မနက်စာ စားတဲ့ အချိန်လား"
ဖုန်းကို ကြည့်မိတော့ 12 ဖြစ်နေပြီ။
သေလိုက်ပါတော့လား စနိုးရယ်..
"ကဲပြော ဒီနေ့ အတန်းလဲ လွတ် သွားသလို မနက်စာလဲ လွတ်ပြီ ညက မောင် ဘာပြောသလဲ မင်းကို စောစော အိပ်ပါလို့ မောင်မပြောမိလေရောလား"
မောင်သည် စည်းကမ်းကြီးမားသူ ပီပီ စကားက အစ လက်လွတ်စပယ်မပြောပေ။ သူပြောသည့်စကားများသည် အမြဲ စည်းကပ်တင်းကြပ်သူ သကဲ့သိူ့သာ။
"Sorry မောင်ရယ် ညက မအိပ်ချင်တာနဲ့ ကော်ဖီသောက်မိတာ ညနေစောင်းမှ အာ့တာ ညကျ မအိပ်ဘူး ဖြစ်သွားတာ ဟီး"
လေပြေသွေးရတော့မယ်လေ။ မဟုတ်ရင် ဆူခံ ရရင် တခါနဲ့မပြီး ..
"ဟုတ်ပါပြီ မောင်ရယ်လို့ ပြောကတည်းက ကိုယ်က အရည် ပျော်နေပြီးသားပါကွာ အဟားး"
"နိုးလေး မျက်နှာသွားသစ် ပြီးရင် ကိုယ်လာခေါ်မယ်"
"ဟွန် ဘယ်ကိုလဲ မောင်ရဲ့"
"ဒီနေ့ကဘာနေ့လဲ"
မောင့်အသံမှာ မှတ်မိသလား မေ့လျော့နေသလား ဆိုတဲ့ အသံလိုမျိုး ဖြစ်နေတာ သတိထားမိေနပါတယ်။
"ကိုယ် ဒီနေ့ကို မေ့ မယ်လို့ မောင် ထင်သလား"
မောင့်ဆီက ကျေနပ်ရိပ် ရယ်သံလေးများကြားလိုက်ရသည်။
"ဟုတ်ပြီ ဒါဆို ကိုယ် သွားရမဲ့ အကြောင်း နိုးလေး သိပြီ ဆိုတော့ ကိုယ့်ကို အကြာကြီး မစောင့်ခိုင်းဘူးမလား"