"အင်း ဟင်း"
ခေါင်းထဲမှာ ရီဝေဝေ နဲ့ မျက်လုံးကို အားပြုပြီး ဖွင့်ကြည့်တော့ အခန်းတခုထဲ ရောက်နေပုံပဲ ။
"အာ ငါဘာလို့ ဒီအခန်းထဲရောက်နေတာလဲ ကျွတ်"
နထင်ကို လက်နဲ့ဖိပီး ပြန်စဉ်းစားကြည့်တော့
"ဟင် "
ဘုရားရေ ငါဘယ်ကို ရောက်နေတာလဲ ဘသူက ငါ့ကိုခေါ်လာတာလဲ။ ထိုအချိန်
ဖျပ်
"ဟင် မီးပျက်သွားတာလား"
"အဲ့လိုဆိုရင် epc ကို စောက်ခွက်သွားရိုက်မှာပေါ့"
ရုတ်တရက် အလင်းရောင် အခန်းကို ဖြန့်ကျပ်လိုက်တော့
"မောင်"
"အဟွန်း ဒီအသံလေး က အံ့ဩတာပေါ့"
မယုံနိုင်တဲ့ မျက်ဝန်းတေနဲ့ မျက်မှောင်ကျုံပြီး စူးစိုက် ကြည့်နေတဲ့ သူမ ။အင်း ဒီလိုဆို စိတ်ကောက်တော့မယ် ထင်ပါတယ်။
"မောင် ဘာလုပ်တာလဲ ။ပြောတော့ မောင် အလုပ်နဲ့ခရီးသွားတာဆို ခု ဘာလို့ ကျမ ဘေးမှာရောက်နေတာလဲ "
"ကျမ?"
"ပြီးတော့ အိမ်ကို လာတာကရော မောင်ပဲလား ပြီးတော့ ကျမ ဘာဖြစ်သွားတာလဲ ။ဒီကို ရော ဘာကြောင့်ရောက်နေတာလဲ။ ဒါကရော ဘယ်နေရာလဲ။ မောင့်လက်ချက်တေပဲလား"
မနားတမ်း မေးခွန်းတေမေးနေတဲ့ သူမရဲ့ ဆူကောက်ကောက် နှုတ်ခမ်းလေးကြောင့် ကိုယ့်မှာ မေးခွန်းတေလဲ အာရုံမရောက်နိုင်အောင်ပင်။
"ကိုယ် နမ်းမိတော့မယ် ထင်တယ်"
"ဟမ်"
"မောင် ရူးနေလား၊မေးတာဖြေ "
"ပထမတချက် အိမ်ကိုလာတာ မောင်မဟုတ်ဘူး ဒါမဲ့ မောင်ခိုင်းတာ၊ပြီးတော့ မင်းက မေ့ဆေး မိသွားတာ၊ဒီနေရာက ဘယ်နေရာလဲ တကယ်မသိဘူးလား"
ခဏလောက် ငြိမ်သက်ပြီးတဲ့နော် မောင်က ကျမလက်ကို ကိုင်ပြီး အခန်းတံခါးကို ဖွင့်လိုက်တယ်။ လမ်းအနည်းငယ်လျှောက်ပြီး နေရာ တခု ရောက်တော့
"မျက်လုံးမှိတ်"
"ဟမ်"
"ကြာတယ်ကွာ" ဆိုပြီး သူကိုယ်တိုင် မျက်လုံးကို လက်နှဖက်ဖြင့် အုပ်ပြီး တရွေ့ရွေ့ သွားနေပြီးနောက်...