သူမကို ဦးငယ်ကစိတ်ဆိုးသွားတယ်

36 2 2
                                    

ဦးငယ် ကိုအခုလို ကြီးတွေ့ လိုက်ရတော့ လည်း လွင့်စိတ်တွေမတည် ငြိမ်ဖြစ်လာရသည် အသိစိတ်ထဲမှလုံးလုံးကလည်း စိတ်မလှုပ်ရှားဖို့‌ပြောနေပေမဲ့

လွင့်ကတော့ စိတ်လှုပ်ရှားတာရော ဦးငယ်ကို မြင်နေရတာရော‌ကြောင့် ဝမ်းနည်းဝမ်းသာ ဖြစ်ပြီး မျက်ရည်များပင်ကျလာရသည် စောစောကလို ဟန်ဆောင်မျက်ရည်ကျတာမဟုပ်မှန်း လွင့်သေချာသိသည်လေ

အနောက်တိုင်းဝတ်စုံကို သေသက်စွာဝတ်ထားတဲ့ဦးငယ်က ခန်းနားလွန်းတယ် ဘာနဲ့မှလိုက်မမှီနိုင်ဘူး စီးပွားရေး လူမှု့ ရေး ကြင်နာမှု့ ‌နွေးထွေးမှု့  တွေအားလုံးက သာလွန်နေသည့်ဦးငယ်က အရင်အချိန်တွေမှာဆို လွင့်တစ်ယောက်ထဲကိုသာ ဦးငယ်ကမပေးခဲ့တာပါ

ဦးငယ်ဘာလို့များလွင့်ကို မျက်နှာသာမ‌ပေးခဲ့တာလည်းဆိုတာကိုတော့ လွင့် မသိခဲ့ရဘူး ဒီတစ်ကြိမ်တော့မတူတော့ လွင့်သေ ခြာပေါက်‌ပြောင်းလည်းမှာပါ လွင့်ယုံ ကြည်တယ်

*လွင့် မင်းဦးငယ်ကို မင်းဘက်စိတ်ရောက်အောင် ကြိုးစားနော် ကြာပန်းဖြူလေး လုပ်မှ ဖြစ်မယ် ဒါမှ မင်းကိုသတိထားမိမှာ *

*အင်းပါ လွင့်သိပါတယ် လုံးလုံးရဲ့ ကူညီပေးဦးနော် လွင့်ကို ဦးငယ်က မုန်းနေမှာလားမသိဘူး *

*မဟုပ်တာ မင်းနဲ့ သူနဲ့ကမတွေ့ ဘူး ကြဘူးလေ အခုမှပထဆုံးပဲ သူလည်းမင်းကို သတိထားမိမှ မင်းအ‌ကြောင်းစုံစမ်းမှာပေါ့ ဒါတောင် တော်တော်လေးသတိထားမိမှ လုပ်မှာထင်တယ် မင်းက သူမင်းကို သတိထားမိအောင်လုပ်ဖို့ပဲလိုတယ် *

*အင်းပါ နားလည်ပါ ပြီ *

လွင့်တို့ ရှိတဲ့ လူအုပ် ကြားထဲကို ‌ခြေလှမ်းမှန်မှန်နဲ့ ဝင်လာတဲ့ ဦးငယ်က ဆိုင်မှ ဝန်ထမ်းတွေကိုရော ဘေးပတ်ပတ်လည်မှာ ရပ် ကြည့်နေ ကြတဲ့လူအုပ် ကြီးကိုပါလှည့် ကြည့်ကာ ‌ပြောနေသည်

"ကျွန်တော်က ဒီကုန်တိုက်ရဲ့ပိုင်ရှင်ပါ ကျွန်တော်ဒီ ပြသနာကို ‌ဖြေရှင်းပေးမှာမို့ လူ ကြီးမင်းတို့ ဝယ်စရာရှိတာတွေကို ‌အေးအေးဆေးဆေး ဝယ်ယူနိုင်ပါတယ် အားလုံးပဲ သွားလို့ရပါ ပြီ "

လွင့် - နောက်တစ်ကြိမ် အခွင့်အရေးWhere stories live. Discover now