ကြာပန်းဖြူလေးလုပ်ဖို့ အဆင်သင့်ဖြစ်ပြီ

165 1 0
                                    

လွင့်တစ်ယောက် အာရုံတစ်ချို့ကို မူလ ခန္ဒာသို့ ပို့တဆာင်လိုက်တယ်ဆိုပဲ အချိန်တော်တော်များများနောက် ပြန်ဆုတ်သွားခဲ့တယ် အခုဆို လွင့်အသက်က 16 နှစ်

မူလအတိုင်းသာဆို လွင့်အသက် 16နှစ် ပြည့် ပြီးဆို ဦးငယ်က မွေးစားဖို့ မိဘမဲ့ ဂေဟာမှ လွင့်ကို လာခေါ်သွားတာ ဖြစ်သည် ဂေဟာမှာဆို လွင့်က မည်သူနဲ့မှ စကား‌ပြောဆိုချင်းသိပ်မရှိ အေးအေးဆေးဆေးနေတက်သူ ပီသစွာပဲ တစ်နေရာရာမှာသာ စာအုပ်တစ်ချို့နဲ့သာ အချိန်ကုန်ဆုံးတက်သည်

အရင်အတိုင်းသာဆို လွင့်မှာ အပေါင်းအသင်းသိပ်မရှိပေ ချစ်စရာကောင်းတဲ့ မျက်နှာလေးအား ပိုင်ဆိုင်ထားတဲ့လွင့်ကို လူတိုင်းက ခင်ချင်ကြသည် အနေအေးလွန်းတာ‌ကြောင့် လွင့်က ခေါ်ထူး မေး‌ပြောသာရှိသည် အခုကစ ပြီး‌ပြောင်းလဲ ရတော့မှာပေါ့

*အသံရှင်ရေ လွင့် ကိုအမည်လေးများ မ‌ပြော ပြချင်ဘူးလား ခေါ်ဖို့ရာ အဆင်မ‌ပြေလို့ပါ *

*အယ် ငါက အမည်မရှိဘူး မင်းခေါ်ချင်သ‌လိုသာ‌ခေါ်ငါက အကောင်အထည်မှ မရှိသေးတာ 😪*

* လုံးလုံး လို့ပဲခေါ်မယ် အဆင်‌ပြေလား ငါတို့က အသက်ကွာမယ်မထင်လို့လေ ရတယ်မှတ်လား *

* အသက်ကွာတာပေါ့ကွ ငါတည်ရှိနေတာ မင်းမမွေးခင်ထဲကလေ ထားပါတော့ လုံး ဆိုတော့လည်း လုံးတာပေါ့ ဒါနဲ့ မင်းအရင်တိုင်းပဲ နေလို့တော့မရဘူးနော် မင်းအကျင့်အမူအရာတွေ အားလုံး ပြင်ဖို့လိုတယ်နော် ပုံစံပါ ပြင်လိုက်ကွာ ပိုကောင်းတာပေါ့ *

* အင်းပါ *

လွင့်တစ်ယောက်တော့ နေ့သစ်တွေ စဖို့အတွက် အားအင်ရှိအောင် ရေးချိုးဖို့ စတင်လိုက်တယ်

ဒါဆိုရင် ဦးငယ်ကို တွေ့ ရဖို့ သိပ်မလို‌တော့ဘူးပေါ့ အခွင့်အရေးပေးတဲ့ ကံ ကြမ္မာကိုရော လုံးလုံးကိုပါ ကျေးဇူးတင်ဖို့လည်း မမေ့ပေ

‌ရေမိုးချိုး ပြီး သင့်တော်ရာ အဝတ်တို့ကို လဲလိုက် ပြီး ဂေဟာမှုးဆီကို အရင်လိုပဲ မ ပြတ်မကွက် စာအုပ်ယူဖို့ သွားလိုက်သည်

ဂေဟာဆိုပေမဲ့ အရမ်း ကြီး အဆင်မ‌ပြေတာမျိုးမရှိဘူး ဒီဂေဟာက ဦးငယ် ဖွင့်ထားတဲ့ဂေဟာတွေထဲက တစ်ခုပေ ဦးငယ်က မိဘမဲ့ ခလေးတွေအတွက် ဂေဟာ‌ကို အ ပြည့်အဝထောက်ပံ့ပေးတယ်

လွင့် - နောက်တစ်ကြိမ် အခွင့်အရေးWhere stories live. Discover now