" ရား...!! "
မနက်ခင်းရဲ့တက္ကသိုလ်ကျောင်းဝန်းကြီးထဲသို့
အမောတကောနဲ့အသည်းအသန်း ပြေးလာသူသည်
ကျောင်းချိန်နောက်ကျတော့မည်မို့ ဖြစ်သည်။
အချိန်တိုင်းအမြဲတမ်းကျောင်းနောက်ကျတတ်သည်မို့
ကျောင်းက အတန်းပိုင်ဆရာသည်ပင်
မျက်မုန်းကျိုးနေသည်။အနက်ရောင်Hoodieသည် JungKookie
အမြဲဝတ်နေကျ၊ အနက်ရောင်တွေကြီးဖြင့်
အခန်းတစ်ခုလုံး၊ အဝတ်ဗီရိုတစ်ခုလုံး
ပြည့်နေတတ်သည်။
အခုလဲကျောင်းနောက်ကျ၍ hoodieတစ်ထည်ကို
ကောက်ယူဝတ်လာတာ၊ လျှော်ပြီးသားလား
မလျှော်ရသေးတာလားတော့မသေချာ၊
သို့သော် ကိုယ်သင်းနံ့လေးကပြောစရာမရှိတာမို့
မလျှော်ရသေးတာဆိုလည်း ဘာဖြစ်လဲ၊
ကွန်ဖီးဒန့်အစ်စ်လယ်ဗယ်ဆိုးဟိုက်ပါပဲ။" နောက်ကျပြန်ပြီလား... "
အခန်းထဲဝင်ဝင်ချင်း ဆရာနှင့်တန်းတိုးတော့
တာမို့ခေါင်းလေးငိုက်၊ခါးလေးညွှတ်ကာ
အတန်းထဲလှစ်ခနဲ့ဝင်လိုက်သည်။" ဟုတ်ကဲ့ နည်းနည်းလေး..."
hoodieအနက်ရောင်နဲ့ မျက်မှန်အဝိုင်းကလဲ
တပ်ထားသည်၊ဆံပင်တွေကလဲ ကပိုကရို၊
အချိန်တိုင်းဖရိုဖရဲနဲ့ ၊ ဒါတောင်ဒီကောင်မျိုးသည်
ကျောင်းတွင် ကျောင်းသူတိုင်းရဲ့အသည်းစွဲတဲ့၊
အံ့ပါ့။" အချိန်တိုင်း နောက်ကျနေတော့တာပဲ ဒါက
ဆရာကိုလဲ လေးစားမှုမရှိ၊ အတန်းဖော်တွေကိုလဲ
လေးစားမှုမရှိတဲ့ အပြုအမူပဲ .... "" တောင်းပန်ပါတယ် Sam..."
ရုပ်တည်ဖြင့် အတန်းရဲ့ဟိုးနောက်ဆုံးက
ခုံတစ်ခုကိုဆွဲယူထိုင်လိုက်သည်။
ဘေးထိုင်ခုံက လူကိုကြည့်မိတော့အိပ်နေတာ
ဟောက်တောင်ဟောက်နေသည်။
JungKookieကအမြဲတန်းကျောင်းနောက်ကျကာ
အချိန်မလေးစားသူဆိုရင် ဘေးကParkJimin
ဆိုသည်ကအချိန်တိုင်းပေကပ်ကာ အိပ်ပျော်
နေတက်သည်။ပါးလှပ်နေသောအဖြူရောင်အက်ျီကို
ဝတ်ထားသောအိပ်ပျော်နေသူသည်
ပန်းနုရောင်ဆံသားတွေနဲ့ အမြင်ကပ်စရာကောင်းသည်။
Jiminသည်ကျောင်းတွင် squad ဖြင့်
နေသည်၊ အလှပဂေးကောင်တွေကြီးစုနေသည်။
အချိန်တိုင်းမှန်တစ်ချပ်ဖြင့်ကေသနေတတ်သည်။
တခါတရံတွင် squad လိုက်ကြီး ခေါင်မိုးထပ်တွင်
မျက်နှာပေါင်းတင်နေတတ်ကြသည်။
အဆန်းတွေကြီးပါပဲ။
YOU ARE READING
One Short 💌