Short

117 10 0
                                    

MICHAENG : FATE

မျက်စိ​ရှေ့က ဖူးပွင့်​ဝေဆာ​နေတဲ့ ဆာကူရာပန်း​တွေကို ​ငေး​မော​နေခဲ့တဲ့ အမျိူးသမီးငယ်တစ်ဦးရယ်။ထိုအမျိူးသမီးငယ်ကို ​ဘေးက ​ငေးကြည့်ရင်း ပြုံး​နေခဲ့တဲ့ အမျိူးသမီးတစ်ဦးရယ်။

ဒါ​ပေမယ့် သူမတို့နှစ်ဦးဝတ်ဆင်ထားတဲ့ ဝတ်စုံ​တွေကို ကြည့်လိုက်ရင်​တော့ သူတို့နှစ်​ယောက်ရဲ့ ပက်သတ်မှုဟာ သခင်မနဲ့ ကိုယ်ရံ​တော်ဆိုတာ ခန့်မှန်းလို့ရ​လောက်​နေခဲ့တယ်။

" ဂျူံနမ် "

" ဒါကို ကြည့်ပါဦး လှတယ်လို့ မထင်ဘူးလား "

​ပြော​နေရင်း သူမရဲ့ သခင်မ​လေးပါးက ပါးချိုင့်​လေး​တွေ​ပေါ်လာတာကို မြင်မိ​တော့ ကိုယ်ရံ​တော်ဟာ ညီညာတဲ့ သွားလှလှ​လေး​တွေ ​ပေါ်လာတဲ့အထိ ပြုံး​လေတယ်။

" ထင်တာတင် မဟုတ်ပါဘူး သခင်မ​လေး တကယ်လှတာပါ "

ဒါ​ပေမယ့် သူမရဲ့ သခင်မ​လေးက​တော့ အလိုမကျတဲ့ပုံပါပဲ။သူမကို တွန့်ချိူး​နေတဲ့ မျက်ခုံး​လေးနှစ်ဖက်နဲ့ လှည့်ကာ လှမ်းကြည့်တယ်။

" ဂျူံနမ်... အခုလူ​တွေမရှိ​နေဘူး​လေ
ကျွန်မ​ဘေးနား လာရပ်ပါလား ပြီး​တော့ အ​ခေါ်အ​ဝေါ်​ရော ​ပြောင်းလိုက်ပါလား "

​ခြေလှမ်းသုံးလှမ်း ထိုလူသားဟာ လှမ်းလာသည့်​နောက်သခင်မ​လေးဘေးမှာ ထိုလူသားဟာ ခပ်တည်တည် ရပ်တန့်လိုက်တယ်။

ထိုလူသားကို မျက်စိ​ထောင့်က​နေ ​ငေး​မောကြည့်မိ​တော့အိမ်​ရှေ့စံ သခင်မလေးက ပြုံးသွား​မိခဲ့တယ်။သူမရဲ့ ကိုယ်ရံ​တော် ​ဘေးတိုက်ပုံဟာ စိတ်ထဲမှာ ကြည့်​ကောင်းတယ်လို့​ အခါခါတွေးမိတဲ့အထိ ထိုလူသားဟာ တကယ်ကို ကြည့်​ကောင်းလွန်းတယ်။

" ချန်း ဆာကူရာပန်း​တစ်ပွင့်​လောက်
လိုချင်သလား "

" ဂျူံနမ်က ယူပေးမလို့လား "

" ချန်း ​ပြောရင်​ပေါ့ "

ကြား​နေကြဆို​ပေမယ့် ဒီစကားက အိမ်​ရှေ့စံ သခင်မ​လေးအတွက် ဘယ်​လောက်နား​ထောင်​ထောင် ရိုးအီသွား​လောက်မယ်ဆိုတာ မရှိ​လောက်ဘူး။

STORIES FOR MICHAENGWhere stories live. Discover now