' အနေဝေးလို့သွေးအေးသွားတယ် မင်းထင်လိမ့်မယ် '
' တကယ်တော့ ကြိုးစားပြီးမေ့ခဲ့ရတယ် '
ရေဒီယိုမှလာသော အဆိုတော်၏အသံက နားထဲဝင်တစ်ချက်မဝင်တစ်ချက်ဖြစ်နေ၏။ဦးနှောက်နဗ်ကြောလေးတွေရဲ့ လှုံ့ဆောက်ချက်အရ ငါ့မျက်ခုံးတွေ စုကြုံ့သွားတယ်။အလိုမကျတဲ့ပုံပန်းသွင်ပြင်လိုပဲ။ငါက သဘောဆိုးတဲ့သူဖြစ်တယ်။
ငါက အချိန်တိုင်းမျက်မှောင်ကြုတ်ထားလေ့ရှိတာကြောင့် ခင်ဖို့မကောင်းတဲ့သူဖြစ်နေ
သေးတယ်။ငါရဲ့မျက်နှာက ကြည့်ပျော်ရှုပျော်လောက်သာ ရှိပြီး ငါရဲ့အာရုံအလုံးစုံက လက်ထဲကစမတ်ဖုန်းမျက်နှာပေါ်က ဟိုရွေ့ဒီရွေ့လုပ်ရတဲ့ချိုချဥ်လေးတွေအပေါ်မှာ တသတ်မတ်တည်းရှိမနေဘူး။အထူးသဖြင့် ဒီသီချင်း....
ငါ့ရဲ့နားထဲ ကန့်လန့်ဝင်လာတဲ့သီချင်းဖြစ်တယ်။ငါက ကိစ္စနှစ်ခုကိုပြိုင်တူမလုပ်နိုင်ဘူး။ဥပမာ - ဂိမ်းဆော့ရင်း သီချင်းနားထောင်တာမျိုးက ငါ့ကိုအလွန်အမင်းစိတ်ရှုပ်သွားစေတယ်။ပြီးတော့ ငါရောက်နေတာ လတ်တလောနာမည်ကြီးနေတဲ့ ကဖေးတစ်ခုဖြစ်တယ်။' ပြန်လည်ပြီးလှည့်မကြည့်ရဲတဲ့ တစ်ချိန်က '
သီချင်းစာသားကို သေချာနားထောင်လိုက်တဲ့အခါ ငါကမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုရွေးလိုက်တယ်။ဒါက ဆိုင်ရှင်ကိုပြောပြီး သီချင်းပြောင်းပေးဖို့နဲ့ သီချင်းကိုပိတ်ပြစ်ဖို့ပဲ ဖြစ်တယ်။ငါက လူအများနဲ့ဆက်ဆံရတာကို ရွေးချယ်လေ့မရှိသူမလို့ အမုန်းခံပြီးသီချင်းကိုကိုယ်တိုင်သွားပိတ်လိုက်တာက ပိုထိရောက်စေမယ်လို့ ပုံသေတွက်ချက်ထားတယ်။
ဒီဘက်ခေတ်ကြီးထဲမှာ ဆေးကုသစရိတ်တွေကစျေးကြီးလာတယ်။ငါဟာ နွမ်းပါးတဲ့သူ။သေရာပါဒဏ်ရာတွေအတွက် အပြီးတိုင်ပျောက်တဲ့ဆေးဆိုတာ မရှိဘူး။အဲ့ဒီနောက်မှာ ရဲဆေးတင်တဲ့အနေနဲ့ မျက်တောင်နှစ်ချက်ကို ခပ်သာသာပုတ်ခတ်ပြီး အနီရောင်အပိတ်ခုလုတ်ကို လက်လှမ်းတယ်။
' ဒီစာကိုဖွင့်လို့ မဖတ်တော့ဘူး '
ပိတ်ဖြစ်တော့မယ် မထင်ဘူး။
YOU ARE READING
အပိုင်းအစတွေကို ကောက်ယူသည်
Historia Cortaကျိုးလွယ်ပဲ့လွယ်သော ခံစားချက်များကို အခမဲ့ဝယ်ယူသည်။ပျက်စီးယိုယွင်းလွယ်သော အမှတ်တရများကို လိုက်လံသိမ်းဆည်းသည်။အသုံးမလိုသော အရာများကို စွန့်ပြစ်တတ်သည်။