(Ep.5)

1.2K 143 91
                                    

အလုပ်စားပွဲထက် တတောက်တောက်ခေါက်နေသောလက်သည်းနီနီ။ မေးကိုထောက်၍အပျိုဖျန်းလေးသဖွယ် စိတ်ကူးယဥ်နေသူကတော့တခြားမဟုတ်။

" Mrs.Kim စုံစမ်းခိုင်းထားတာတွေရပါပြီ"

" ကောင်းပြီ ငါ့ကိုပြ"

ရောက်လာတဲ့အတွင်းရေးမှုူးက ဖိုင်တချို့ကိုသူမထံလွှဲပေးလိုက်တော့ စိတ်ဝင်တစားစစ်ဆေးသည်။

နောက်မှာတော့။ သူမ၏နှုတ်ခမ်းရဲရဲတစ်စုံဟာတွန့်ချိုးသွားလေတော့သည်။

" မင်းသွားလို့ရပြီ အတွင်းရေးမှုူးChin။ တာဝန်ကျေခဲ့ပါတယ်။"

" ဟုတ်ကဲ့ဗျ။ သွားခွင့်ပြုပါဦး။"

အတွင်းရေးမှုူးထွက်သွားသော်။ ထိုင်ခုံနောက်ကိုမှီလိုက်ပြီး ဖိုင်ထဲရှိဓာတ်ပုံကို လက်နှင့်တောက်ကာဆိုသည်။

" တစ်ခါပဲတွေ့ဖူးသေးတဲ့ချာတိတ်။ မြောင်းဖောက်ပေးခဲ့တာကို မင်းဘက်ကအခုထိဆင်းမလာသေးတော့ ဒီကပဲမနေနိုင်မထိုင်နိုင်ဖြစ်ပြီး စုံစမ်းခိုင်းရတာပေါ့။

Jeon Jungkookတဲ့လား။ ဟမ့်~ ဒါဖြင့် Jeon Group နဲ့ပတ်သပ်ရဦးမှာပဲ။"

ခတ်ထေ့ထေ့ရယ်သည့်သူမက အကြံများစွာကိုထုတ်နေဟန်။ ကြွေဆင်းသွားရသည့်ထိုကောင်လေး။

ရူပါကအစ Bodyအဆုံး သူမလိုချင်သည့်Typeမျိုးပင်ဖြစ်သည်။

အပိုင်ရအောင်ကြိုးစားမည်။ ဘယ်လိုပင်Play Boyဖြစ်နေပါစေဦး Kim Haru နှင့်တွေ့ပါက တမ်းတမ်းဆွဲပင်ဖြစ်သွားနိုင်သည်။

ဒီတော့။ မကြာခင်ထပ်တွေ့ကြတာပေါ့ ချာတိတ်ရယ်။

______

" ငါပြန်လိုက်ပို့ရမလား"

" နေ ငါဟာငါပြန်နိုင်တယ်"

အားပုလင်းချိတ်ပြီးလို့ဆေးရုံကပြန်လာသည့်နှစ်ယောက်။ Center မှာကားထားခဲ့တဲ့အတွက်Jungkookက လိုက်ပို့ပေးမယ်ပြောတော့လည်း သူကခေါင်းမာနေသေးသည်။

" မင်းရဲ့ကား Center မှာကျန်ခဲ့တာမလား။ ဒီကြားထဲ လမ်းလျှောက်ပြန်ရင်အဝေးကြီးဟာကို။"

" ကိစ္စမရှိဘူး။ ငါ့ကိုအားနည်းတဲ့လူတစ်ယောက်လိုမဆက်ဆံပါနဲ့Jungkook။ အဲ့ဒါက ငါ့ကိုပိုပြီးအားနည်းစေတယ်။"

( The Semes)Where stories live. Discover now