( There are some warnings in this scene, so skip if you don't like it.⚠ )
_____________________________
Yoongi ပိုင်တဲ့ စားသောက်ဆိုင်ကိုသွားဖို့လုပ်သော်လည်း မနက်စောစော ရှယ်ရာကိစ္စနှင့် ပြဿနာရှာနေ တဲ့အဖေကြောင့် စိတ်ကမကြည်ချင်တော့။
ဒီအတွက်။ ဖြစ်ချင်ရာဖြစ် ပြောရာပြောဆိုပြီး ပြန်မပြောနားမထောင်လုပ်ကာ ဆိုင်ကယ်တစ်စီးနှင့်မြို့ပတ်နေလိုက်သည်။
လမ်းမှာအတွဲအချို့ကိုမြင်တော့ Babe ကိုလွမ်းလာသည့်စိတ်ကဆိုင်ကယ်ရပ်ရန်တိုက်တွန်းသည်။
ထိုသည်ကြောင့်။ ဆိုင်ကယ်ကိုလမ်းဘေးမှာရပ်လို့ J's ဟူသော သူမှတ်ပေးခဲ့သည့် contact လေးကိုနှိပ်လိုက်တော့သည်။
တူ~ တူ~ တူ~
ခဏမျှကြာပြီးနောက် တုန်ခါလာခြင်းနှင့်အတူ ကြားချင်သည့်အသံဩဩကပေါ်ထွက်လာသည်။
" ဟယ်လို Babe မင်းဒီနေ့အားလား"
" ....ငါလောလောဆယ်....မအားသေးဘူး"
" အသံက_ Babe မင်းအခုဘာတွေလုပ်နေတာလဲ။"
မောဟိုက်နေသည့်အသံကြောင့်မေးလိုက်သည်။ အတွေ့ကျုံရှိသူမို့ ထိုကဲ့သို့မောဟိုက်သံက သွေးရိုးသားရိုးမဟုတ်တာရိပ်မိ၏။
ဖုန်းကိုတင်းတင်းဆုပ်ကိုင်းရင်းအဖြေကိုစောင့်နေရသည်မှာရင်အစုံပေါက်ထွက်မတက်ပင်။
" ငါ ရေကူးကန်မှာ။ လျှောက်တွေးမနေနဲ့"
" ရေကူးကန်ကိုဘာကိစ္စနဲ့လဲ"
" ရှယ်ရာရှင်ပါတီလေ "
" မနက်ခင်းကြီးမှာရေကူးပါတီတဲ့လား"
ထိုအမေးကြောင့်တစ်ဖက်က တိတ်ဆိတ်သွားသည်။ သို့သော်လည်းပြန်ဖြေလာသေးသည်။
" မင်းအခုငါ့ကိုသံသယဝင်နေတာလား J"
" ငါမင်းကိုသံသယဝင်တယ်လို့တစ်ခါမှမပြောဘူး။ မနက်ခင်းမှာရေကူးပါတီလုပ်ရတဲ့အကြောင်းကိုပဲမေးတာ။"
" သူတို့လုပ်တာငါဘယ်လိုလုပ်သိမှာလဲ"
" ထားလိုက်တော့Babe။ ငါမင်းကိုလွမ်းလို့ဆက်တာ။ ငါဖုန်းချလိုက်တော့မယ်။"
YOU ARE READING
( The Semes)
Fanfiction"ကိုယ့်အောက်မှာနေလိုက် Babe။ မင်းရဲ့တောင်းဆိုသံတွေအထပ်တလဲလဲကြားသွားစေရမယ်။" " စိတ်ကူးယဥ်မနေနဲ့ မင်းကငါ့အတွက်ကုန်းပေးရမှာ။" Guest the bottom🤭 Taekook (or) Vkook