တိတ်ဆိတ်ွန်းလှသော ညနေခင်းတွင် လမ်းမကြီးရှိကားများ အပြိုင်အဆိုင် မောင်းနှင်ကြသည်။ ထိုအချိန်တွင် ကောင်လေးတစ်ယောက် မီးနီနေသည့် ကြားကပင် အလောတကြီးလမ်းဖြတ်အကူ အရှိန်နှင့် မောင်းလာသော ကားနှင့် တိုက်မိတော့သည်။
" ကျွီ............... ဒုန်းးးးးးးးးးး......"
"အားးးးးးးးးးးးးးးး!!!!!!!" အော်သံနှင့်အတူ အလန့်တကြား အိပ်ယာမှထလိုက်သည်။ ချွေးများလည်း ရွဲနစ်နေသည်။ " Hyung... Hyung...... Wae?????" ကောင်လေးတစ်ယောက်အော်သံကြား၍ အိပ်ယာမှ ကမန်းကတန်းထကာ Luhan စီပြေးသွားလိုက်သည်။
Luhanလည်းချွေးများသုတ်ကာ " Hyung...... ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း
အိပ်မက်ဆိုးမက်တာပါ။ ပြန်အိပ်လိုက်တော့နော်Hun. မနက်ဖြန်မနက် praticle ဆင်းရဦးမယ်လေ။ Hyung လည်းပြန်အိပ်လိုက်မယ်နော်။" Luhan ပြောပြီးစောင်ကိုခြုံ၍ Hunနှင့် ဆန့်ကျင်ဘက်သို့လှည့်လိုက်သည်။
**Hyungရယ်.....မက်လိုက်တဲ့အိပ်မက်ဆိုးတွေပါလား???**Hunလည်း စောင်ခြုံကာ ပြန်အိပ်လိုက်သည်။
ကျွန်တော် Hun စိတ်ပူမှာစိုး၍သာ ကြောက်စိတ်ကို မနည်းမျိုချ၍ အဆင်ပြေ ယောင်ဆောင်လိုက်ရသည်။ ကျွန်တော် ထိုကဲ့သို့အိပ်မက်ဆိုး မက်နေသည်မှာ နှစ်နှစ်နီးပါးရှိခဲ့ပါပြီ။ အမှန်တိုင်းဝင်ခံရလျှင် ကျွန်တော် ဆေးကျောင်းအဆောင်နေသည်မှစ၍ ထိုကဲ့သို့ အိပ်မက်ဆိုးများမက် နေခြင်း ဖြစါသည်။ ကျွန်တော် ဆက်မတွေးတော့ပဲအိပ်ပျော်အောင်သာ ကြိုးစားလိုက် သည်။ အနက်ဖြန်မနက် praticle ဆင်းရမည် ဖြစ်သောကြောင့် အိပ်ရေးပျက်လို့မရပေ။ ထို့ကြောင့်အိပ်ပျော်အောင်သာ ကြိုးစားလိုက်သည်။
Next Morning~~~~~~~~
Kai တစ်ယောက် Luhanတို့ နေရာအခန်းသို့ ပြေးလာ၍ တံခါးဆောင့်ဖွင့်ကာ Chenတို့Xiuminတို့အရှုံးပေးလောက်သော အသံဖြင့် အော်နိုးလိုက်သည်။
" Lu hyungနှင့် Hun တို့ထကြတော့!!!! Praticleဆင်းချိန်ရောက် တော့မယ်။ နောက်ကျလို့မရဘူးနော်။ စစတက်မယ့်ရက်ကို......"
ထိုအခါ Luhan တစ်ယောက် မျက်လုံးလေး မပွင့်တပွင့် နှင့် Kai ကို ကြည့်၍ " Chocoရယ်!!!! တစ်ခြားလူတွေနိုးလို့ပြီးမှ ငါလာနိုးပါလားနော်!!" Kai တစ်ယောက် အတွေးတွင် **Aww......ငါကို Soo ပြောတဲ့အတိုင်းပါပဲလား။
Lu hyung အပျင်းကြီးတယ်ဆိုတာ...... ဘယ်ရမလဲ ငါရအောင်နိုးပြမယ်**
ESTÁS LEYENDO
Room No-102( Exo Horror Story)
Terrorအတိတ်က ဘာတွေ ဖြစ်ခဲ့တာလဲ?? အိပ်မက်ကကော ဘာအဓိပ္ပါယ်လဲ..? အိပ်မက်ထဲကကောင်လေးက ဘယ်သူလဲ??? "Hyung...hyung... ကျွန်တော့ကို ကူညီပါ....hyung ကူညီမှရမှာမို့ပါ...." "မင်း.....မင်း......" စိတ်ဝင်စားတယ်ဆို.. fic လေး စီလာခဲ့ပါနော်...^^