1 | 237

606 77 0
                                    

2010 ခုနှစ်

***

အထက်တန်းကျောင်းတစ်ကျောင်း၏ရှေ့တွင် ရယ်မောပျော်ရွှင်နေကြသော ကျောင်းသား ၊ ကျောင်းသူလေးများနှင့် ပြည့်စုံနေသည် ။ ကျောင်းဆင်းချိန်ဖြစ်သည်မို့ စကားသံများနှင့် အနည်းငယ်မျှတော့ ဆူညံနေခဲ့၏ ။

နွေဦးရာသီ၏အငွေ့အသက်တစ်ခုသည်လည်း လေပြေညင်းတွင် ပါဝင်နေလျက် ~

"ရှင်းမ်ဂျယ်ယွန်း ။"

ဖြည်းညှင်းစွာလျှောက်လှမ်းနေသော ခြေလှမ်းနှစ်သွယ်သည် ခေါ်သံတစ်ခုကြောင့် တုန့်ခနဲရပ်ဆိုင်းသွားခဲ့သည် ။ ထို့နောက် ပခုံးအားလာဖက်သော လက်နှစ်သွယ်ကြောင့် ဂျယ်ယွန်းဆိုသောကောင်လေးမှာ သူ၏နံဘေးမှနေ၍ သူ့ပခုံးအားဖက်ထားသူအား ငဲ့ကြည့်လိုက်ပါ၏ ။

"ဘယ်လိုဖြစ်လို့ အလောတကောနဲ့လဲ ။"

တစ်ချက်မျှသာငေးကြည့်ပြီး အရှေ့သို့ပြန်လှည့်သွားကာ ပုံမှန်အတိုင်းလမ်းလျှောက်လျက်ရှိသော ဂျယ်ယွန်းအားကြည့်ကာ ဂျယ်ယွန်း၏နံဘေးရှိကောင်လေးမှာ ဟက်ခနဲတစ်ချက် ရယ်ချခဲ့မိသည် ။

"အီဟီဆွန်းကို ဂရုမစိုက်တာဆိုလို့ ကမ္ဘာပေါ်မှာ ရှင်းမ်ဂျယ်ယွန်းတစ်ယောက်ပဲ ရှိမလားဘဲ ။"

"ဂရုမစိုက်တာ မဟုတ်ဘဲ မင်းမောနေတာကိုကြည့်ပြီး ငါ့မှာစိတ်မချမ်းသာလို့ပါ ။"

အေးဆေးစွာထွက်လာသော စကားသံသည် ပကတိတည်ငြိမ်နေလျက် ။

"ညနေရောက်ရင် ဆောင်းမင်းတို့အဖွဲ့နဲ့ ဘောလုံးကန်မလို့ ချိန်းထားတာ ၊ မင်းရော လိုက်ဦးမလား ။"

"မလိုက်တော့ဘူး ။ ညနေ ဂိုက်အချိန် ၆ ချိန်ရှိတယ် ။"

ပင်ကိုမူလလေသံအတိုင်း အေးငြိမ့်စွာပင်ထွက်လာသော အသံလေးသည် ဖြူစင်နေလျက် ရှိခဲ့ပါ၏ ။

"စာတွေချည်း ဇွတ်လုပ်နေရတော့ ၊ ကြာရင် ဦးနှောက်လည်း ချောင်သွားဦးမယ် ၊ ကြည့်လုပ်ဦး ။"

"ချောင်သွားလည်း အေးတာပါပဲ ၊ မချောင်တော့ စာတွေလုပ်နေရတာပေါ့ ။ အရင်တစ်ခါ လပါတ်စာမေးပွဲမှာ ငါအဆင့်လျော့သွားလို့ တစ်နေကုန် ထမင်းမစားရဘူးလေ ။"

237 | HeeJake ✓Where stories live. Discover now