1.5 | 237

634 69 6
                                    

Year in 2019

***

နွေရာသီဖြစ်သော်ငြား ပုံမှန်ထက် အနည်းငယ်ချမ်းစိမ့်သော နေ့တစ်နေ့ဖြစ်နေခဲ့ပါ၏ ။ နွေဦးရာသီ၏ သင်္ကေတဖြစ်သော အခက်အလက် ၊ အရွက်အနှောင်များသည်လည်း လမ်းမတစ်ခွင်တွင် ပျံ့ကြဲနေလျက် ။

ဟီဆွန်းတစ်ယောက် လေးလံသောခြေလှမ်းများနှင့် ထိုလမ်းမပေါ်သို့ တစ်လှမ်းချင်းသာလျှင် လျှောက်လှမ်းလာမိခဲ့သည် ။

ငါကတိပေးတယ် ငါက မင်းကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး

ငယ်စဉ်နှပ်မစင်သေးသည့် အရွယ်ကတည်းကပင် စကားအရာ၌သာမကဘဲ အပြုအမူများတွင်ပါ ရင့်ကျက်သော ဂျယ်ယွန်း၏စကားသံတချို့အား ဟီဆွန်း ကြားမိလာ၏ ။

အဆင်ပြေမှာပါ အဆင်ပြေသွားမှာပါ

ကိုယ့်ကိုယ်ကိုသာ နှစ်သိမ့်ရင်း ဆေးရုံဆီသို့သာ ဆန့်တန်းလျှောက်လှမ်းလာခဲ့တော့သည် ။

နွေဦး၏အညှာတံ
ဖူးသစ်စ အဖူးအငုံအလား
ပွင့်လန်းတော့မည့် ပန်းတစ်ပွင့်အား
မပိုင်ဆိုင်ခဲ့သော်ငြား
ငေးကြည့်ချင်ခဲ့မိသား

: 237 :

အချိန်အားဖြင့် မနက် ၁၀ နာရီခွဲခန့်

***

ခန်းမကြီးထဲတွင် လူများစုံနေပြီဖြစ်သော်ငြား မင်္ဂလာပွဲမှာ စတင်၍မရနိုင်ဖြစ်နေသည် ။ အကြောင်းမှာကား သတို့သမီးပျောက်နေသောကြောင့် ။

ဂျယ်ယွန်းတစ်ယောက် ကျောက်ရုပ်တစ်ရုပ်အလားပင် နားနေခန်း၌ထိုင်နေခဲ့၏ ။ တုန်လှုပ်သွားခြင်းအလျဉ်းမရှိသော မျက်နှာအနေအထားနှင့် အရာရာအားစိတ်ပျက်နေဟန် ။

ထိုစဉ် သူ၏နံဘေးသို့ ရောက်ရှိလာသော အမျိုးသမီးတစ်ယောက် ၊ ထိုအမျိုးသမီး၏လက်ထဲတွင်တော့ စာအိတ်အဖြူလေးတစ်ခုသည်ကား နေရာယူထားလျက်ရှိ၏ ။ ကမ်းလှမ်းလာသော ထိုစာအိတ်အဖြူရောင်လေးအား ဂျယ်ယွန်း ဖြည်းညှင်းစွာယူလိုက်ပြီးချိန်မှာတော့ စာအိတ်အားလာပေးသော အမျိုးသမီးမှာ ထွက်သွားခဲ့ပြီဖြစ်သည် ။

237 | HeeJake ✓Where stories live. Discover now