ပင်လယ်ကမ်းစပ်တစ်ခု၏
မနက်စောစောနေမထွက်ခင်အချိန်လေးသည်
မိုးသားနီရဲရဲလေးတွေအောက်၌
လက်ရာမြောက်ပန်းချီကားလေးတစ်ချပ်အလား..
တစ်နေရာလေးမှလိုအပ်နေတာတာမရှိခဲ့၍
အရောင်ကာလာအလင်းအမှောင်ကအစ
လုံးဝပြီးပြည့်စုံနေခဲ့သည်။ဒီလိုမြင်ကွင်းကို
ထိုပင်လယ်ကမ်းခြေကိုအလည်လာခဲ့သည့်
ပန်ချီဆရာလေးသည်ဘယ်လက်လွှတ်ခံလိမ့်မလဲ။ပန်းချီဆွဲစရာပစ္စည်းအစုံအလင်ဖြင့်
ထိုမိုးသားနီနီတွေနဲ့ပင်လယ်ပြင်ရဲ့ပုံစံကို
မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်
သေချာစိုက်ကြည့်နေကာ
စုတ်တံကိုင်ထားသည့်လက်လေးတွေဖြင့်
အနုစိတ်ရေးဆွဲနေနှင့်ခဲ့ပြီ။မနက်ခင်းရဲ့ပင်လယ်လေညှင်းသည်
အရှိန်အဟုန်ဖြင့်
ကမ်းခြေတစ်လျှောက်ကို
ဖြတ်သန်းတိုက်ခတ်လာခဲ့သည့်အခါ
ပန်းချီဆရာလေးရဲ့
ဆံနွယ်ငွေရောင်ဖျော့ဖျော့ကလေးတွေသည်
ပင်လယ်လေညှင်းနဲ့အပြိုင်ဝဲခနဲ ဝဲခနဲ။ဆားရနံ့ခပ်သင်းသင်း
ပင်လယ်လေလေးတွေကြောင့်
ဆံပင်ငွေဖျော့ရောင်လေးတွေ
ဖရိုဖရဲဖြစ်ကုန်သည့်အခါ
ပန်းချီကားချပ်အပေါ်စိတ်နှစ်ထားသည့်
ဆံပင်ငွေဖျော့ရောင်ပိုင်ရှင်လေးသည်
သူ့ဆံပင်တွေသူအလိုမကျစွာ
အတင်းပြန်ပြန်သပ်တင်နေပေမဲ့
ပင်လယ်လေသည်ခပ်ကြမ်းကြမ်း....ဆံပင်တွေကိုပြန်သပ်တင်လည်း
ပြန်ပြန်ကျလာခဲ့၍
ပင်လယ်လေကြမ်းကြမ်းသည်
ပန်းချီဆရာလေးရဲ့
မျက်လုံးဝိုင်းဝိုင်းလေးတွေကို
တမင်လိုက်ဆော့ကစားနေခဲ့သလားပဲ။ပန်းချီဆရာလေးထိုပင်လယ်လေတွေကို
အလိုမကျဖြစ်သွားခဲ့ရသည်။-"ပန်းချီဆွဲနေတယ်လေ...မတိုက်နဲ့တော့...."
တစ်ကိုယ်တည်းကြားရုံလေးသာပြောလိုက်ပြီး
ဆံပင်လေးတွေကို
လက်ချောင်းသွယ်သွယ်လေးတွေနဲ့
ပြန်ဖယ်သော်လည်း
လေသည်အသက်မှမရှိဘဲ။ပင်လယ်ကမ်းခြေတွေရဲ့
ပုံမှန်နှုန်းအတိုင်းဆက်တိုက်ခတ်နေသည့်အခါ
ဖရိုဖရဲလွင့်နေသည့်
ဆံပင်ငွေရောင်ဖျော့ဖျော့လေးတွေအောက်ကမျက်လုံးဝိုင်းဝိုင်းလေးတွေလှုပ်ခတ်သွားခဲ့သည်။
YOU ARE READING
ပင်လယ်ခေါ်သံ ❃
Short Storyပင်လယ်ခေါ်သံတွေအချိန်ကျခဲ့တော့... ပင်လယ်အော်သံတွေညံခဲ့ရလေပြီ.....🌙