P_2

822 148 21
                                    


နေလုံးကြီးပျောက်ကွယ်ခါနီးအချိန်၌
သူလေးပန်းချီကားချပ်ကို
လက်စသတ်ပြီးခဲ့သည်မို့
သွားချင်နေသည့်ကမ်းခြေဆီသို့
ခေါ်လာခဲ့လိုက်တော့
ပင်လယ်ပြင်ကြီးကိုကြည့်နေလိုက်တာများ
အထူးတဆန်း။

မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်
ပင်လယ်ပြင်ကိုအချိန်အကြာကြီး
စိုက်ငေးကြည့်နေသည်။

ကြည့်နေရင်းမိနစ်တစ်ချို့ကြာသွားမှ
ဘေးဘက်ကလှုပ်လှုပ်ရှားရှားပုံစံတွေကြောင့်
ဘေးမှာလည်းလူတစ်ချို့
သူတို့လိုပဲပင်လယ်ကိုကြည့်နေတာကို
အခုမှသတိထားမိသွားသည်ထင်သည်။

"ကြောက်တယ်"ဟုဆိုကာ
သူ့လက်တွေကိုအတင်းဆုပ်ကိုင်လာတာကြောင့်
လက်လေးတွေကိုခပ်တင်းတင်း
ပြန်ဆုပ်ကိုင်ပေးလိုက်ပြီး
မကြောက်ဖို့နဲ့သူရှိကြောင်းကို
သေချာပြောပြရသည်။

အမြဲအပိတ်ခံထားရပြီးနှိပ်စက်ခံခဲ့ရတာမို့
လူမြင်ရင်ကြောက်တတ်သည့်
စိတ္တဇ္ဇနာမ်လေးသည်သူနဲ့မတွေ့ခင်ကတည်းက
ရင်ထဲဟိုးအထဲထိကပ်ငြိနေနှင့်ပြီ။

ဖယ်ပေးလည်းဘယ်လိုမှဖယ်ပေးလို့မရ။

Kookieလေးကလူတွေကိုသိပ်ကြောက်တတ်ခဲ့တာ...

"ကြောက်တယ်"လို့ပြောလာတဲ့အချိန်
ချက်ချင်းလုံခြုံတယ်လို့
ခံစားရတဲ့အထိလုပ်ပေးမှ....
နင့်မို့ဆိုသတိလစ်သည်တွေအထိ
ဖြစ်လာမှာတွေကြိုမြင်နေတာမို့
ကြုံလည်းကြုံဖူးခဲ့ပြီးပြီမို့....

ထပ်တော့သတိမလစ်စေချင်တော့ပါ။

Kookieလေးကအခုမှ
ပျော်ခါစလေးပဲရှိသေးတယ်လေ။

-"ညောင်းတယ် ထိုင်ချင်လာပြီ..."

ပင်လယ်ကြီးကိုကြည့်ရင်း
ညောင်းသွားပြန်တော့
သူထိုင်ချင်သွားပြန်သည်။

ဆေးတွေနဲ့မနည်းပြန်ကုနေရသည့်
ခန္ဓာကိုယ်လေးမို့အညောင်းလွန်ပြီးလဲမကျခင်
ယူလာသည့်အခင်းလေးကို
သဲသောင်ပြင်ပေါ်အမြန်ခင်းပေးလိုက်ပြီး
ထိုင်ခိုင်းလိုက်တော့ငြိမ်ငြိမ်လေးထိုင်သွားသည်။

သူကတော့မထိုင်သေးဘဲဖုန်းထုတ်ကာ
ကမ္ဘာ့အလှဆုံးနေဝင်ချိန်တွေထဲက
တစ်ခုဖြစ်သည့် ဒီကမ်းခြေရဲ့နေဝင်ချိန်ပုံတွေကို
သေချာရိုက်ယူနေတုန်း....
"ကျေးဇူးတင်ပါတယ် Seokie"
ဆိုသည့်စကားသံလေးသည်
ပင်လယ်ရေလှိုင်းသံတွေကြား
တိုးတိုးလျလျလေး.....

ပင်လယ်ခေါ်သံ ❃Where stories live. Discover now