အခန်း(၆)

58 3 0
                                    

💜 အမှောင်ထဲကမင်းသားလေး 💜
💜 အခန်း(6) 💜

မဟာညဉ့်နက်တဲ့အထိတောင်အိပ်လို့မပျော်နိုင်ပေ။
သူရဲ့ရင်ထဲမှာရောဦးနှောက်ထဲမှာပါသုန်ကစိုးမိုးထားလေသည်။မျက်လုံးမှိတ်လိုပ်ရင်လည်းသုန့်ရဲ့ပုံရိပ်လေးက ပေါ်လာ၏။
ပုံရိပ် ---
ပုံရိပ်ဆိုမှမဟာပုံရိပ်ယောင်ကိုသတိရသွားသည်။
မဟာပုံရိပ်ယောင်ကိုမသင်္ကာပေ။သုန့်မှာအကိုတစ်ယောက်ရှိတယ်ဆိုတာကိုတော့သိသည်။ဒါပေမယ့်သူ့မသိစိတ်ထဲမှာတော့ပုံရိပ်ယောင်နဲ့သုန်တို့ မောင်နှမဆိုတာမယုံနိုင်ဖြစ်နေ၏။
မဟာပုံရိပ်ယောင်အကြောင်းတွေးလိုက်သုန့်အကြောင်းတွေးလိုက်နဲ့ညနှစ်နာရီမှအိပ်ပျော်သွား၏။အိမ်မက်ထဲမှာတောင်သုန်က နေရာအပြည့်ယူထားလေသည်။
မနက်ကျတော့မဟာရှစ်နာရီခွဲပြီးမှနိုး၏။သူစခန်းကိုသွားရဦးမှာဖြစ်သည်။မဟာအိပ်ရာကထပြီး ရေချိုးခန်းထဲသို့ဝင်လိုက်သည်။
အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရခဲ့မယ်ဆိုရင်စတွေ့တဲ့နေ့ကတည်းကရင်းနှီးချင်မိတယ်။
မဟာအားလုံးပြင်ဆင်ပြီးတော့ဆယ်နာရီထိုးခါနီးပြီဖြစ်သည်။
မဟာကားမောင်းပြီးအိမ်ကနေထွက်လာလိုက်သည်။လမ်းရောက်တော့ဗိုက်ဆာလာသဖြင့်လမ်းထိပ်ကလက်ဖက်ရည်ဆိုင်ထဲသို့ဝင်လိုက်သည်။
ဒီဆိုင်ကလက်ဖက်ရည်ကအရသာအရမ်းကောင်းလေသည်။မဟာ ကော်ဖီနဲ့မုန့်မှာပြီးစားလိုက်၏။
မဟာ ကော်ဖီသောက်နေတုန်းဆိုင်ရှေ့ကနေအဖြူ ရောင်ဆလွန်းကားလေးတစ်စီး ဖြတ်သွားလေသည်။မဟာဒီကားကို မြင်ဖူးသလိုလိုရှိသဖြင့် သေချာကြည့်လိုက်တော့ပုံရိပ်ယောင်ရဲ့ကားဖြစ်နေသည်။
မဟာလိုက်မယ်ဆိုပြီးချက်ချင်းထလိုက်ရာအနက်ရောင်ကားနှစ်စီးက ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဖြတ်သွားကြလေသည်။မဟာကြည့်လိုက်တော့ဟိုလူဆိုးအုတ်လှရဲ့ကားဖြစ်နေသည်။
အဲ့ဒါကြောင့်သူမလိုက်တော့ပဲစခန်းကိုပဲသွားလိုက်၏။
စခန်းရောက်တော့ရဲသားလေးတစ်ယောက်ကဖိုင်တွဲတစ်ခုလာပေး၏။
"ဆရာဒါ ထောင်သားတစ်ယောက်ရဲ့ကိုယ်ရေးအကျဉ်းပါ---"
မဟာဖိုင်ကိုယူရင်းကနေ
"သူ့မှာဘာပြဿနာရှိနေလို့လဲ---"
"ရောဂါဖြစ်နေလို့ပါ ---"
မဟာဖိုင်တွဲကိုလှန်လိုက်ပြီးကြည့်လိုက်လေသည်။
"မြေမဟာ ---"
ငါနဲ့နာမည်နှစ်လုံးတူသားပဲ။
"ဒီထောင်သားကဒုစရိုက်မှုနဲ့ ထောင်ဒဏ်ခုနှစ်နှစ်ကျနေတာပါ --- သူထောင်ထဲရောက်တာနှစ်နှစ်ကျော်ပဲရှိပါသေးတယ် ---
လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ချောင်းတွေအရမ်းဆိုးရာကနေ သွေးပါလို့ ဆေးရုံကိုပြခဲ့ရတယ် --- ဆရာဝန်ကတော့ သွေးကင်ဆာလို့ပြောပါတယ် ---
သူကအလွန်ဆုံးနေရမှတစ်လလို့ပြောပါတယ်။
အဲ့ဒါကြောင့်အထက်ကသူ့ရဲ့နောက်ဆုံးအချိန်မှာသူ့မိသားစုတွေနဲ့ကုန်ဆုံးစေချင်လို့ နောက်နှစ်ရက်နေရင် ထောင်ကကင်းလွတ်ခွင့်ပေးဖို့အမိန့်ချထားပါတယ် --- အဲ့ဒါဆရာကစစ်ဆေးပေးပါ ---ဒီဖိုင်ထဲမှာသူ့မိသားစုအကြောင်းပါပါတယ်"
မဟာ ခေါင်းငြိမ့်လိုက်ပြီး
"ဒါမျိုးတွေက ဖြစ်တတ်ပါတယ် --- အပြင်မှာတုန်းကဥပဒေမဲ့အပြစ်တွေကိုလုပ်ခဲ့ပြီးအခုလိုအပြစ်ကြွေးကို ချွေးနဲ့ဆပ်ခါနီးမှအခုလိုရောဂါမျိုးက ပေါ်လာခဲ့တာလေ --- ငါစစ်ဆေးကြည့်လိုက်ပါ့မယ်မင်းသွားလို့ရပြီ ---"
ရဲသားလေးကအလေးပြုပြီးတော့ထွက်သွားလေသည်။
သွေးကင်ဆာဆိုတာ တော်တော်ပြင်းတဲ့ရောဂါ။အများအားဖြင့် သေတဲ့လူသာများလေသည်။
ထောင်သားအမည် မြေမဟာ။မိဘတွေကတော့ငယ်ငယ်ကတည်းကဆုံးသွားခဲ့သည်။အသက်ကနှစ်ဆယ့်လေးနှစ်။ ဆွေမျိုးတွေကအလွန်ဝေးလံတဲ့နေရာတွေမှာဖြစ်လေသည်။
သူ့မှာညီမတစ်ယောက်ရှိ၏။ သူထောင်ကျတုန်းကဆယ်တန်းစာမေးပွဲအောင်ပြီးခါစ။အခု ဆေးတက္ကသိုလ်ပထမနှစ်ဖြစ်လေသည်။နာမည်က လေရူးသုန်။
မဟာစာကိုဖတ်ရင်းနဲ့မျက်လုံးပြူးသွားလေသည်။
"ဒါဆို မြေမဟာကသုန့်ရဲ့အကိုပေါ့ --- ဒါဆိုရင်ပုံရိပ်ယောင်ကဘယ်သူလဲ --- "
မဟာစဉ်းစားရခက်သွားလေသည်။
"ဒါဆိုငါ မြေမဟာနဲ့သွားတွေ့ကြည့်မှဖြစ်မယ် ---"
မဟာဖိုင်တွဲကိုချခဲ့ပြီး ထောင်သားတွေအလုပ်လုပ်တဲ့နေရာကိုထွက်လာခဲ့လေသည်။
မဟာ့ကိုမြင်တော့ရဲသားလေးက
"ဆရာဘယ်သွားမလို့လဲ ---"
"ထောင်သား မြေမဟာနဲ့သွားတွေ့မလို့ပါ ---"
"ကျွန်တော်လိုက်ပို့ပါ့မယ် ---"
ရဲသားလေးရှေ့ကသွားတော့မဟာ နောက်ကနေလိုက်သွားလေသည်။
မဟာ ထောင်သားတွေအလုပ်လုပ်နေတဲ့ နေရာကို ရောက်သွားလေသည်။ ပေါက်တူးကြီးကိုင်ပြီး ချောင်းဆိုးနေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။
သူ့ရဲ့လက်ထဲမှာလည်း သွေးတွေစွန်းနေတဲ့လက်ကိုင်ပုဝါတစ်ထည်။အခြေအနေက တော်တော်ကိုဆိုးနေပြီဖြစ်သည်။မျက်တွင်းက ဟောက်ပက်နဲ့။
"ဆရာ မြေမဟာဆိုတာ ချောင်းဆိုးနေတဲ့လူပါ ---"
"ငါသူနဲ့စကားနည်းနည်းပြောဖို့ ခေါ်လာခဲ့ပေးပါ ---"
"ဟုတ်ကဲ့ပါဆရာ ---"
ရဲသားလေးကထွက်သွားလေသည်။မဟာခုံမှာထိုင်ပြီးစောင့်နေ၏။ခနနေတော့ရဲသားလေးနဲ့အတူ မြေမဟာရောက်လာလေသည်။
"ဒီမှာထိုင်ပါ ---"
မြေသူညွှန်ပြသောခုံမှာထိုင်လိုက်သည်။မဟာ မြေ့ကိုကြည့်လိုက်ပြီး
"မင်းနာမည် မြေမဟာနော် ----"
မြေ ခေါင်းငြိမ့်ပြလိုက်သည်။
"ငါမင်းကို မေးစရာနည်းနည်းရှိတယ် ---"
"မေးပါ --- အဟွတ်ဟွတ် ---"
စကားနည်းနည်းပြောတာနဲ့ ချောင်းကဆိုးလာလေသည်။
"မင်းက လေရူးသုန်ရဲ့အကိုဆိုတာတကယ်လား ---"
"ဟုတ်ပါတယ် ---"
"ဒါဆိုပုံရိပ်ယောင်ကရော ---"
မြေအ့ံသြသွား၏။သူဘာလို့ပုံရိပ်အကြောင်းကို မေးရတာလဲ။
မြေဘာမှမဖြေသေးခင်မဟာဆက်ပြီး မေးလိုက်၏။
"မင်းနဲ့ပုံရိပ်ယောင်ကဘာတော်တာလဲ --- ငါနဲ့သုန်က ---"
မဟာဆက်မပြောပဲတမင်ရပ်ထားလိုက်လေသည်။
မဟာထပ်မပြောပဲရပ်လိုက်တော့ မြေပိုပြီးအ့ံသြသွားလေသည်။ဘာလဲ --- ညီမလေးနဲ့သူကဘယ်လိုပတ်သက်တာလဲ။ဘုရားဘုရားငါထင်သလိုမဟုတ်ပါစေနဲ့။ဒါဆိုရင်တော့ မြေသဘောတူမှာမဟုတ်ပေ။
"ငါကသုန့်သူငယ်ချင်းရဲ့အကိုမင်းမဟာပါ ---"
ထိုအခါကျမှ မြေသက်ပြင်းချလိုက်မိသည်။
"မင်းနဲ့ပုံရိပ်ယောင်ကအလုပ်အတူတူလုပ်တာလား ---"
မြေမဟာ့ကိုကြည့်လိုက်ပြီး
"ဘာလို့မေးတာလဲ ---"
"သုန်ပြောတာတော့ပုံရိပ်ယောင်နဲ့သုန်က မောင်နှမတွေတဲ့ --- ငါအစကတည်းက မယုံခဲ့ပါဘူး --- အခုမှပိုပြီးသေချာသွားတာ ---"
"ဟုတ်တယ်မင်းသိထားတဲ့အတိုင်းသုန်နဲ့ငါက မောင်နှမအရင်းတွေပဲ --- အဟွတ်အဟွတ် --- ဒါပေမယ့်ပုံရိပ်ရဲ့အကြောင်းတော့လာမမေးနဲ့ငါဘာမှပြောမှာမဟုတ်ဘူး ---"
"ဘာလဲ --- မင်းကမင်းသူငယ်ချင်းကိုထိခိုက်မှာစိုးလို့လား ---"
မြေဘာမှပြန်မပြောပေ။
"စိတ်ချငါပုံရိပ်ယောင်ကိုမိအောင်ဖမ်းပြမယ် ---"
မြေမဲ့ပြံုးပြံုးလိုက်ပြီး
"ပုံရိပ်ကိုမင်းဘယ်တော့မှဖမ်းနိုင်မှာမဟုတ်ဘူး --- အဟွတ်အဟွတ်"
"ငါဖမ်းနိုင်မယ့်အချိန်ထိတော့မင်းကိုအသက်ရှင်စေချင်သေးတယ် ---"
"အဟွတ်---အဟွတ်ငါလည်းမင်းပုံရိပ်ကိုဖမ်းနိုင်မယ့်အချိန်ထိအသက်ရှင်ချင်သေးတယ် ---"
"မင်းရှင်နိုင်မှာပါ --- မင်းလည်းကျန်းမာရေးဂရုစိုက်ပေါ့ --- ရပြီသူ့ကို ခေါ်သွားလိုက်ပါ ----"
ရဲသားလေးက မြေ့ကိုပြန်ခေါ်သွားလေသည်။မဟာ့စိတ်ထဲမှာတော့သုန့်အတွက်စိတ်မကောင်းဖြစ်နေမိသည်။သုန်ဒီအကြောင်းတွေသိမှသိရဲ့လား ----
#       #       #       #       #       #       #
"မြေမင်းဘာအရင်လုပ်ချင်လဲ ---"
"ပုံရိပ်ငါညီမလေးမျက်နှာကို တွေ့ချင်တယ် ---"
"သုန် ကျောင်းသွားနေတယ်လေ ---"
"ဒါဆိုဒီညငါတို့သုံးယောက်ညစာအတူစားရအောင်လေ ---"
"အင်ငါသုန့်ကိုဖုန်းဆက်လိုက်မယ်နော် ---"
ဒီနေ့မနက်ပဲရိပ် မြေ့ကိုသွားခေါ်ခဲ့တာဖြစ်သည်။ မြေ့ရဲ့မျက်နှာက သွေးမရှိတော့သလို ဖြူဖတ် ဖြူလျော်ဖြစ်နေသည်။
မျက်လုံးများကလည်း ချောင်းဆိုးလွန်း၍အိပ်မပျော်တဲ့ညတွေဘယ်လောက်များခဲ့သည်မသိ။မျက်တွင်း ဟောက်ပက်ဖြစ်နေလေသည်။
ချောင်းဆိုးရလွန်း၍လည်းနှုတ်ခမ်းတွေ ခြောက်သွေ့နေလေသည်။အသက်ရှူရတာလည်းပုံမှန်မဟုတ်။ မောနေ၏။စကားတောင်မနည်းပြောနေရသည်။
သုန်က မြေပြန်လာမယ်ဆိုတာကိုမသိသေး။သိရင်ဘယ်လောက်များဝမ်းသာလိုက်မလဲ။ မြေ့ရုပ်ကိုမြင်ရင်လည်းဘယ်လောက်များဝမ်းနည်းမိမလဲ။ရိပ်သုန့်ကိုဖုန်းဆက်လိုက်လေသည်။
"တူ --- တူ --- တူ "
"ဟယ်လို ---"
"သုန်ကိုယ်ပါ ---"
"ကိုကိုဘာလို့လဲ ---"
"ဒီနေ့ မြေ ပြန်ရောက်မှာသုန် ---"
"ရှင်ကိုကိုပြန်ရောက်မှာဟုတ်လား ---"
"အင်းသုန့်ကိုလာကြိုရင် မြေ့ကိုခေါ်ခဲ့မယ်လေ ---"
"သုန်ဝမ်းသာလိုက်တာကိုကိုရယ် ---"
မြေဖုန်းချသွားလေသည်။
သုန်အရမ်းဝမ်းသာနေ၏။ကိုကိုနဲ့မတွေ့တာကြာတော့ကိုကို့ရုပ်ဘယ်လိုဖြစ်လာပြီလဲ။
ကိုကိုအရင်ထက်ချောလာပြီလား။ကိုကိုက ချောပြီးသားဆိုတော့ပိုပြီးချောလာမှာပဲဖြစ်သည်။
သုန်ကိုကို့ကိုတွေ့ရင်ဘာအရင်လုပ်ရမလဲ။ ပြေးဖက်ရမလား။ဒါမှမဟုတ်ကိုကို့ကိုအရမ်းလွမ်းနေတဲ့အကြောင်းအရင်ပြောပြရမလား။သုန် ကျောင်းကိုအမြန်ဆင်းချင်နေမိသည်။
ညနေ ကျောင်းဆင်းတော့သုန် ကျောင်းရှေ့မှာကိုကို့ကို စောင့်နေလိုက်သည်။
"သုန်ဒီနေ့နင့်ကိုကိုလာကြိုမှာလား ---"
"အင်း --- ဟုတ်တယ်ယူမီ ---"
"နင်ဒီနေ့အူရွှင်နေသလိုပဲ --- ဘာတွေများ ပျော်စရာရှိနေလို့လဲ ---"
"ဘာမှမရှိပါဘူးယူမီရဲ့ ---"
"အင်းပါ --- ဒါဆိုလည်းငါတို့သွားတော့မယ်နော် ---"
"အင်း ---"
"ကိုကိုသွားရအောင် ---"
မဟာသုန့်ကိုကြည့်ပြီးသနားနေ၏။သူ့အကိုအကြောင်းကိုမသိသေးတော့ ပျော်နေတာပေါ့။သိသွားရင်ဒီကောင်မလေးဘယ်လောက်တောင် ကြေကွဲနေရှာမလဲ။
မြေမရောက်သေးတဲ့ ကျောင်းရှေ့ကိုလှမ်းကြည့်နေ၏။တဖြည်းဖြည်း ကျောင်းနဲ့နီးလာပြီဖြစ်သည်။
ကားလေးကတော့တရွေ့ရွေ့သွားနေ၏။ ကျောင်းရှေ့မှာသုန်ကမတ်တပ်ရပ်နေလေသည်။ မြေသုန့်ကိုတွေ့တော့ဝမ်းသာသွား၏။
ရိပ်သုန့်ရှေ့မှာကားရပ်လိုက်သည်။
"သုန်ကားပေါ်တက်လေ ---"
သုန် ပျော်ရွှင်စွာဖြင့်ကားပေါ်တက်လိုက်ပြီးကိုကို့ဘေးမှာထိုင်လိုက်သည်။
"ကိုကို ---"
သုန် မြေ့ကိုမော့ကြည့်ပြီးအ့ံသြသွားလေသည်။
"ဟင်ကိုကို --- ကိုကိုနေမကောင်းဘူးလား ---"
"ကောင်းပါတယ်ညီမလေးရဲ့ --- "
"ကိုကို့ကိုကြည့်ရတာ တော်တော်ကိုပိန်သွားတယ်---"
"အလုပ်ပင်ပန်းတာရယ်ညီမလေးကိုလွမ်းတာရယ်ကြောင့်ပါ ---"
"ဟုတ်ရဲ့လားကိုကိုရယ် ---"
"ဟုတ်ပါတယ်ညီမလေးရယ် ---"
သုန်ကိုကိုပုံရိပ်ယောင်ရဲ့မျက်နှာကိုကြည့်လိုက်တော့လည်းသူ့မျက်နှာကမကောင်းပေ။
"သုန်ဒီညကိုယ်တို့အပြင်မှာထမင်းစားရအောင် ---"
"ဟုတ်ကဲ့ကိုကို ----"
ရိပ်ကားမောင်းပြီးထွက်သွားလိုက်သည်။ရိပ်နောက်မှာကားတစ်စီးပါလာတာကိုသတိမထားမိလိုက်။
"ဆရာအုတ်လှ ကောင်မလေးဘေးကအဲ့ဒီ့ကောင်ကို မြင်ဖူးသလိုပဲ ---"
"သူကအဲ့ကောင်မလေးရဲ့အကိုငါတို့ရဲ့ရန်သူတော်ကြီး မြေမဟာလေကွာ ---"
"မြေမဟာ --- သြော်မှတ်မိပြီအဲ့ကောင်က ထောင်ကျနေတာမဟုတ်ဘူးလား ---"
"ဟုတ်တယ်သူဒီနေ့မှလွတ်လိုက်တာ --- ငါဒီနေ့သူတို့အကြောင်းတွေအကုန်သိခဲ့ရတယ် ----"
"ဟုတ်လား ----"
"အေးပုံရိပ်ယောင်နဲ့မြေမဟာကသူငယ်ချင်းတွေ --- မြေမဟာထောင်ထဲဝင်တာဟာပုံရိပ်ယောင်အစားဝင်တာ ---
ထောင်ထဲမှာ ရောဂါဖြစ်နေလို့ဒီနေ့ပဲပြန်လွှတ်လိုက်တာ သွေးကင်ဆာဆိုလားပဲ ---
ကောင်မလေးကအဲ့ဒါတွေဘာမှမသိဘူး --- သူ့ကိုနိုင်ငံခြားအလုပ်သွားလုပ်နေတယ်လို့ပဲညာထားကြတာ ----"
"ဒါဆိုသူတို့မောင်နှမနှစ်ယောက်သနားပါတယ် ---"
ငမိုးစိတ်ထဲမှာတကယ်ကိုသနားသွားမိသည်။ မြေမဟာဆိုတာလည်းသူနဲ့အလုပ်တူတူလုပ်ဖူးပြီးရင်းနှီးခဲ့တာပဲလေ။
"ဘာအတွက်သနားရမှာလဲ --- သနားမနေနဲ့ဒါကငါတို့အတွက်အခွင့်ကောင်းပဲ ---"
"ဗျာ --- ဘယ်လို ---"
ငမိုးနားမလည်ဖြစ်သွား၏။
"ဒီအချိန်ကပုံရိပ်ယောင်ကိုဒုက္ခကောင်းကောင်းပေးလိုရတဲ့အချိန်ပဲကွ --- ဟား-ဟား-ဟားသူတို့နောက်ကိုထပ်ချပ်မကွာလိုက်စမ်း ---"
အုတ်လှ ကောက်ကျစ်စွာပြံုးလိုက်သည်ကိုငမိုးမြင်လိုက်ရလေသည်။
ကားမောင်းတဲ့လူကလည်းဆရာ့ရဲ့အမိန့်အတိုင်းတသွေမတိမ်းလိုက်လုပ်လေသည်။

#######
#အိပ်မက်ကြယ်

အ​မှောင်ထဲကမင်းသား​လေး (Completed)حيث تعيش القصص. اكتشف الآن