အပိုင်း (7)

655 90 20
                                    

Uni

​" ပေါ်တော်မူလာပါပြီ "

စားသောက်ဆိုင် ထဲဝင်ရုံရှိသေး haruto ရဲ့အပြောကြောင့် jihoon လက်ပြပြီးဝိုင်းထဲဝင်ထိုင်လိုက်သည် ။

" ကယ်ပြောပါအုန်းဘာကိစ္စကျောင်းမတက်ပဲပျောက်နေတာ "

" ဟဲဟဲ ဒီတိုင်းအလုပ်ကိစ္စလေးတွေရှိနေလို့ "

" နာရင်းပိတ်အုပ်လိုက်လို့ရှိသမျှအတိတ်အကုန်မေ့ကုန်မယ် ကြီးကြီးကျယ်ကျယ်မပြောစမ်းနဲ့ "

" မ​င်းကိုပြောပြဖူးတယ်လေကွာ ငါကောင်လေးတစ်ယောက်ကိုလိုက်နေတယ်ဆိုတာ "

" မင်းအပျော်တွဲမယ်ထင်နေတာ "

ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ပုံစံနဲ့
အရှေ့ကအအေးကိုသောက်နေသည့် ruto
ကရိုက်ပြစ်ချင်စရာ

" မင်းလိုများထင်နေလားငါကတစ်ယောက်ဆိုတစ်ယောက်ပဲ အယ်ဒါနဲ့နေပါအုန်း ရန်ဖြစ်တဲ့အသံတွေမကြားရတော့ပါလား "

" ​ရန်ဖြစ်ရမှာပျင်းလာလို့ "

" အေ့ အဲ့မှာပျင်းပြီးကျန်ခဲ့ငါတော့အချစ်ရှိရာသွားပြီ ငါ့အအေးဖိုးလေးပါရှင်းလိုက်နော် ဟီ"

တစ်ဟီးဟီးနဲ့ နွားပွဲစားအလာရယ်ပြနေသည့် jihoon

haruto လဲပိုက်ဆံရှင်းကာဆိုင်ထဲကနေထွက်လာလိုက်သည်။

.....................................

" junkyu ကယ်ပါအုန်း ဘာလို့ဒီပုစ္ဆာကြီးကအဲ့လောက်ခက်နေရတာလဲ ငါခေါင်းလဲမီးတောက်တော့မယ် "

< စာကိုသေချာအာရုံစိုက်လေ ဆရာမစာသင်နေတုန်းသေချာနားမထောင်ဘူးလား>

bora junkyu ရေးတဲ့စာကိုဖတ်ပြီးပိုတောင်စိတ်ညစ်သွားသည် ။

" ဆရာမစာသင်နေတဲ့အချိန်နားထောင်တာပဲ
နားမလည်တာဘယ်တက်နိုင်မလဲ နင့်လိုငါမှဉာဏ်မကောင်းတာ "

မျက်စောင်းထိုးကာပွစိပွစိပြောနေသည့် bora ကိုကြည့်ပြီး junkyu ရယ်မိသည် ။ အသက်သာကြီးလာတယ် စိတ်ကအမြဲကလေးစိတ်ရယ် ။

" Kyu "

ရုပ်တရက် အနောက်နေ haruto ရဲ့ခေါ်သံကြောင့် junkyu ကိုယ်လေးတုန်သွားသည် ။

အတ္တကြီးစွာ ချစ်ခွင့်ပေးပါ ( Completed )Where stories live. Discover now