အပိုင်း (4)

679 109 37
                                    

Uni

​တံခါးဖွင့်ဖွင့်ချင်းမှာပဲမြင်လိုက်ရသည်က
ကြမ်းပြင်ပေါမှာခွေခွေလေးလဲနေသည့် junkyu

" junkyu junkyu....."

ခေါ်လို့မရသည့်အဆုံး
ruto junkyu ကိုချီကာကျောင်းဆေးခန်းသို့အမြန်ပြေးလာလိုက်သည်။ ထိုအချိန် သူများတွေအထူးအဆန်းကြည့်နေသည့်အကြည့်ကိုrutoဂရုမစိုက်အား သူ့လက်ထဲကဖြူဖတ်ဖြူရော်ဖြစ်နေသည့်ကောင်လေးကိုပိုစိတ်ပူမိသည် ။

​ကျောင်းဆေးခန်းရောက်တော့

" ဆရာမ "

" အယ်ဘာဖိလာတာလဲ လာလာကုတင်ပေါ်တင်လိုက် "

" ဟုတ် "

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်
ေကာင်လေးကိုကြည့်ကာ ruto သူလုပ်ခဲ့တာတွေကိုပြန်စဥ်းစားမိသည် ။

ruto junkyu ပါးလေးကိုထိပြီး နူတ်မှ

" တောင်ပန်ပါတယ် " ဆိုတဲ့စကားကိုတိုးတိုးလေးပြောကာ ကျောင်းဆေးခန်းထဲမှထွက်လာလိုက်သည် ။

.....................................

" ဘာရယ် kimjunkyu ကစကားမပြောတတ်ဘူးဟုတ်လား "

" တိုးတိုးပြောစမ်းပါ မင်းကြောင့်အတန်းထဲကလူတွေအကုန်သိကုန်တော့မယ် "

jihoon အသံကျယ်သွားမှန်သိလို့ ပါးစပ်ကိုပြန်ပိတ်လိုက်သည် ။

" သူငါ့ကိုမုန်းသွားပြီလားမသိဘူး "

" မင်းကဘာတွေ အဲ့လောက်ထိတွေးနေတာလဲ
မင်းမသိလို့ဖြစ်တာပဲကို သူမုန်းလဲခံလိုက်ပေါ့ "

ဟုတ်လဲဟုတ်သည် ဘာလို့ junkyu မုန်းမှာကိုစိုးရိမ်နေလဲကိုယ့်ကိုမသိ

ထိုအချိန်အတန်းထဲ ဝင်လာသည် junkyu

" jihoon မင်းနေရာမင်းသွားထိုင်တော့ "

" ငါ့ကိုနင်ထုတ်နေတာလား "

" အင်း....သွာတော့ "

" သကောင့်သားလေး "

ruto junkyu ကိုအဆင်ပြေရဲ့လားလို့မေးချင်ပင်မဲ့ ဘယ်လိုမှပြောမထွက်

.................................
ဒေါက်.

" အ "

နှာဖူးတည့်တည့်လာမှန်သည့်ဘောပင်တစ်ချောင်း ကြောင့်တွေးနေသည့်အတွေးတွေတောင်ဘယ်ရောက်သွားမှန်မသိ

အတ္တကြီးစွာ ချစ်ခွင့်ပေးပါ ( Completed )Where stories live. Discover now