လွန်ခဲ့တဲ့ နှစ်ခြောက်ရာ က စုန့်အင်ပါယာနှင့်ရွယ်အင်ပါယာ တော်ဝင်မင်းဆက်လောက်က သိုင်းလောက ကြီးပေါ်ပေါက်ခဲ့တယ် ထိုသိုင်းလောကကို အစပျိုးခဲ့တဲ့
ဝမ်။လော့။ထန်။ယွင်။လုံ။ရှီ။ရှောင်။ဝေ့။လဲ့။လီ။ချင်။ဟန်။
တို့အိမ်တော် ၁၂ ခုက စတင်ခဲ့တယ်။အိမ်တော် ၁၂ ခုထဲမှာမှ ဝမ်။လော့။ရှီ။ယွင်။လီ။ ထိုအိမ်တော် ငါးခုက အင်အားကြီး အိမ်တော်တွေဖြစ်ကြတယ်။
ထိုထဲမှာမှ ဝမ်အိမ်တော်က အင်အားအကြီးဆုံးဖြစ်ခဲ့တယ်
သိုင်းအဆင့်တွေကို
သိုင်း လူငယ်
သိုင်းသမား
သိုင်းပညာရှင်
အစွမ်းထက်သိုင်းပညာရှင်
သိုင်းဝိဇ္ဇာ ဟူ၍ ပိုင်းခြားထားပြီး ထိုအဆင့်ကိုကျော်လွန်၍ ဘုံအဆင့်ထဲသို့ဝင်ရောက်ကြတယ် ဘုံအဆင့်များကိုလည်း
ကမ္ဘာမြေဘုံအဆင့်
ကောင်းကင်ဘုံအဆင့်
ပြန်လည်တည်ဆောက်ခြင်းဘုံအဆင့်
လွတ်လပ်ခြင်းဘုံအဆင့်
နိဗ္ဗာန်ဘုံအဆင့် ဟူ၍ အဆင့်တွေကို ပိုင်းခြားထားလိုက်ကြတယ်...အဆင့်တစ်ခုချင်းဆီတိုင်းဟာ အစွမ်းသတ္တိနဲ့ပြည့်စုံတယ် အဆင့်တစ်ဆင့်ချင်းဆီတိုင်းကို ကနေဦး..အလယ်အလတ် နောက်ဆုံးအဆင့် ဟူ၍သတ်မှတ်ပြီး နောက်ထပ် အဆင့်တွေကို တက်လှမ်းကြတယ်ထို့နောက် သိုင်းပညာရပ်တွင် ဓားသိုင်းပညာရပ်ကို အသုံးပြုသူများတယ် ဓားသိုင်းရဲ့ အဆင့်သတ်မှတ်ချက်တွေကို
အစပျိုး ဓားသမား
ဓားသူရဲကောင်း
ဓားဘုရင်
ဓားဝိဇ္ဇာ
နတ်ဓားရှင်
အနှိုင်းမဲ့နတ်ဓားရှင် အဆင့် ဟူ၍ အဆင့် ကိုသတ်မှာတ်ကြတယ် အဆင့်တစ်ဆင့်ခြင်းဆီတိုင်းက မိုးနဲ့မြေလိုကွယခြားပြီး မိုးနဲ့မြေကို ကိုင်လုပ်နိုင်တဲ့ အစွမ်းသတ္တိအတွင်းအားကောင်းတဲ့ အရာဖြစ်ပေတယ်...ဒါကြောင့် သိုင်းပညာရှင်တော်တော်များများ ဓားပညာရှင်တွေနဲ့ တွေ့ကြရင် ရှောင်ဖယ်ကြတာများတယ်..နှစ်သုံးဆယ်အကြာမှာတော့ သိုင်းလောက မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာတယ်။ ထိုရှုပ်ထွေးမှုတွေကြားထဲမှာ နန်းတွင်းကပါ ပါဝင်ခဲ့တယ်။ သိုင်းလောကကို အကြပ်ကိုင်လုပ်ဆောင်ပြီး ပြသနာတွေ ဖန်တီးရင်း အိမ်တော်အချင်ချင်း ဆူပူမှုတွေ ဖြစ်လာတယ်
ထို့အပြင် အိမ်တော် အချင်းချင်း သွေးကွဲသွားရာမှ
လော။ဝမ်။ထန်။ယွင်။လုံ။ အိမ်တော်တို့ကတော့ သီးခြားနေခဲ့ကြပြီး တစ်ကိုယ်တည်းရပ်တည်ကြတယ်။ လော့။ ဝမ် အိမ်တော်နှစ်ခုက မိတ်ဖက်အိမ်တော် ဖြစ်ပြီး။ ယွင်အိမ်တော်နဲ့ ဝမ်အိမ်တော်ကလည်း မိတ်ဖက်အိမ်တော်တွေဖြစ်လာခဲ့တယ်ဝမ်အိမ်တော်က အင်အားကြီး အင်ပါယာနှစ်ခုနဲ့ ယှဥ်နိုင်တဲ့အထိ အင်အားကြီးမားလှတယ်...ဒါမယ့် စုန့်အင်ပါယာရဲ့ အကူအညီနဲ့ လဲ့။ ချင်။ အိမ်တော်ကလွဲလို့ ကျန်တဲ့ အိမ်တော်တွေက ရှီ။ ရှောင်အိမ်တော်နဲ့ ပေါင်းပြီး...ဝမ်အိမ်တော် ကံအကြောင်းမလှခဲ့။
လော့အိမ်တော်က ရွယ်အင်ပါယာ ဆီပြောင်းသွားတာကြောင့် သူ့မှာ ဝမ်အိမ်တော်ကို ကူညီဖို့ မမှီလိုက်ပေ။ ယွင်အိမ်တော်ကလည်း လော့အိမ်တော်လိုပဲ ရွယ်အင်ပါယာရဲ့ ချန်အန်းမြို့သို့အခြေချပြောင်းခဲ့တယ်။ ဒါကြောင့်ပဲ ယွင်အိမ်တော်က မကူညီနိုင်ခဲ့ထန်အိမ်တော်က ဘယ်ကိစ္စမှ မပါလို၍ သီးခြားနေကာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုပဲ ကူညီခဲ့တယ်။...
တစ်နေ့မှာတော့....
Ep 1 မျော်
YOU ARE READING
နှလုံးသွေးပန်းချီ
Fantasyစုန့်အင်ပါယာနှင့်ရွယ်အင်ပါယာ တော်ဝင်မင်းဆက်လောက်က သိုင်းလောက ကြီးပေါ်ပေါက်ခဲ့တယ် ထိုသိုင်းလောကကို အစပျိုးခဲ့တဲ့ ဝမ်။လော့။ထန်။ယွင်။လုံ။ရှီ။ရှောင်။ဝေ့။လဲ့။လီ။ချင်။ဟန်။တို့အိမ်တော်၁၂ ခုက စတင်ခဲ့တယ်။ ဝမ်လျန် (ဝမ်အိမ်တော်ရဲ့နောက်ဆုံးမျိုးဆက်) လွတ်လပ်ပေါ့...