ငါးနှစ်ကြာပြီးနောက်...
တောအုပ်တစ်နေရာ.သာယာငြိမ့်ညောင်းတဲ့ ပုလွေသံက လေပြေလေညင်းနဲ့အတူ ပျံ့နံ့လျက် နံနက်ခင်းရဲ့အလှကို ဖော်ကျူးနေပြန်တယ်...ထိုချိန်..
"သခင်လေး...အစာစားဖို့ အချိန်ရောက်ပြီလေ...အစာစားရန် လာခေါ်တဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ အသံကြောင့် လူငယ်လေးက သူ့ရဲ့ ပုလွေမုတ်နေရာကနေ ရပ်တန့်လိုက်ပြီး သစ်ပင်ပေါ်က ဆင်းလာတယ် ထိုမိန်းမျိုလေးကို သေချာကြည့်ပြီးနောက်..
"အစ်မဝူနန် ကျွန်တော့်ကို သခင်လေးလို့ မခေါ်ပါနဲ့တော့..ကျွန်တော် ဘာသခင်လေးမှမဟုတ်ဘူး..ကျွန်တော့ကို ဝမ်လျန်လို့ပဲ ခေါ်ပါ..."
"ဒါမယ့် ကျွန်တော်နမည်အရင်းကိုတော့ ကျွန်တော်နဲ့ ဒီအိမ်ထဲမှာပဲခေါ်ပါ..."
"ဟုတ် သခင်လေး...
ဝမ်လျန်က ဝူနန်ကို မျက်စောင်းလေးထိုးပြလိုက်တော့..
"သြော်..ဝမ်လျန်ရှောင်တိ(မောင်လေးဝမ်လျန်)ဝမ်လျန်တို့ဟာဆိုရင် သူရဲ့ ဝူနန်အစ်မနဲ့ လော့အိမ်တော် အနောက်မြောက်ဘက်က တောင်ကုန်းလေးရဲ့ တောအလယ်လောက် ကျ သလို..ထိုနေရာကနေ ခပ်လှမ်းလှမ်း နေရာကို သွားရင် တောင်ကုန်းလေးတစ်ခုအပြင်
အောက်ဘက်နေရာမှာ ချောင်းလေးတစ်ခုရှိပေတယ်...လွန်ခဲ့သော နှစ်နှစ်...လော့ရီက ဝမ်လျန်တို့ နှစ်ယောက်ကို သူ့ရဲ့ အိမ်တော်မှာ နေခိုင်းပြီး ပြုစုစောင့်ရှောက်တယ်...
ပြီးတော့ လော့ရီဟာ သူ့ရဲ့သား လော့ယန်အဖော်ရရအောင်ဆိုပြီး ဝမ်လျန်နဲ့ အမြဲတွေ့ခိုင်းစေတယ် သူတို့နှစ်ယောက်က အတူတူ ကြီးပြင်ခဲ့ကြတယ်...ဒါမယ့် ထိုအရာကို လော့အိမ်တော်ရဲ့ အကြီးအကဲတော်တော်များများက သဘောမကျပေ။...ထိုကိစ္စကြောင့် လော့ရီက အိမ်တော်အကြီးအကဲတွေနဲ့ အချင်းများမိကြတယ်..ဒါမယ့် လော့ရီက ဝမ်လျန်ကို မပစ်ပယ်ပဲ သူက အကြီးအကဲတွေက အတိုက်အခံ ပြုပြီးတော့ကို သူ့ရဲ့ အိမ်တော်မှာ ပြုစုခဲ့တယ်..ထို့နောက် ဝမ်လျန်က လော့ယန်နဲ့ တောစပ်လေးမှာ ကစားရန် လာခေါ်တော့
လော့အိမ်တော် ခေါင်းဆောင်လော့ရီ နဲ့ အိမ်တော် အကြီးအကဲ စကားများနေကြတာကို အမှတ်မခင် ကြားလိုက်မိတယ် ထို့အပြင်
ဝမ်လျန်ကို မိဘမဲ့တစ်ယောက်ဖြစ်ကြောင်း သူ့ကို ဒီမှာ မခေါ်ထားသင့်ကြောင်း ပြီးနောက် သူ့ကြောင့် လော့အိမ်တော် ပျက်ဆီးသွားနိုင်တဲ့ အကြီးအကဲတွေရဲ့ ပုတ်ခတ်ပြောဆိုမှုကို ကြားလိုက်တော့ ဝမ်လျန်က ခေါင်းငိုက်စိုက်ကျလျက် စိတ်ဓာတ်ကျနေမိတယ်
လော့ယန်ကို လည်း သွားမခေါ်တော့ပဲ သူ့ရဲ့ အဆောင်သို့ ပြေန်လာခဲ့တယ်...ဝူနန်က မေးတော့ ဝမ်လျန်က ထိုအဖြစ်ကို ငိုသံဖြင့်ပြောပြတယ်...သူ့ရဲ့ စိတ်ထဲတွင်လည်း သူ့ရဲ့ papa..mama ကို သိတိရနေတော့တယ်...

YOU ARE READING
နှလုံးသွေးပန်းချီ
Fantasyစုန့်အင်ပါယာနှင့်ရွယ်အင်ပါယာ တော်ဝင်မင်းဆက်လောက်က သိုင်းလောက ကြီးပေါ်ပေါက်ခဲ့တယ် ထိုသိုင်းလောကကို အစပျိုးခဲ့တဲ့ ဝမ်။လော့။ထန်။ယွင်။လုံ။ရှီ။ရှောင်။ဝေ့။လဲ့။လီ။ချင်။ဟန်။တို့အိမ်တော်၁၂ ခုက စတင်ခဲ့တယ်။ ဝမ်လျန် (ဝမ်အိမ်တော်ရဲ့နောက်ဆုံးမျိုးဆက်) လွတ်လပ်ပေါ့...