ကျွန်တော့်ရဲ့ပိုင်ဆိုင်ရာ

13.9K 109 4
                                    

"အသံမထွက်နဲ့"

"....."

"ရော့ ဒါကိုက်ထား"

မျက်စိရှေ့ကိုရောက်လာတဲ့ ball gag ကိုကြည့်ပြီးမျက်ခုံးတွေတွန့်ကျေလာတယ်၊တစ်ကိုယ်လုံးရစရာမရှိအောင်ရိုက်နှက်ပြီး၊ဒူးလည်းအကြာကြီးထောက်ပြီးသွားမှ..

"ကျစ်! ပြောတာကြားလားဟမ်"

ထူပူသွားတဲ့နားကိုပွတ်ဖို့အတွက်လက်များကလည်းကြိုးဖြင့်ချည်နှောင်ထားခံရသည်၊ရှေ့ဆက်ဘာလုပ်ခံရဦးမလဲဦး‌နှောက်ကသိချင်ဖို့ရာအတွက်ခန္ဓာကိုယ်က‌ကနာကျင်မှု‌ တွေကဖော့တုံးလေးနဲ့ရိုက်ခံထားရတာတော့မဟုတ်၊နဂိုအေးတဲ့လူတွေဒေါသထွက်ရင်ဒီလိုပဲကြောက်ဖို့ကောင်းသလား?

ဖြောင်း!

"အွတ်"

အားလို့အသံထွက်ချင်တာတောင်ပီပီပြင်ပြင်ထွက်လို့မရ၊ပါးစပ်က ball gagဟာအော်သံတွေကိုတားဆီးသည်။

ဖြောင်း!

မျက်လုံးကိုသာတင်းတင်းမှိတ်လို့ရိုက်ချက်တိုင်းကိုသာခံယူမိပါတော့သည်၊ခြေဖဝါးပေါ်သို့ထပ်မံကျလာတဲ့ရိုက်ချက်နှစ်ခုနှင့်ပေါင်းလျှင်သူရိုက်ခံနေရတာအချက်ပေါင်း၅၂ချက်

ဖြောင်း!

ဆယ်စက္ကန့်မျှငြိမ်သက်သွားသည်။လေတိုးသံပင်မကြားရ၊အော်ငိုချင်သော်လည်းတိတ်ဆိတ်နေတဲ့အခြေအနေကြောင့်ဘုမသိဘမသိနှင့်ပင်အသက်ရှုသံကိုပင်ခပ်တိုးတိုးရှုမိပါ၏ ။

ဖြောင်း!!

စက္ကန့်၂၀လောက်ငြိမ်သက်ပြီးမှအရင်အချက်တွေထပ်ပိုမိုအားပြင်းသည့်‌လေးချက်မြောက်ကမျက်ရည်များတားဆီးလို့မရတော့ပဲဆက်တိုက်စီးကျလာရလောက်တဲ့ထိကိုနာကျင်ရပါသည်။

ဖြောင်း!!

ပါးစပ်ထဲကball gag ကိုလာထုတ်ပေးသောသူဟာနတ်ဆိုးတစ်ကောင်အသွင်ကိုဆောင်ကျဉ်းပြီးမျက်လုံးနီနီတွေဟာထိန်းလို့မရနိုင်အောင်ဒေါသထွက်နေမှန်းသက်သေ။

"နောက်ဆုံးငါးချက်ကိုအချက်ရေလိုက်ရေထား"

"ဟုတ်..ဟုတ်ကဲ့"

ဖြေရသည့်အသံတွေဟာကတုန်ကယင်၊လှုပ်ဖို့အတွက်အင်အားတောင်မရှိတော့ဘူးဟုထင်ရသည်။သို့ပေမဲ့ဒါဟာထင်ရတာပါပဲ၊မရှိရှိတဲ့အားအင်တွေကိုစုစည်းပြီးအပြစ်ပေးမှုမပြီးမချင်းခံယူမည်သာဖြစ်သည်။ dominantရှေ့မှာတစ်ခြားမိန်းမတစ်ယောက်နဲ့နမ်းခဲ့မိတဲ့သူဟာအပြစ်ပေးခံရမှုနဲ့ထိုက်တန်သည်။အကယ်၍ချစ်ရသူကသတ်မယ်ဆိုရင်တောင်ပျော်ပျော်ကြီးလည်စင်းခံပေးလိုက်မှာပင်။

Short Punishment FictionWhere stories live. Discover now