မိုးရာသီဖြစ်သဖြင့်မိုးများသည်းထန်စွာရွာနေသည်၊ကော်ဖီဆိုင်ထဲတွင်စားပွဲပေါ်၌ထိုင်နေသည့်သူနှင့်သီချင်းသံမှလွဲ၍မည်သူမှမရှိ။
အင်္လကာသည်မိုးရွာသည်ကိုနှစ်သက်၏၊သီချင်းများအားသဘောကျ၏၊အထူးသဖြင့်တစ်ယောက်တည်းရှိနေရတာကိုကြိုက်၏ ။
*Vibrate*
'ဟိုဘက်ကလူတွေရောက်လာပြီ'
"ကျစ်"
ဖုန်းထဲမှစကားသံသည်အင်္လကာအားနှောင့်ယှက်လိုက်သည်မှာစိတ်ပျက်စရာ၊သို့သော်ငြင်းဆန်လို့လည်းမဖြစ်၊သူသည်ဒီရက်ပိုင်းအတွင်းဒီလိုကိစ္စမျိုးကြုံတွေ့ရမည်သာ။
'ငါလာမယ်'
အနက်ရောင်လွယ်အိတ်လေးအားကောက်ကိုင်၍ထွက်လာလိုက်သည်၊ကော်ဖီဆိုင်အားတံခါးပင်မပိတ်ခဲ့၊တစ်ခုခုဖြစ်စရာအကြောင်းမရှိ၊ရှိလျှင်လည်းဂရုစိုက်မည်မဟုတ်ပါ။
ဆိုင်ကယ်ပေါ်တက်၍အမြန်မောင်းနှင်လိုက်သည်၊သည်းနေဆဲမိုးကြောင့်အင်္ကျီများစိုရွှဲကုန်သည်၊လမ်းတွင်ကားများသိပ်မရှိချေ။
"ငါ*ိုးမသား!"
ဝုန်း!
ကြားရတဲ့အသံကြောင့်မျက်မှောင်ကြုတ်မိသည်၊စရိုက်ဆန်လိုက်တာ..!
"အိုး မောင်လင်းအင်္လကာရောက်လာပြီဘဲ Alez စိတ်လျှော့"
ဝုန်းဝုန်းဒိုင်းဒိုင်းနှင့်ဒဏ်ရာပလပွဖြစ်နေသည့်လူများကချက်ချင်းရပ်ကာလူစုခွဲလိုက်သည်ကဘာမှမဖြစ်ခဲ့ကြသလို၊အင်္လကာရေးရေးလေးပြုံးပြလျက်ဝင်ထိုင်၏ ။
"ဒီကိစ္စကိုမောင်လင်းအင်္လကာသိပြီးရောပေါ့"
"သိပါရဲ့ ဒါကျွန်တော်တို့ဘက်ကအမှားမဟုတ်ဘူးထင်တာပဲဗျာ ကျွန်တော်သိချင်တာခင်ဗျားတို့ဘက်ကဘာလို့အပေးအယူကိုဖျက်လိုက်သလဲဆိုတာ"
ဆေးကိစ္စနှင့်ပက်သက်၍မှောင်ခိုဂိုဏ်းတစ်ခုနှင့်အင်္လကာအပေးအယူတစ်ခုဖြစ်ခဲ့သည်၊ဆေးဆိုသည်မှာရိုးရိုးနှာစေးချောင်းဆိုးပျောက်ဆေးမဟုတ်နိုင်၊မှောင်ဂိုဂိုဏ်းနှင့်ပက်သက်မည့်ဆေးကမူးယစ်ဆေးသာ။