"ဘာပြောတယ်..မမ""ငါ အဲ့ဒီလူကိုမယူချင်ဘူးလို့ ဆယ်ဟွန်း။
နင်ငါ့ကို လာခေါ်ပြီး ဂျီဟွန်းရဲ့တိုက်ခန်းဆီ
ပို့ပေးလို့ရလားလို့""အစ်ကိုဂျီဟွန်းက အခု ဒီမှာ မရှိဘူးမလား
Shanghai မှာဆို"" တိုက်ခန်းသော့ကို ဘေးအခန်းကို
ပေးသွားတယ်ပြောတယ်""မဟုတ်ပါဘူးကွာ။ အဲ့ဒီကို သွားပြီပဲထား နင့်ရဲ့
မိဘတွေက မသိဘဲ နေမလား လိုက်မလာဘဲ နေမလား..""ငါ.. ငါမသိတော့ဘူး ဆယ်ဟွန်းရယ်။
ငါအဲ့ဒီလူကို မယူချင်ဘူး။ငါဂျီဟွန်းနဲ့ပဲ
လက်ထပ်ချင်တယ် အဲ့ဒါပဲ စိတ်ထဲရှိတော့တယ်.."ပြောရင်းဆိုရင်း အိုရှင်းဂျူက ငိုတော့သည်။
ဆယ်ဟွန်း စိတ်ပျက်လက်ပျက် ဖြစ်ကာ လက်ထဲက
စီးကရက် ကို ပစ်ချ၍ ဖိနပ်ဦးစွန်းနဲ့
ဖိနင်းချလိုက်တော့၏။အိုရှင်းဂျူနဲ့ အိုဆယ်ဟွန်းက လသားအရွယ်ကတည်းက
မိဘဂေဟာတွင် စွန့်ပစ်ခံခဲ့ရသော ၇ မိနစ်သာကွာသည့် အမွှာ တွေဖြစ်သည်။၆ နှစ်အရွယ်ခန့်တွင် ရှင်းဂျူကို အသိုင်းအဝိုင်းကြီးကြီးမှ သားသမီးမထွန်းကားသည့် လင်မယားနှစ်ယောက်က အမွေစားအမွေခံနှင့် မွေးစားသွားခဲ့သည်။
ကျန်ခဲ့သူက အိုဆယ်ဟွန်းတစ်ယောက်ထဲ။သို့သော် မိဘများ သဘောမကျသည့်ကြားမှပင်
ရှင်းဂျူက မောင်ဖြစ်သည့် အိုဆယ်ဟွန်းကို အမြဲ
ခိုးဆက်သွယ်၊ ခိုးတွေ့ခဲ့၍ အခု ၂၃ နှစ်အရွယ်ထိ သူတို့
အဆက်အသွယ်မပြတ်ခဲ့ကြခြင်းပင်။၂၃ နှစ် အရွယ်တွင် အိုဆယ်ဟွန်းက
Club များ bar များတွင် တီးရသော ၊
နာမည်အသင့်အတင့်ရှိသည့်
Band တစ်ခု ရဲ့ Guitarist တစ်ယောက်အဖြစ်
ရှိနေခဲ့ပြီး အိုရှင်းဂျူကတော့ မွေးစား
မိဘလက်အောက်မှ မလွတ်လပ်သေးသော
လှောင်အိမ်ထဲက ငှက်ငယ်အဖြစ်သာ ရှိသေး၏။ဖုန်းထဲမှ..ရှင်းဂျူရဲ့ ငိုသံက သူ့စိတ်ကို
မသက်မသာဖြစ်လာစေ၍..ဆယ်ဟွန်း
ကျစ်ခနဲ စုတ်သပ်လ်ုက်ပြီးမှ.."ရှင်းဂျူ မငိုနဲ့ကွာ..ငါ စဉ်းစားကြည့်ပါဦးမယ်.."
ဆယ်ဟွန်းဆိုတာ ငယ်ငယ်ကတည်းက ဒီလို လူမျိုး။
အစ်မဖြစ်သူ မျက်နှာတစ်ချက်ပျက်တာနဲ့ မနေတတ်ခဲ့ ..။