4

3.6K 338 29
                                    


"မလိုက်ချင်ပါဘူးဆိုဗျာ ..ကျွန်တော်ပြောနေတယ်လေ"

"ကိုယ့်ဘက်ကလည်း အလျှော့မပေးနိုင်ဘူး ဆယ်ဟွန်း။
မင်းကိုယ်နဲ့ အဲ့ဒီပွဲတက်ပေးရမယ်"

ဆယ်ဟွန်းက ကျစ်ခနဲ စုတ်သပ်ကာ
လက်ထဲက Guitar ကို ထိုင်နေသည့်
ဆိုဖာပေါ် အနည်းငယ်ဆောင့်ချ ပစ်လိုက်သည်။

ဆယ်ဟွန်း စိတ်တိုနေသလိုမျိုးပဲ သူနဲ့မျက်နှာချင်းဆိုင်က
ဆိုဖာမှာထိုင်နေသည့် ဂျုံအင့်ရဲ့ မျက်နှာကလည်း
ခပ်တည်တည်။

~

ဆယ်ဟွန်း အပြင်က ပြန်ရောက်ရောက်ချင်း
ဂျုံအင်နဲ့အတူ ထမင်းစားပြီး ဧည့်ခန်းထဲတွင်
အေးအေးလူလူထိုင်နေရာမှ ဖြစ်လာသည့်
ကတောက်ကဆပင်။

အကြောင်းအရင်းကား မနက်ဖြန်ညမှာ လုပ်ရမယ့်
လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမည့်
ညစာစားပွဲတစ်ခုကို ဆယ်ဟွန်းကို
ကြိုတင်သတိပေးထားခြင်းမျိုးလည်း မရှိဘဲ လိုက်ကို
လိုက်ရမည်ဆိုသည့် သဘောဖြင့် ဂျုံအင်က
အမိန့်ဆန်ဆန်ပြောလာခြင်းကြောင့်ပင်။

မသိတဲ့လူနဲ့ တွေ့ရ၊ စကားပြောရပြီး စိတ်ထဲက မပါလည်း
ပြုံးပြနေရမည့် ကိစ္စကို ဆယ်ဟွန်း လုံးဝစိတ်မဝင်စားပါ။
ဒါကို ဂျုံအင်က သူ့ဘက်ကို တစ်ချက်မတွေးဘဲ
သူဖြစ်ချင်တာကိုသာ အမိန့်တစ်ခုလို စေခိုင်းလာသည့်
အခါမှာတော့ ဆယ်ဟွန်း စိတ်တို လာခြင်းပင်။

"ခင်ဗျားဘာဖြစ်ချင်နေတာလဲ Kim Jongin
ကျွန်တော် ခင်ဗျားကို အစကတည်းက ပြောပြီးသားပါ။
ခင်ဗျားနဲ့ ကျွန်တော့်ရဲ့ ကိစ္စကို ခင်ဗျားမိသားစုကလွဲပြီး
ပေးသိဖို့မလိုဘူး။"

"ကိုယ်လည်း အချိန်မကျသေးဘူးလို့ ထင်လို့
media တွေကိုမပြောနဲ့ ကိုယ့် ရုံးက လူတွေကိုတောင်
ပေးမသိထားဘူး ဆယ်ဟွန်း။ အခု ပွဲကို လိုက်ပေးရမှာကလည်းကိုယ့် partner တစ်ယောက်အနေနဲ့ပဲ ။
မင်းဒါလေးတောင် လက်မခံပေးနိုင်ဘူးလား"

"လက်မခံဘူး။ကျွန်တော် စိတ်မဝင်စားတဲ့ကိစ္စကို
ဘာလို့ ခင်ဗျားကို လုပ်ပေးရမှာလဲ"

"ဆယ်ဟွန်း"

ဂျုံအင်က တစ်ချက် လေသံမာသွားခဲ့ပြီးမှ
စိတ်လျှော့သည့် ပုံဖြင့် သက်ပြင်းတစ်ချက်
ချလိုက်သည်။

Mr.Kim?   He's my Husband !!Donde viven las historias. Descúbrelo ahora