<< Nothing Gonna Stop Us Now >>
မြင်လား? မင်းနဲ့မှ ခံစားမိတဲ့ ကိုယ့်နှလုံးသားထဲက ဒီအချစ်တွေကိုလေ
ကင်မ်ဂျွန်ဂယူ
ကိုယ်တို့ ရူးတယ်လို့ လူတွေပြောချင်ပြောကြပါစေ
ဂရုမစိုက်ဘူး... ကိုယ့်လက်ကိုယုံယုံကြည်ကြည်ဆုပ်ကိုင်လို့ နောက်ပြန်မလှည့်ဘူးဆို
ဘယ်အရာကများ ကိုယ်တို့ကို တားဆီးနိုင်မှာတဲ့လဲဟရူတို
___________________
နောက်ဆုံးပေါ် ကားအဖြူရောင်လေးဟာ အရှိန်ပြင်းပြင်းဖြင့် လမ်းမ ကျယ်ထက် မောင်းနှင်နေဆဲ ။ လမ်းအကွေ့ တစ်ခုရောက်တဲ့အခါမှာတော့ ရုပ်ရှင်ဆန်ဆန် ကောင်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရသည် ။ ဘရိတ်ကို ရုတ်တရက် စောင့်အုပ်လိုက်ရတဲ့ သူနဲ့ အလန့်တကြား မျက်လုံးတွေတင်းတင်းမှိတ်ကာ နားနှစ်ဖက်ကို အုပ်လို့ ထိုင်ချပစ်လိုက်တဲ့ ကောင်လေး၊ အရမ်းကြောက်ရွံ့သွားပုံရတဲ့ကောင်လေးက ထိုင်ရက်သားလေးပဲရှိနေသေးတာ ကြောင့် ပါးချိုင့်တွေနစ်၀င်တဲ့ အထိ ရယ်လိုက်မိသည် ။ သူက ကားပေါ်ကဆင်းရအုံးမည်ဖြစ်သည် ။
" ဟေး ! အဆင်ပြေရဲ့လား? "
သူ့အသံကြားတော့ မော့ကြည့်လာတဲ့ ကောင်လေးက မျက်လုံးထဲမှာ အရည်ကြည်တို့ ဖုံးလွှမ်းနေသည် ။
" ဟုတ် ဟုတ် ကျွန်တော်အဆင်ပြေပါတယ် "
အသံတွေတောင် တုန်ပြီးထိတ်လန့်နေတာကို အဆင်ပြေတယ် ပြောလာတဲ့ကောင်လေး ကြောင့် တစ်ချက်ပြုံးလိုက်မိသေး ။
" ကိုယ်တော့ ဘေဘီအဆင်ပြေနေတယ်လို့ မထင်ဘူး"
ထိုစကားအဆုံး တအံတသြ ဖြစ်သွားတဲ့ကောင်လေး ၊နဖူးပေါ်၀ဲကျနေတဲ့ ဆံသားလေးတွေက လေအေးအေးလေးရဲ့ ပယောဂကြောင့် လှုပ်ရှားနေသည် ။ ဘာကိုမှ နားမလည်ဖြစ်နေတဲ့ မျက်၀န်းလေးတွေကလဲ ဆွဲဆောင်မှုရှိနေပြန်ရော ၊ v shape သဏ္ဌာန် မေးရိုးထင်းထင်းနဲ့ ကလေးသာသာ မျက်နှာလေးက လဲ ချစ်ဖို့ကောင်းသည် ။
" ကိုယ့်ရဲ့ ကောင်လေး လုပ်မလား? "
သူရဲ့စကားအဆုံး အံ့သြမှုအမူအယာနှင့်အတူ ဖွင့်ဟသွားတဲ့ နှုတ်ခမ်း ထူထူလေး ။အခုထိ ငုပ်တုပ်ထိုင် အနေအထားဖြစ်နေတာကြောင့် အပြုံးလေးဖန်တီးလို့ လက်တစ်ဖက်ကို ကမ်းပေးမိသည် ။ သူကမ်းပေးတဲ့ လက်ကို မဆုပ်ကိုင်ပဲ သူ့ဟာသူ ကုန်းထကာ ဖုတ်ဖက်ခါနေတဲ့ကောင်လေး ။ အရပ်ကတော့ သူ့ထက်ရှည်သား ~
YOU ARE READING
Nothing Gonna Stop Us Now (Completed)
Fanfictionသိရဲ့သားနဲ့တောင် ချောင်းကြည့်ချင်သေးတာလား? ကျုပ် ရဲ့ နှလုံးသားကိုလေ "