𝐈𝐜𝐞-𝐜𝐫𝐞𝐚𝐦

385 49 6
                                    

အဲဒီနေ့တုန်းကသာ ဂျောင်ဟွမ်းတစ်ယောက်ရေခဲမုန့်မစားဖြစ်ခဲ့ရင် ဒီဇာတ်လမ်းလေးက ဘယ်လိုပုံစံမျိုးများပြောင်းလဲသွားလောက်မလဲ??

>>>>>>>>>

ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်။ ပြီးတော့ ကျောင်းရဲ့ဆရာတွေလည်းမနိုင်၊ ဘယ်သူမှလည်းမနိုင်တဲ့ လူမိုက်ကျောင်းသားအုပ်စု။ ကောင်မလေးကို လူမိုက်အုပ်စုက အနိုင်ကျင့်ငွေတောင်းနေကြတာဖြစ်ပြီး ကောင်လေးကတော့ လူစွမ်းကောင်းလုပ်ပြီးဝင်ကယ်တဲ့ပုံပဲ။

အနေအထားကိုကြည့်လိုက်ရုံနဲ့ ဘယ်သူကဘာဖြစ်သွားနိုင်တယ်ဆိုတာကအသိသာကြီး။ ဒါပေမယ့် ကောင်လေးကတော့ သူများကိုကူညီဖို့ပဲခေါင်းထဲရောက်နေပြီး ကိုယ့်အန္တရာယ်တော့ကိုယ်မြင်ပုံမရဘူး။

ကောင်လေးနဲ့လူမိုက်တွေ အချင်းများနေတဲ့အချိန်မှာ ကောင်မလေးကအလျင်အမြန်ပဲထွက်ပြေးသွားတယ်။ ခုတော့ အဲဒီကောင်လေးဘာဆက်လုပ်တော့မယ်မသိ။ လူမိုက်တွေကလည်း သူ့ကိုတစ်စစီလုပ်ဖို့ ဟန်ပြင်နေကြပြီ။ အဲဒီတော့မှ တစ်စုံတစ်ခုသောအကူအညီကို မျှော်လင့်နေတဲ့မျက်ဝန်းတွေနဲ့ ဟိုဟိုဒီဒီကိုပြူးပြူးပြာပြာကြည့်ရင်း ဗျာများနေရှာတယ်။

ဒီမြင်ကွင်းကို ခပ်လှမ်းလှမ်းအကွာအဝေးတစ်ခုကနေ ကျောပိုးအိတ်ကို တစ်ဖက်တည်းလျော့တိလျော့ရဲလွယ်ရင်း မျက်လုံးတွေကိုမှေးစင်းပြီး စိတ်ပျက်လက်ပျက်ပုံစံနဲ့စောင့်ကြည့်နေတဲ့သူက ဆိုဂျောင်ဟွမ်း။

ဂျောင်ဟွမ့်ကိုမြင်သွားတဲ့ကောင်လေးက လူမိုက်တွေကိုအရိပ်အခြည်ကြည့်ပြီး လစ်တာနဲ့တစ်ပြိုင်နက်တစ်ရှိန်ထိုးဆိုသလိုပဲ ဂျောင်ဟွမ်းရှိနေတဲ့ဆီကိုပြေးဝင်လာတယ်။ ဂျောင်ဟွမ်းက သောက်လက်စဆေးလိပ်ကိုမြေကြီးပေါ်နင်းခြေလိုက်ရင်း စုတ်တစ်ချက်သပ်လိုက်တယ်။

ရန်လည်းမဖြစ်တတ်ဘဲနဲ့ ပြဿနာရှာပြန်ပြီ။

ဒီလူမိုက်တွေလက်ကလွတ်အောင် ဉာဏ်နီဉာဏ်နက်တစ်ခုခုသုံးလောက်မယ်ဆိုတာကိုတော့သိပေမယ့် သုံးလိုက်တဲ့ဉာဏ်နီဉာဏ်နက်က သူ့ဆီကိုပြေးလာဖို့ဖြစ်မယ်လို့တော့ မထင်မှတ်ထားမိဘူး။

𝐈𝐜𝐞-𝐜𝐫𝐞𝐚𝐦 Where stories live. Discover now